သတင်း

၈ လေးလုံး ၂၅ နှစ်ပြည့်အခမ်းအနား ပထမဆုံး တရားဝင်ကျင်းပ

This article has been converted from Zawgyi One to Unicode

Warning: Illegal string offset 'sizes' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455

Warning: Illegal string offset 'medium_large' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455

Warning: Illegal string offset 'caption' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455

Warning: Illegal string offset 'sizes' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460

Warning: Illegal string offset 'xlarge' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460

Warning: Illegal string offset 'caption' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460

Warning: Illegal string offset 'sizes' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461

Warning: Illegal string offset 'thumbnail' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461

Warning: Illegal string offset 'caption' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461

အရပ်သား အစိုးရ လက်ထပ်တွင် ၁၉၈၈ ခုနှစ် လူထု အရေးတော်ပုံနှင့် ပတ်သက်ပြီး ပထမဦးဆုံး ပြည်တွင်းတွင် တရားဝင် ကျင်းပသည့် ၂၅ နှစ်မြောက် ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားကို ယနေ့တွင် စတင်ခဲ့ရာ တိုင်းရင်းသား အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ပြည်ပရောက် ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ ပြည်နယ်နှင့် တိုင်းများမှ ဒီမိုကရေစီ အရေး လှုပ်ရှားသူများ၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူတချို့ အပါအဝင် လူအင်အား ၂ ထောင်ကျော် တက်ရောက် ခဲ့ကြသည်။

ယခုကဲ့သို့သော အခမ်းအနား ကျင်းပခွင့် ရရှိလာခြင်းနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် အတိုင်းအတာ တခုအထိ အသိအမှတ် ပြုပေးသည့် သဘောမျိုးရှိသည်ဟု တက်ရောက်သူများက ယူဆပြီး ၈ လေးလုံး အရေးတော်ပုံတွင် နစ်နာဆုံးရှုံးခဲ့ရသော အညတရ သူရဲကောင်းများ အတွက် ရည်ရွယ်၍ အထူးတလည် ဂုဏ်ပြု ကျင်းပရခြင်း ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က အဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

လွန်ခဲ့သော ၂၅ နှစ်တာ နီးပါးက ၈ လေးလုံး အရေးတော်ပုံနှင့် ပက်သက်ပြီး စစ်အစိုးရ၏ သတင်းစာများတွင် ဆူပူမှု၊ အကြမ်း ဖက်မှု၊ မင်းမဲ့စရိုက်၊ အရေးအခင်း စသော စကားလုံးများဖြင့် နာမည်မျိုးစုံ တပ်ပြီး ပုံဖျက်ခံ ခဲ့ရကြောင်း၊ ၈ လေးလုံး အရေး တော်ပုံသည် တစုံတယောက်၏ အားနှင့်၊ အဖွဲ့အစည်း ၁ ခု၏ အားနှင့် ဖြစ်လာခြင်းမဟုတ်ဘဲ ပြည်ထောင်စု တဝှမ်းလုံးမှ
တိုင်းရင်းသားများ အပါအဝင် ရဟန်းရှင်လူ ပြည်သူအားလုံး ပါဝင်ဆင်နွှဲခဲ့သောကြောင့် အားလုံးပိုင်သော အရေးတော်ပုံ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အညတရတွေက အကြောင်းကြောင်းကြောင့် နာမည်ထင်ရှားမှု မရလိုက်တာတွေ အများကြီးပါ။ သူတို့ရဲ့ နာမည်လေးကို တချိန်ချိန်မှာ ကမ္ပည်းထိုး ပေးဖို့တောင် မရလိုက်ပါဘူး။ သူတို့အတွက် တတ်နိုင်သမျှ အင်အားစုတွေ စုပြီး အမျှအတမ်း ဝေပါ့ မယ်။ အဲဒီမှာ တကယ်လို့ လိုအပ်ချက်တွေ ရှိနေရင် ကျဆုံးခဲ့တဲ့ လူတွေရဲ့ စာရင်းကို ဝိုင်းပြုစုပေးဖို့ မေတ္တာ ရပ်ခံပါတယ်။ ဒီပွဲက အတိတ်မှာ ပြည်သူတွေ ဘယ်လို ဆုံးပါးခဲ့ရသလဲ၊ ဘယ်လို ပေးဆပ်ခဲ့ရတယ်၊ ၈ လေးလုံးကို ဝိုးတဝါး ဖြစ်နေတဲ့၊ အကျအန မသိသေးတဲ့ နောင်မျိုးဆက်တွေ အတွက်ပါ” ဟု သူက ဆိုသည်။

