မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် ပဋိပက္ခများကြောင့် လူဦးရေ ၆ သိန်းကျော်သည် ပြည်တွင်း၌ပင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း နော်ဝေးနိုင်ငံ အခြေစိုက် ဒုက္ခသည်များကောင်စီ၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်တွင်း ဒုက္ခသည် ၆ သိန်း ၄ သောင်း ကျော်ရှိပြီး၊ မြန်မာနိုင်ငံ အရှေ့ တောင်ဘက် ကရင်ပြည်နယ်နှင့် ထိုင်း နယ်စပ် ဒေသများတွင် ဒုက္ခသည် ၄ သိန်း၊ ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများတွင် ဒုက္ခသည် ၉ သောင်း ၆ ထောင်၊ ရခိုင်ပြည်နယ်တွင် ၁ သိန်း ၃ သောင်းကျော်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း တွင် ဒုက္ခသည် ၅၄၀၀ ရှိကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ တကမ္ဘာလုံး အတိုင်းအတာ အရ ဒုက္ခသည် ဦးရေ ၃၃ ဒသမ ၃ သန်း အထိ ရှိကြောင်း၊ ၁၉၈၉ ခုနှစ်မှ စ၍ မှတ်တမ်း များ ပြုစုလာရာတွင် ၂၀၁၃ ခုနှစ်သည် ဒုက္ခသည် အများဆုံးနှစ် ဖြစ်ကြောင်း၊ ဒုက္ခသည် အများဆုံး နိုင်ငံများမှာ ဆီးရီးယား၊ ကိုလံဘီယာ၊ နိုင်ဂျီးရီးယား၊ ကွန်ဂိုနှင် ဆူဒန်နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။