မြန်မာ အစိုးရနှင့် တွေ့ဆုံရာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် အနေနှင့် ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာကိုလည်း အဓိကထည့်သွင်းဆွေးနွေးရန် အမေရိကန်နိုင်ငံမှ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် (USCIRF) က တိုက်တွန်း လိုက်သည်။ မြန်မာပြည်တွင်းရှိ တိုင်းရင်းသား လူနည်းစုများအပေါ် ဘာသာရေးအရ ဖိနှိပ်မှုများ အဆုံးသတ်၍ ဘာသာရေးလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးဆိုင်ရာများ တိုးတက်လာစေရေး ဆောင်ရွက်ရန် မစ္စ ဟီလာရီ ထံသို့ တနလာၤ နေ့တွင် USCIRF က စာတစောင်ပေးပို့၍ တိုက်တွန်းထားခြင်းဖြစ်သည်။ ယင်းစာတွင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် နှင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန်အတွက် မြန်မာအစိုးရကို ဖိအားပေးရန်လည်း ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။