ထားဝယ် အထူး စီးပွားရေးဇုန် နှင့် ဆက်စပ် စီမံကိန်းများ စတင်နိုင်ရန် ဂျပန်နိုင်ငံ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် တရားဝင် ဖိတ်ခေါ်ကြောင်း သိရသည်။ ဇွန်လ ၁၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ထားဝယ် အထူးစီးပွားရေး ဇုန် နှင့် ဆက်စပ် စီမံကိန်း ဧရိယာ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဒု အကြိမ် မြန်မာ-ထိုင်း အဆင့်မြင့် ကော်မတီ အစည်း အဝေး၌ ဒု သမ္မတ ဦးဉာဏ်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။ ထားဝယ် အထူး စီးပွားရေးဇုန် ဖွံ့ဖြိုးရေး အတွက် ဂျပန်နိုင်ငံကို မဟာဗျူဟာ ကျသည့် မိတ်ဖက်နိုင်ငံအဖြစ် မြန်မာနှင့် ထိုင်းနိုင်ငံတို့က ဖိတ်ကြားခြင်း ဖြစ် ကြောင်း သိရသည်။ ဦးဉာဏ်ထွန်း သည် ထားဝယ် အထူးစီးပွားရေး ဇုန် နှင့် ဆက်စပ်စီမံကိန်း ဧရိယာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မြန်မာ-ထိုင်း အဆင့်မြင့် ကော်မတီ ၏ ဥက္ကဌ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။