မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က အမျိုးသား လွှတ်တော်သို့ တင်ပြထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းနှင့် သတင်းမီဒီယာ ဥပဒေကြမ်း ပြင်ဆင်ချက် ၂၁ ချက်နှင့်ပတ်သက်၍ ယမန်နေ့က ပြုလုပ်သော ဥပဒေကြမ်း ကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးစိစစ်ခဲ့ကြသော်လည်း အပြီးသတ် ဆုံးဖြတ်နိုင်ခြင်း မရှိသေးဘဲ ပြည်သူ့လွှတ်တော် အားကစား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီက ပြန်လည်ညှိနှိုင်းရန် လိုအပ်သည့် အချက်များ ဖြည့်စွက်ပြီးမှသာ အစည်းအဝေး ဆက်လက်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်စာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။