• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

မြေမြှုပ်မိုင်း ဒဏ်ကြောင့် ယခုနှစ်အတွင်း ခြေတု တပ်ရသူ ၁၃၀၀ ကျော်ရှိဟု ICRC ထုတ်ပြန်

by တင်ထက်ပိုင်
1 December 2014
in Human Rights
A A
မြေမြှုပ်မိုင်း, ICRC , ခြေတုလက်တု

၂၀၁၂ နှစ် ဇန်နဝါရီလက ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ထိ၍ ဒဏ်ရာရခဲ့သည့် ဒေသခံတဦး (ဓာတ်ပုံ - KHRG)

2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းဒဏ်ကြောင့် ခြေအင်္ဂါချွတ်ယွင်းသွားသဖြင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ခြေတု တပ်ဆင်ရသည့် လူနာပေါင်း ၁၃၀၀ ကျော် ရှိကြောင်း သိရသည်။

မြေမြှုပ်မိုင်းဒဏ်ကြောင့် ခြေအင်္ဂါ ချွတ်ယွင်းခြင်းသည် မြန်မာအစိုးရ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များကြား စစ်ရေး ပဋိပက္ခ ဖြစ်ပွားရာ ဒေသများနှင့် နီးကပ်စွာ နေထိုင်နေရသူများအတွက် အကျိုးဆက်တခုအဖြစ် သိသာထင်ရှားစွာ တွေ့ရှိရသည်ဟု လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(International Committee of the Red Cross- ICRC) ၏ နိုဝင်ဘာလ ၂၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
1
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
522
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
198

လတ်တလော၌ မြေမြှုပ်မိုင်းထိသည့် လူဦးရေ တိုးလာခြင်း မရှိကြောင်း၊ ခြေတုအသစ်လဲခြင်းနှင့် ယခင်ပြုလုပ်ထားသော ခြေတုများကို လာရောက်ပြုပြင်ခြင်းများသာ ရှိကြောင်း ICRC ၏ ဘားအံ ခြေတုလက်တုနှင့် ကိုယ်ကာယ ပြန်လည်သန်စွမ်းရေး ဌာနမှ မန်နေဂျာ မကျော့သီတာက ဧရာဝတီသို့ ပြောသည်။

“လူတယောက်ဟာ ခြေတုတခါ လုပ်ပြီးရင် ပြန်ပြင်တာက တနှစ်တခါလောက် ပြင်ရတယ်။ ခြေတု အသစ်လဲတာကတော့ သုံးနှစ် လေးနှစ် ဆိုရင် တခါလဲရတယ်။ ခြေတုတခုရဲ့ သက်တမ်းကတော့ သုံးနှစ်ပေါ့”ဟု မကျော့သီတာက ပြောပြသည်။

ICRC သည် ကရင်ပြည်နယ် ဘားအံမြို့တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဖွင့်လှစ်ထားသော ဘားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနနှင့် မန ္တလေးတိုင်း၊ ရေနံ့သာမြို့ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ ခြေတုတပ်ဆင်ရေးဌာနတို့အား ကူညီ၍ ကိုယ် ကာယ ပြန်လည်သန်စွမ်းရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးလျက်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရှိရသည်။

ယခင်က ပြည်တွင်းစစ် ဖြစ်ခဲ့ဖူးသော ဒေသများတွင် မိုင်းနင်းမိသူ များပြားသည့်အတွက် နီးစပ်ရာ နေရာများတွင် ခြေတုလက်တု စခန်းများ ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး ဘားအံခြေတုဌာနမှ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ပဲခူး တိုင်း အရှေ့ဘက်ခြမ်းမှ ခြေတုလက်တု လိုအပ်သူတို့အတွက် ဝန်ဆောင်မှု ပေးလျက်ရှိသည်ဟု မကျော့သီတာက ပြောသည်။

ICRC သည် စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအတွင်း စစ်ပွဲဆိုင်ရာ ဥပဒေများကို ပိုမို သိရှိလာစေရန်နှင့် မြေမြှုပ် မိုင်း အသုံးပြုခြင်းနှင့် သက်ဆိုင်သော အသိပညာပေး လုပ်ငန်းများကို ၂၀၀၃-၂၀၀၄ ခုနှစ်ခန့် ကတည်းက စတင်ဆောင်ရွက်လျက် ရှိပြီး ထိရောက်မှုများကို အချိန်ယူ စောင့်ကြည့်နေရသည် ဟု ICRC မှ အကြီးတန်း ပြန်ကြား ဆက်သွယ်ရေးအရာရှိ ဦးမိုးမြင့်အောင် က ပြောပြသည်။

