လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေသော သပိတ်စခန်းများကို အာဏာပိုင်များက ယနေ့နံနက် ၃ နာရီခန့်တွင် အကြမ်းဖက် ဖြိုခွဲခဲ့သဖြင့် သပိတ်စခန်းများအတွင်းရှိ သံဃာတော် အပါး ၂၀ ကျော်နှင့် လူပုဂ္ဂိုလ်တချို့ မီးလောင်ဒဏ်ရာများဖြင့် မုံရွာဆေးရုံကြီးတွင် ဆေးကုသခံယူလျက် ရှိကြောင်း သတင်းရရှိသည်။ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသည့် သံဃာတော်များကို မန္တလေးဆေးရုံကြီးသို့ NLD ပါတီ၏ အကူအညီဖြင့် ပို့ဆောင်ကုသလျက်ရှိသည်။ ယခုကဲ့သို့ သံဃာတော်များကို အကြမ်းဖက်ဖြိုခွဲခြင်းသည် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပထမဆုံးဖြစ်သည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေသို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့သွားရောက်နေပြီး ပြည်သူများနှင့် မတွေ့ဆုံမီ မီးလောင်ဒဏ်ရာရသူများကို ဦးစွာ သွားရောက်တွေ့ဆုံမည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။