ယခုကဲ့သို့ ငွေရတုအခမ်းအနား ကျင်းပခြင်းသည် အောင်ပွဲခံနေခြင်း မဟုတ်ကြောင်း၊ ၂၅ နှစ်တာ ကာလအတွင်း ပြည်သူ ထောင်ပေါင်း များစွာ အသက်ပေးခဲ့ရသည့် အတွက် အလွန်အရေးပါသော နေ့တနေ့ ဖြစ်ကြောင်း၊ ပုံဖျက်ခဲ့သော သမိုင်းကို ကမ္ဘာက သိစေရန် ပြသခြင်းဖြစ်ကြောင်း၊ မြန်မာပြည်သူပြည်သား အားလုံး၏ လူ့ဂုဏ်သိက္ခာနှင့် လူ့တန်ဖိုးအတွက် ဖြစ်ခဲ့ သည်ကို ကမ္ပည်းတင်ပါကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ဆိုသည်။

ယခုကဲ့သို့ ၈ လေးလုံး အရေးတော်ပုံနှင့် ပက်သက်ပြီး ကျင်းပသော ပွဲမျိုး ဖြစ်သင့်သည်မှာ ကြာပြီဖြစ်ကြောင်း၊ လက်ရှိ အစိုးရ အနေဖြင့် သဘောထားပြောင်းလဲပြီး ကျင်းပခွင့်ပြုခဲ့ခြင်းကို ကျေးဇူးတင်သည်ဟု ပြောချင်ကြောင်း၊ နောင်လာနောက်သား များအနေဖြင့် ခေတ်အဆက်ဆက် ဒုက္ခရောက်ခဲ့ ကြရာ အာဏာရှင် လက်အောက်မှ ရုန်းထွက်လာသော နေ့တနေ့
ဖြစ်သောကြောင့် အသက်ပေးသွား သူများကို မမေ့အပ်ကြောင်း ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးက ဧရာဝတီသို့ ပြောသည်။

“၈ လေးလုံးနေ့က မမေ့သင့်၊ မမေ့ထိုက်တဲ့ နေ့တနေ့ထဲမှာ ပါပါတယ်။ အာဇာနည်နေ့ပြီးရင် ဒီနေ့က နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ ရဟန်းရှင်လူ ကျောင်းသားပြည်သူပေါင်း များစွာ အသက်ပေး စတေးခံခဲ့ရတဲ့ နေ့မျိုးပါ” ဟု ၎င်းက
ဆိုသည်။

ယခုအချိန်သည် တိုင်းပြည် အပြောင်းအလဲကို လုပ်ဆောင်နေသည့် အချိန် ဖြစ်သည့်အတွက် နိုင်ငံရေး ဖြစ်စဉ်များတွင် အားလုံး ပါဝင်ခွင့် ရှိရမည်ဖြစ်ကြောင်း၊ ၈ လေးလုံး ကာလတွင် ဖြတ်သန်းခဲ့ကြသူများ အားလုံးလည်း ယခုဖြစ်စဉ်များတွင်
ပါဝင်ခွင့် ရှိရမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့သော အခမ်းအနားမျိုး ကျင်းပခွင့် ရလာသည့်အတွက် နောင် ဆက်လုပ်ရမည့် ကိစ္စရပ်များအပေါ် အခြေအနေ ကောင်းများ ရလာမည် ဖြစ်ကြောင်း၊ ယမန်နှစ် မန္တလေးတွင် ကျင်းပသော ၈ လေးလုံးပွဲတွင် အစိုးရဘက်မှ ပုဂ္ဂိုလ်များ ငွေလာရောက် လှူဒါန်းခဲ့ပြီး ယခုကဲ့သို့သော ပွဲမျိုးတွင် တက်ရောက် လာသည်ကို ကြည့်ခြင်းအားဖြင့် အသိအမှတ် ပြုရာ ရောက်ကြောင်း ၎င်းက ဆက်ပြောသည်။