“စစ်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ လုပ်လာတာတော့ ကြာပါပြီ။ အဲတာမျိုးက အခုရေတွင်းတူး အခုရေကြည်သောက် လိုမျိုးတော့ မဟုတ်ဘူး။ အချိန်ယူရတယ်။ တပ်မတော်နဲ့တောင် ဒီနှစ်ကျမှ စပြီးတော့ ဒီလိုမျိုး ဆွေးနွေးပွဲတွေ လုပ်နိုင်တာပါ။ လုပ်ဖို့တော့ ဆွေးနွေးနေတာ ကြာပါပြီ။ ဒါပေမယ့် ဒီနှစ်ကျမှ အကောင်အထည် ဖော်နိုင်တာပါ”ဟု ဦးမိုးမြင့်အောင်က ဧရာဝတီသို့ ပြော သည်။

တဖက်တွင်လည်း မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းများကို အဖွဲ့အစည်းပေါင်းစုံက ကြိုးစား လုပ်ဆောင်လျက် ရှိသော်လည်း အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား မကြာခဏ စစ်ရေးပဋိပက္ခများ ပြန်လည်ဖြစ်ပွားနေသည့်အတွက် ရှင်းလင်းရေး လုပ်ငန်းများကို ရှေ့တိုးလုပ်ဆောင်ရန် အခက်အခဲများ ရှိနေသည်ဟု ဆိုသည်။

မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းများကို ၂၀၁၄ ခုနှစ် ဇွန်လမှစ၍ ခေတ္တရပ်ဆိုင်းထားရပြီး ရှေ့လတွင် ကျင်းပရန် အစီအစဉ်ရှိသည့် ၅ ကြိမ်မြောက် ကရင် လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေး ကော်မတီ အစည်းအဝေးတွင် မိုင်းရှင်းလင်းရေး ကိစ္စရပ်များ ပြန်လည် စတင်ရန်အတွက် ထည့်သွင်းဆွေးနွေးသွားမည်ဟု ကရင် နယ်ခြားစောင့်တပ်(BGF) မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး နိုင်မောင်ဇော် က ဧရာဝတီသို့ ပြောသည်။

ကရင်ပြည်နယ် ပတ်ဝန်းကျင်ရှိ လတ်တလော မြေမြှုပ်မိုင်းအခြေအနေနှင့် ပတ်သက်၍ ဗိုလ်မှူး နိုင်မောင်ဇော်က “ဒီနားမှာ မြေမြှုပ် မိုင်း နင်းမိတဲ့သူ လောလောဆယ်တော့ မကြားမိဘူး။ ရွာသားတွေရဲ့ တိရစ္ဆာန်တွေ၊ ကွဲျ၊ နွားတွေတော့ ထိတာ ကြားမိတယ်”ဟု လည်း ဆက်လက်၍ ပြောဆိုသည်။

ယင်းစစ်ရေးပဋိပက္ခများ ဖြစ်ပွားရာ ဒေသများတွင် တိုက်ခိုက်ရေးအတွက် နှစ်ဘက် လက်နက်ကိုင်များက မြေမြှုပ်မိုင်းများကို အသုံးပြုခဲ့သကဲ့သို့ ဒေသခံများကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက် အသုံးပြုခဲ့ကြောင်း ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG) ၏ ၂၀၁၂ ခုနှစ်က ထုတ်ပြန်ခဲ့သည့် “စိတ်ချသေချာမှု မရှိသောမြေ” အစီရင်ခံစာတွင် ဖော်ပြခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေကြေ ဒဏ်ရာရသူ စုစုပေါင်း ၃၃၄၉ ဦးကျော် ရှိကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီးကာကွယ်ရေးအဖွဲ့ (ICBL) ၏ ၂၀၁၂ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထို့အပြင် ICBL ၏ လွန်ခဲ့သော ၈ နှစ်ကျော်က ကောက်ယူထားသော စာရင်းများအရ ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် သေကြေ ပျက်စီးမှု အများဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် စတုတ္ထအများဆုံးနိုင်ငံ ဖြစ်သည်ဟု အစီရင်ခံစာက ဆိုထားသည်။

ယခုလက်ရှိအထိ မိုင်းအသုံးမပြုရေး စာချုပ်ကို နိုင်ငံပေါင်း ၁၆၂ နိုင်ငံက သဘောတူ လက်မှတ်ရေးထိုးထားသော်လည်း လက်မှတ် ထိုးမထားသော ၃၅ နိုင်ငံတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ ပါဝင်ပြီး မြန်မာနိုင်ငံကလည်း လက်မှတ်ရေးထိုးထားခြင်း မရှိသေးကြောင်း သိရှိရသည်။

Your Thoughts …
Tags: Mine
တင်ထက်ပိုင်

တင်ထက်ပိုင်

Freelancer

Similar Picks:

