မြန်မာနိုင်ငံသို့ မနက်ဖြန်တွင် လာရောက်မည့် ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်က အင်ဒိုနီးရှားနိုင်ငံတွင် ရောက်ရှိနေစဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ် ပြောင်းလဲနေမှုများကို ချီးမွမ်းပြောဆိုလိုက်သည်။ စီးပွားရေး လုပ်ငန်းရှင်ကြီးများ အတူပါဝင်မည့် သူ၏ခရီးစဉ်သည် မြန်မာ့ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ ကြားဖြတ်ရွေးကောက်ပွဲတွင် အများစု အနိုင်ရပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အနောက်နိုင်ငံ ခေါင်းဆောင်တဦး၏ သမိုင်းဝင် ခရီးစဉ်နှင့်ပတ်သက်၍ ဝေဖန်မှု အမျိုးမျိုးထွက်ပေါ်နေသည်။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို ချက်ခြင်း မရုပ်သိမ်းသေးဘဲ ဒဏ်ခတ်ပိတ်ဆို့မှု စတင်လုပ်ခဲ့သည့် စံချိန်စံညွန်းများ ပြည့်မီမှုအပေါ် မူတည်ပြီးသာ ရုပ်သိမ်းသင့်ကြောင်း ဝေဖန်မှုများလည်း ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။