သမ္မတဦးသိန်းစိန်၏ အမိန်ဖြင့် အကျဉ်းသား ၆၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံပေးလိုက်ကြောင်း မြန်မာ့ ရုပ်မြင်သံကြားက ယနေ့ ညနေ ၆ နာရီသတင်းတွင် ကြေညာသွားသည်။ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ရေး အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားသော အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ပြီး နိုင်ငံတော် တည်ဆောက်ရေး တဘက်တလမ်းမှ အထောက်အပံံ့ ဖြစ်စေမည့် အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦး ကို ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဟု သတင်းတွင် ကြေညာခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂ရက်နေ့ကလည်း အကျဉ်းသားစုစုပေါင်း ၆၆၅၆ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ သေးသည်။ ထိုအထဲတွင် နိုင်ငံရေး အကျဉ်းသား ၃၅ ဦးသာပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။