စစ်ကိုင်းတွင် ရွှေတူး၍ သဘာဝပတ်ဝန်းကျင် ပျက်စီး

စစ်ကိုင်းတွင် ရွှေတူး၍ သဘာဝပတ်ဝန်းကျင် ပျက်စီး

by ရန်ပိုင်
22 May 2013
3.5k

ဒေသဆိုင်ရာ အာဏာပိုင်များဖြင့်သာ နားလည်မှုယူ တူးဖော်နေ သူများဖြစ်ကြောင်း၊ ဒေသခံ များမှာလည်း မြေယာဥပဒေများကို နားမလည်သည့် အတွက် ၎င်းတို့ထံမှ ဈေးပေါပေါဖြင့် ကုမ္ပဏီများက ၀ယ်ယူ တူးဖော်ခြင်းဖြစ်ကြောင်း ကိုဝင်းဆွေက ဆိုသည်။

မြွေတောင်ဖားတောင် စီမံကိန်း စတင်မည်ကို တီးတိန် ဒေသခံများ စိုးရိမ်နေ

မြွေတောင်ဖားတောင် စီမံကိန်း စတင်မည်ကို တီးတိန် ဒေသခံများ စိုးရိမ်နေ

by နန်းဆိုင်နွမ်
16 September 2013
2.2k

စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးများ ပျက်စီးသွားမည် ဖြစ်ကြောင်းနှင့် လက်ပံတောင်းတောင် စီမံကိန်း ပဋိပက္ခဖြစ်ပွားမှုမျိုး ကြုံတွေ့ရမည်ကို စိုးရိမ်နေကြကြောင်း

ကလောရွှေတွင်းပြိုမှု ၁၇ ဦးသေ၊ ၈ ဦးပျောက်ဆုံးနေဆဲ

ကလောရွှေတွင်းပြိုမှု ၁၇ ဦးသေ၊ ၈ ဦးပျောက်ဆုံးနေဆဲ

by မေစစ်ပိုင်
20 May 2013
4.5k

ဧရာဝတီ သတင်းဌာနက ရွှေတွင်းပြိုကျမှုဖြစ်ပွားခဲ့သော အာရှကမ္ဘာမြေပိုင် ရွှေတောဒေသသို့ သွားရောက် သတင်းယူစဉ် ရွှေတွင်း ပြိုကျမှုကြောင့် ၃၆ ဦးသေဆုံးပြီး ပျောက်ဆုံးသူ ၈ ဦးရှိကြောင်း

လက်ပံတောင်းမှာ ဒေါ်အောင်ဆန်းစုကြည် လက်မှိုင်ကျ

လက်ပံတောင်းမှာ ဒေါ်အောင်ဆန်းစုကြည် လက်မှိုင်ကျ

by စနေလင်း
14 March 2013
23.9k

စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့်အဖွဲ့ ဒေသခံများကို လိုက်လံရှင်းပြရာတွင် ဒေသခံ ရွာအတော် များများက လက်မခံပဲ ဆန္ဒပြမှုများနှင့် ဆက်တိုက်တွေ့ကြုံခဲ့ရာ မအောင်မြင်ဘဲ မုံရွာမြို့သို့ ပြန်လည် ထွက်ခွာခဲ့ပြီ ဖြစ်သည်

လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်

လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်

by မေစစ်ပိုင်
26 July 2013
2.4k

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို လာမည့် စက်တင်ဘာလတွင် ပြန်လည် အကောင်အထည် ဖော်မည်ဟု သမ္မတရုံး ပြန်ထောင်စု ဝန်ကြီး ဦးလှထွန်းက ယနေ့ နေပြည်တော်တွင် ကျင်းပသော စာနယ်ဇင်း တွေ့ဆုံ ရှင်းလင်းပွဲ၌ ပြောဆို လိုက်သည်။

မိုးသည်းထန်၍ ကလော ရွှေတွင်း၌ လူသေဆုံးမှုဖြစ်

မိုးသည်းထန်၍ ကလော ရွှေတွင်း၌ လူသေဆုံးမှုဖြစ်

by ရန်ပိုင်
2 May 2013
4.3k

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့အနောက်ဘက် ၁၆ မိုင်ခန့် အကွာရှိ ရွှေမင်းဖုန်း ရွှေတူးဖော်ရေး လုပ်ငန်းမှ ဈေးဆိုင်များ ရေထဲမျောပါပြီး လူ ၁၀ ဦးခန့် အသေအပျောက် ရှိနိုင်ကြောင်း ဒေသခံများထံမှ သတင်း ရသည်။

Next Post
အကြမ်းဖက်မှုများ, သံဃာတော်များ, alodawpyei@gmail.com

အကြမ်းဖက်မှု ဖြစ်စဉ်များအတွင်း မပါဝင်ရန် အာရှ ၅ နိုင်ငံ သံဃာတော်များ သဘောတူ

NLD, IRI, ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်, ဦးဝင်းမြင့်

NLD ကို မဲဆွယ် စည်းရုံးရေး သင်တန်းပေးသည့် အမေရိကန် အဖွဲ့ သတိပေးခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate