နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်း Myanma Airways (MA)ကို အစိုးရလုပ်ငန်းဆောင်ရွက်မှုပုံစံမှ ကော်ပိုရေးရှင်းပုံစံဖြင့် စီးပွားရေးအရ ဆောင်ရွက်နိုင်ရန် ပြီးခဲ့သည့် အင်္ဂါနေ့ကMyanmar National Airlines(MNA) အမည်သစ်ဖြင့် ပြောင်းလဲလိုက်သည်။ MNA သည် ခေတ်မီ နည်းစနစ်များ အသုံးချကာ မြန်မာနိုင်ငံက ဂုဏ်ယူနိုင်မည့် လေကြောင်းလိုင်းတခုဖြစ်အောင် ကြိုးစားသွားမည်ဟု ဦးဆောင်ညွှန်ကြား ရေးမှူး ဦးသန်းထွန်းက ဆိုသည်၊ လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်ကာ ပြည်တွင်း ပျံသန်းမှုနှင့် ဝန်ဆောင်မှု အသစ်များကို နိုင်ငံတကာ အဆင့်မြင့်စံနှုန်းများအတိုင်းလုပ်ဆောင်မည်ဟု သိရသည်။MNAသည် လက်ရှိတွင် လေယာဉ်ပျံ ၁၈ စင်းရှိပြီး လာမည့်နှစ်တွင် ဘိုးရင်း 737 လေယာဉ် ၁၀စင်း၊ ATR72 ၆စင်းတို့ဖြင့် ထပ်မံတိုးချဲ့မည်ဖြစ် ကြောင်းသိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။