အမေရိကန် စစ်တပ်မှ ပစိဖိတ် ဒေသဆိုင်ရာ စစ်အရာရှိ ဒု ဗိုလ်ချုပ်ကြီး Francis Wiercinski ဦးဆောင်ပြီး အရပ်ဘက် အရာရှိများနှင့် ဝါရင့် စစ်အရာရှိများ ပါဝင်သော လူဦး ရေ ၃၀ ခန့်ရှိ ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။ ယင်းအဖွဲ့သည် မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသော တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ အကူအညီများပေးရန် ဖြစ်ကြောင်း၊ မြန်မာ စစ်တပ်နှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်များပြုလုပ်ရန် ဖြစ်ကြောင်း Financial Times သတင်းတွင် ယမန်နေ့က ဖော်ပြထားသည်။ ယခု ခရီးစဉ်သည် ပြီးခဲ့သည့် လ က သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ၏ အမေရိကန် ခရီးစဉ် အောင်မြင်မှုနှင့် ဆက်စပ်ကြောင်း သိရသည်။ စက်တင်ဘာလ အတွင်းကလည်း မြန်မာစစ်တပ်နှင့် စစ်ရေးပူးပေါင်းရန်အတွက် မြန်မာ စစ်အရာရှိများကို အမေရိကန်က သင်တန်း ပေးမည်ဟူသော သတင်းလည်း ထွက်ပေါ်ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။