ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ် အသင်း၏ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်ကို နေပြည်တော် ကုန်းလမ်းနှင့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး အဖွဲ့က မေ ၁၅ ရက်နေ့မှ စ၍ ပိတ်သိမ်းလိုက်ကြောင်း သိရသည်။ အဆိုပါယာဉ်လိုင်းအား မဆင်မခြင် မောင်းနှင်ခြင်း၊ ခရီးသည်များ လုံခြုံစွာ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အားနည်းခြင်းတို့ကြောင့် ပိတ်သိမ်းခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ မေ ၁၂ ရက်နေ့က မိုင်တိုင်အမှတ် ၁၉၇/၆ ၊ ဝက်လက်မီးရထား ခုံးကျော်တံတား၌ ဖြစ်ပွားခဲ့သည့် ရာဇာမင်း ခရီးသည်ပို့ဆောင်ရေး မတော်တဆမှုကြောင့် ခရီးသည် ၁၄ ဦး သေဆုံးခဲ့ပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။