လာဘ်ပေး လာဘ်ယူများနှင့် ပတ်သက်ပြီး တိုင်ကြားနိုင်ကြောင်း သမ္မတ ရုံး ဝက်ဘ်ဆိုက်တွင် ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာ သည်။ တိုင်ကြားလိုသူသည် နိုင်ငံသား စိစစ်ရေး ကတ်အမှတ်၊ နေရပ် လိပ်စာ အပြည့်အစုံနှင့် ခိုင်လုံသော အထောက်အထားများ အပြည့်အစုံ ဖော်ပြပြီး လာဘ်ပေး လာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ၊ နိုင်ငံတော် သမ္မတရုံး ရုံးအမှတ် (၁၈) နေပြည်တော် သို့ လိပ်မူ၍ ပေးပို့ တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။ အထောက်အထား ပြည့်စုံသည့် တိုင်ကြားစာများကို လိုအပ် သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ မှန်ကန်မှုရှိပါက ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။