ဗြိတိန် ဘုရင်မကြီး Queen Elizabeth ရဲ့မွေးနေအထိမ်းအမှတ်နေ့မှာ ထုတ်ဖော်ကြေညာတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ရသူတွေ စာရင်းထဲမှာ ဘီဘီစီ နိုင်ငံတကာ သတင်းထောက်ချုပ် Lyse Douset နဲ့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ် ဌာနမှူး ဒေါ်တင်ထားဆွေ တို့ကို Officer of the Most Excellent Order of the British Empire (OBE) ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံခဲ့ရကြောင်း ဘီဘီစီသတင်းဌာနရဲ့ သတင်းဖော်ပြချက်အရသိရပါတယ်။ OBE ဂုဏ်ထူးဆောင်ဘွဲ့ဟာ အများ အကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေကို အသိ အမှတ်ပြု ဂုဏ်ပြု ချီးမြှင့်တဲ့ ဆုဖြစ်ပြီး အသံလွှင့် သတင်းပညာ ကဏ္ဍမှာ စွမ်းဆောင်နိုင်ခဲ့မှုတွေအတွက် သူတို့နှစ်ဦးကို အခုလို ချီးမြှင့်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ဗြိတိန် ဘုရင်မကြီး ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ရသူစာရင်းထဲမှာ နာမည်ကျော် ရုပ်ရှင်မင်းသမီး Angelina Jolie လည်း ပါဝင်ပြီး စစ်မက် ဖြစ်ပွားနေတဲ့ နေရာတွေမှာ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး အပါအဝင်တခြား လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေမှုနဲ့ Dame ဂုဏ်ထူးဆောင်ဘွဲ့ ဆုချီးမြှင့်ခံခဲ့ရတာဖြစ်ကြောင်းသိရပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။