Christian Solidarity Worldwide (CSW) က လာမည့်လအတွင်း မြန်မာပြည်သို့ သွားရောက်မည့် ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ်ထံသို့ မြန်မာ့အရေးနှင့် ပတ်သက်၍ တိုက်တွန်းစာတစောင် ပေးပို့လိုက်သည်။ ယင်းစာတွင် မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားများကို တိုက်ခိုက်နေမှု ရပ်တန့်ရန်၊ တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ဒီမိုကရေစီလှုပ်ရှားများအတွက် အဓိပ္ပာယ်ရှိသော တွေ့ဆုံဆွေးနွေးမှုများလုပ်ရန် ဝန်ကြီးအနေဖြင့် မြန်မာအစိုးရအား တိုက်တွန်းပေးရေးတို့ ပါဝင်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။