သတင်းတို

7-Eleven သက်သာစတိုးဆိုင်များ မြန်မာပြည်မှာ ဖွင့်မည်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ၏ အကြီးဆုံး သက်သာ စတိုးဆိုင်များ တည်ထောင်ရေး ကုမ္ပဏီ CP All က ကြီးထွားလာနေသော ဈေးကွက်၏ တောင်းဆိုချက်ကြောင့် မြန်မာ၊ လာအိုနှင့် ကမ်ဘောဒီးယားနိုင်ငံများတွင် 7-Eleven သက်သာစတိုးဆိုင်များ ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း ရိုက်တာသတင်းဌာနက ရေးသားထားသည်။ CP All ကို ထိုင်းတွင် အချမ်းသာဆုံး သူဌေးကြီး ထာ့နင်ချီရာဗာနွတ်က ထိန်းချုပ်ထားပြီး မြန်မာနိုင်ငံတွင်လည်း ကြက် ဝက် မွေးမြူရေးနှင့် အစာသွပ်လုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံထားသည်။
Loading