နေပြည်တော် ကောင်စီ နယ်မြေအတွင်း ကျူးကျော် ဘုန်းကြီးကျောင်းများနှင့် ကျောင်းထိုင် သံဃာတချို့ကို ဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်လျက် ရှိကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ မတ်လ ၁၅ ရက်နေ့အထိ ကျူး ကျော်ကျောင်း ၂၁ ကျောင်း ကျန်ရှိနေပြီး တရားရင်ဆိုင်နေသည့် ကျောင်း ၃ ကျောင်းမှ သံဃာ ၃ ပါးအား သက်ဆိုင်ရာ တရားရုံးက လူဝတ်လဲစေကာ ထောင်ဒဏ် ၆ လစီ ကျခံရန် စီရင်ချက် ချခဲ့ကြောင်း၊ တရား ရင်ဆိုင်ဆဲ ၁၀ ကျောင်းမှ သံဃာများအား ဥပဒေနှင့် အညီ စီရင်ချက် ချမှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန် ၈ ကျောင်းမှ သံဃာများအား ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၅၁၂ အရ တရားခံပြေးအဖြစ် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ဇွန် ၁၀ ရက်နေ့တွင် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးချက်အရ အဆိုပါ နယ်မြေ သစ်တောကြိုးဝိုင်းများ အတွင်း ကျူးကျော်ဘုန်းကြီးကျောင်း ၃၇ ကျောင်းကို စိစစ်တွေ့ရှိခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။