လက်ပံတောင်း ပဋိပက္ခအတွင်း သေဆုံးထိခိုက်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို ယနေ့ထုတ်ပြန်ရာ ဆားလင်းကြီးရဲစခန်းတွင် ဖွင့်လှစ်ထား သည့် ဒေါ်ခင်ဝင်းသေဆုံးမှု ကို ဥပဒေအရ ဆက်လက်ဆောင်ရွက်သင့်ကြောင်း အကြံပြုထားပြီး၊ ကြေးနီစီမံ ကိန်း ဧရိယာအတွင်း ခြံစည်းရိုး တိုးချဲ့ကာရံစဉ် လုံခြုံရေး စီမံချက်ကို စနစ်တကျအကောင်အထည်ဖော်ရန် အားနည်းခဲ့သည့် ကွပ်ကဲရေး အဖွဲ့ တာဝန်ရှိသူများကို ဖော်ထုတ်၍ ထိုက်သင့်သလို အရေးယူရန်၊ စစ်ကိုင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ခြံစည်းရိုး တိုးချဲ့ကာစဉ် ဆောင်ရွက်ရမည့် လုံခြုံရေးစီမံချက်ပါ ညွန်ကြား ချက်ကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ရဲတပ်ဖွဲ့ဝင်များကို စည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူရန်၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်သုံးသပ်၍ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်ုတို့ပါရှိကြောင်းတွေ့ရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။