သတင်းတို
ရခိုင်ရှိ ဘင်္ဂါလီ ဒုက္ခသည်များကို ကူညီရန် OIC ပြော
This article has been converted from Zawgyi One to Unicode
အစ္စလမ် ဘာသာရေး အဖွဲ့တဖွဲ့ဖြစ်သည့် Organisation of Islamic Cooperation(OIC) အဖွဲ့က ရခိုင်ပြည်နယ်ရှိ မွတ်စလင် ဘင်္ဂါလီ ဒုက္ခသည်များအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများပေးရန် နိုင်ငံတကာ မွတ်စလင် အသိုင်းအဝိုင်းကို ယမန်နေ့က ပြောဆို လိုက်သည်။ OIC သည် သြဂုတ်လ ၃ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ယင်း အကူအညီ ပေးရေးနှင့် ပတ်သက်ပြီး အစည်းအဝေး တရပ်ကျင်းပရန်ရှိပြီး သြဂုတ် ၁၄ ရက် ၊ ၁၅ ရက်တွင်လည်း ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာ ၌ ထပ်မံဆွေးနွေးရန်ရှိကြောင်း Reuters သတင်းက ရေးသားသည်။ OIC က ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး လေ့လာ စုံစမ်း ရေး ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်ရန် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက စီစဉ်ခဲ့သေးသည်။