နိုင်ငံရေး ပါတီ နှစ်ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားခြင်းမှ ပယ်ဖျက်လိုက်သည်။ ယင်း ပါတီ များမှာ ဒီမိုကရက်တစ် မဟာမိတ် ပါတီ နှင့် ၈၈ – ပြည်သူ့အင်အားစု ပါတီတို့ ဖြစ်သည်။ ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အနည်းဆုံး မဲဆန္ဒနယ် ၃ နယ် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ မဝင်ရောက်နိုင်ခြင်းကြောင့် ပယ်ဖျက်လိုက်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။