မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍသည် အလားအလာများရှိသော်လည်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် ခေတ်မမီ သည့် ဥပဒေ စည်းမျဉ်းများ ရှိနေရဆဲ ဖြစ်၍ အခက်အခဲများစွာနှင့် ရင်ဆိုင်ရနိုင်ကြောင်း ထိုင်း နိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့(ATTA)က ထိုင်း ဟိုတယ်လုပ်ငန်းရှင်များကို သတိပေး လိုက်သည်။ လတ်တလောတွင်လည်း ရန်ကုန်နှင့်မန္တလေးတွင် လျှပ်စစ်မီး ပုံမှန်ရရှိရေး အတွက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည်။ ထိုင်းနိုင်ငံသည် စင်္ကာပူပြီးလျှင် မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်း တွင် ဒုတိယ အများဆုံး ရင်းနှီး မြှုပ်နှံထားကြောင်း၊ ထိုင်း ဟိုတယ် လုပ်ငန်းရှင်များက မြန်မာနိုင်ငံရှိ Andaman Club, Kandawgyi Palace, Nikko (Chatrium), Mandalay Hill, Pearl Laguna စသည့် ဟိုတယ်များ အပါအဝင် ဟိုတယ် လုပ်ငန်း ၁၁ ခု ၌ အမေရိကန် ဒေါ်လာ သန်း ၂၆၀ ကျော် ရင်းနှီး မြှုပ်နှံရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့က ပြောဆိုသည် ဟု The Nation သတင်းတွင် ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။