ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ၂၀၁၂ ခု ဇွန် ၈ ရက်က အဓိကရုဏ်းများ စတင်ပြီးနောက် ထုတ်ပြန်ထားသော ဒေသန္တရ အမိန့် ပုဒ်မ ၁၄၄ ည မထွက်ရ အမိန့်ကို တနှစ်ပြည့်သည့် ယခုလ ၈ ရက်နေ့က ၂ လ ထပ်တိုးလိုက်ကြောင်း သိရသည်။ ထိုသို့ ရက် တိုးလိုက်သော်လည်း ယခင်က ည ၁၀ နာရီမှ နံနက် ၅ နာရီအတွင်း သတ်မှတ်ထားရာမှ ယခု ည ၁၁ နာရီမှ နံနက် ၄ နာရီ သို့ အချိန် လျှော့ချ သတ်မှတ်လိုက်ကြောင်း မောင်တော ခရိုင်မှူးရုံး ဝန်ထမ်း တဦးက ပြောသည်။ ယင်းအမိန့်ကို ၂ လတကြိမ် တိုးချဲ့ ထုတ်ပြန်ခဲ့ရာ ယခု တကြိမ်သည် ၆ ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။