တအိမ်ထောင် ကလေး ၂ ယောက် အမိန့် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီ(မွတ်စလင်)များအား တအိမ်ထောင် ကလေး နှစ်ယောက်ထက် ပိုမယူရန် ပြည်နယ် အာဏာပိုင်အဖွဲ့က အမိန့် ထုတ်ပြန်ခြင်း အပေါ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေးနှင့် ကိုက်ညီမှုမရှိကြောင်း ဝေဖန်ပြောကြား လိုက်သည်။ ယမန်နေ့က ကျင်းပသော NLD ဗဟို ကော်မတီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက ဘူးသီးတောင် မောင်တောရှိ မွတ်စလင်များ သားသမီး ၂ ယောက်ထက် ပိုမယူရန် အာဏာပိုင်များ၏ တားမြစ်ချက်နှင့် ပတ် သက်ပြီး မေးမြန်းရာတွင် ယင်းကိစ္စသာ မှန်ကန်ပါက ဥပဒေ ချိုးဖောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစကြောင်း ဒေါ်အောင် ဆန်း စုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သော ရခိုင်အရေး စုံစမ်းစစ်ဆေးရေး ကော် မရှင်၏ အစီရင်ခံစာအရ ယင်း အမိန့်ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ ဘင်္ဂါလီ ကလေးမွေးဖွားနှုန်း ထိန်းရန်အတွက် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များက ဒီအမိန့် ထုတ်ခြင်းဖြစ်ကြောင်း၊ မောင်းတောခရိုင်ထဲက မွတ်စလင် ၈၀ ရာခိုင်နှုန်းကျော် ရှိသည့် ဘူးသီးတောင်မြို့နှင့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲများတွင်လည်း ယင်း ဒေသန္တရအမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။