“မနေ့ကအထိ အခမ်းအနား စကားလုံး အသုံးပြုပုံတွေနဲ့ အစိုးရဘက်က စိုးရိမ်နေတဲ့ပုံစံတွေ ကြားခဲ့ရတယ်။ ညနေပိုင်း လောက်မှ အခမ်းအနားအတွက် အားလုံး အဆင်ပြေသွားတယ်။ ကျနော်တို့က လွှတ်တော်၊ အစိုးရကိုရော ဖိတ်ထားတယ်။ သူတို့ဘက်က လာတက်ဖို့ အခြေအနေ ရှိတယ်လို့လည်း ကြားထားတယ်။ ဒီပွဲမှာ သူတို့အပြင်၊ ပြည်သူပြည်သား အားလုံး တက်နိုင်အောင် ဖန်းတီးပေးထားတာ ဖြစ်တဲ့အတွက် လာမယ်၊ မလာဘူး ဆိုတာကတော့ ဖိတ်ကြားခံရသူတွေရဲ့ ရွေးချယ် ခွင့်ပါပဲ” ဟု ၎င်းက ဆိုသည်။

ယနေ့စတင် ကျင်းပသည့် ၂၅ နှစ်မြောက် ငွေရတု ၈ လေးလုံး အရေးတော်ပုံ အခမ်းအနားတွင် နံနက်ပိုင်း၌ ၈ လေးလုံး အထိမ်းအမှတ် ရုပ်သံ မှတ်တမ်း ပြသခဲ့ပြီး နေ့လယ်ပိုင်းတွင် (၁) အပစ်အခတ်ရပ်စဲရေး၊ တိုင်းရင်းသား အရေးနှင့်
ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်၊ (၂) လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု၊ (၃) အနာဂတ် ပြည်ထောင်စု၊ (၄) စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ (၅) မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီ အင်အားစုများ၏ အခန်းကဏ္ဍ၊ (၆) တိုင်းပြည်ပြန်လည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသော ခေါင်းစဉ် ၆ ခုဖြင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

ထို့အပြင် သြဂုတ်လ ၇ ရက်နေ့တွင် အဆိုပါ ဆွေးနွေးပွဲမှ အတည်ပြု မှတ်တမ်းများ ရယူမည်ဖြစ်ပြီး နိုင်ငံတော်အတွက် ဒီမိုကရေစီ အရေးနှင့် ပက်သက်ပြီး ရှေ့ဆက်ရမည့် လမ်းပြမြေပုံ ထွက်ရှိလာနိုင်မည်ဟု ယူဆကြောင်း ကိုဌေးကြွယ်က ဆိုသည်။

၈ လေးလုံး အထိမ်းအမှတ်နေ့ ကျရောက်မည့် သြဂုတ်လ ၈ ရက်နေ့တွင် ဒီမိုကရေစီ အရေးတော်ပုံ တိုက်ပွဲတလျှောက် ကျဆုံးခဲ့ကြသော သူရဲကောင်းများကို ရည်မှန်းပြီး သံဃာတော်များကို ဆွမ်းကပ် အမျှဝေမည်ဖြစ်ကာ ၈ လေးလုံး ပြည့်သူ့ အရေးတော်ပုံ သရုပ်ဖော်မှု များကိုလည်း အနုပညာရှင်များ၊ ကျောင်းသား လူငယ်များနှင့် တင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပမည့် ပွဲသို့ ပြည်သူလူထုအားလုံး ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆင်နွှဲနိုင်ရန် စီစဉ် ထားကြောင်း၊ ပြည်သူလူထုကလည်း သွားရောက်ရန် စိတ်ဝင်စားနေကြသည်။

၈ လေးလုံး ငွေရတု အထိမ်းအမှတ်နှင့် ပက်သက်ပြီး ရန်ကုန်မြို့တွင်သာ မက မန္တလေးနှင့် တချို့သော တိုင်းနှင့် ပြည်နယ် အသီးသီးတွင်လည်း အထိမ်းအမှတ်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Loading