ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်မှ မဖြိုးဖြိုးအောင်အား၂၀၁၅ ခုနှစ် ပြည်သူ့ဂုဏ် ရည် ဆုရှင် အဖြစ် ရွေးချယ် ချီးမြှင့်လိုက်ကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စု၊ နယူးယောက် ပြည်နယ်၊ ယူနီကာမြို့တွင် ဇွန်လ ၇ ရက်နေ့က ကျင်းပသည့် ပြည် သူ့ ဂုဏ်ရည်ဆု ရွေးချယ် ချီးမြှင့်ပွဲ အခမ်းအနား၌ ရွေချယ် ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။ မဖြိုဖြိုးအောင်သည် ယခုအခါ သာယာဝတီထောင်၌ ဖမ်းဆီးခံထားသည်။ ပြည်သူ့ ဂုဏ်ရည်ဆုသည် မြန်မာနိုင်ငံ တဝန်းမှ လူမှုရေးလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများ၊ အများအ ကျိုး အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်သူများအား ချီးမြှင့်သည့် ဆုဖြစ်ပြီး၊ ယခုနှစ်တွင် ၆ ကြိမ်မြောက် ရွေးချယ်ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။