မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရက ဒဏ်ခတ်ထားသော ဘဏ္ဍာရေး အကူအညီ ကန့်သတ်မှု ပြန်လည် ဖြေလျှော့ပေးရေး ဥပဒေ မူကြမ်းကို အမေရိကန် အောက်လွှတ်တော်က ထောက်ခံလိုက်ပြီ ဖြစ်ကြောင်း သတင်းရသည်။ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ် (ADB)နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) တို့မှ တဆင့် မြန်မာနိုင်ငံကို ဘဏ္ဍာရေး အကူအညီများ ပေးလာ ဖွယ်ရှိကြောင်း AP သတင်း၌ ဖော်ပြသည်။ သို့သော် ယင်း ဘဏ္ဍာရေး ကန့်သတ်မှု ဖြေလျှော့ရေး ဥပဒေကြမ်းကို အထက် လွှတ်တော်က အတည် ပြုရန် လိုသေးသည်။ ၁၉၉၇ ခုနှစ်မှ စတင်၍ အမေရိကန်က ယခင် စစ်အစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်ခြင်းနှင့် စီးပွားရေး ဒဏ်ခတ်အရေးယူမှုများ လုပ်ဆောင်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။