ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)အား ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင် မှု ကော်မီတီ ဒု ဥက္ကဌ ဦးသိန်းဇော်က ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စာရေးကမ်းလှမ်းခဲ့ကြောင်း သိရသည်။ အစိုးရ၏ ကမ်းလှမ်းချက်အား ALP ပါတီက ကြိုဆိုကြောင်း၊ မကြာမီ အကြောင်းပြန်မည် ဖြစ်ကြောင်း နီးစပ်သူ တဦးကဆိုသည်။ ALP ၏ လက်အောက်တွင် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်(ALA)ရှိပြီး မြန်မာ-အိန္ဒိယ နယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ် စပ် တို့တွင် အခြေစိုက် လှှုပ်ရှားလျက် ရှိသည်။ ပြည်ပအခြေစိုက် ALP သည် ၁၉၇၃-၇၄ ခုနှစ် ဝန်းကျင်က ပါတီနှင့် တပ်မတော် ကို တပြိုင်တည်း တည်ထောင်ခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။