သတင်းတို
ထားဝယ် အထူးစီးပွားရေးဇုန် အတွက် မြန်မာ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့ ဆွေးနွေးမည်
This article has been converted from Zawgyi One to Unicode
တနင်္သာရီတိုင်းဒေသကြီးတွင် အကောင်အထည်ဖော်မည့် ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ အကြို ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ ညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၆ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ မြန်မာ၊ထိုင်းနှင့် ဂျပန်နိုင်ငံတို့ပါဝင်သော ၃ ပွင့်ဆိုင် ဆွေးနွေးပွဲကို စက်တင်ဘာ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။