သတင်းတို
ရဲတပ်ဖွဲ့ အရည်အသွေး မြှင့်တင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် အမေရိကန်နှင့် မြန်မာပူးပေါင်းမည်
This article has been converted from Zawgyi One to Unicode
အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တားဆီး ထိန်းချုပ်ရေးနှင့် ရဲတပ်ဖွဲ့ဝင်များ အရည်အသွေး မြှင့်တင်ရေး တို့အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ၂ နိုင်ငံ ဝန်ကြီးအဆင့် သဘောတူညီချက်ကို ယခု စက်တင်ဘာလကုန်တွင် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြောဆိုကြောင်း ယနေ့ထုတ် 7 Day သတင်းစာ၌ ဖော်ပြထားသည်။