သတင်းတို
စစ်တွေရောက် ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို ရခိုင်ဒေသခံများ ဆန္ဒပြ
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ်သို့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများ လေ့လာရန် ယမန်နေ့က သွားရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီကို စစ်တွေဒေသခံများက တရားဝင်ခွင့်ပြုမိန့်ယူကာ ဆန္ဒပြခဲ့ကြသည်။ ရခိုင်ပြည်နယ်သို့ ဒုတိယအကြိမ် လာရောက်သည့် မစ္စ ရန်ဟီးလီကို စစ်တွေမြိုရှိ ရခိုင်လူမှုကွန်ရက် အဖွဲ့အစည်းများနှင့် ရခိုင်ဒေသခံ တထောင်ကျော်ခန့်က စစ်တွေလေဆိပ် အဝတွင် ပိတ်ဆို့ပြီးဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး၊ မစ္စရန်ဟီးလီ၏ တင်ပြချက်များသည် ရခိုင်လူမျိုးရေး အပါအဝင် မြန်မာနိုင်ငံရေးကိုပါ ဝင်စွတ်ဖက်မှုမျိုး ဖြစ်နေခြင်းကြောင့် ဆန္ဒပြရခြင်း ဖြစ်ကြောင်း စစ်တွေမြို့ အခြေစိုက် ရခိုင်လူမှုကွန်ရက်မှ ဦးစိုးနိုင်က ပြောသည်။