၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆန်းစစ်မည့် စာမေးပွဲကြီး တခုဟု နိုင်ငံရေး အသိုင် အဝိုင်းက သုံးသပ်ပြောဆိုနေကြပြီး နိုင်ငံရေးပါတီများ အားလုံးသည် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်နေကြပြီဖြစ်သည်။
ကြံ့ခိုင်ရေး (USDP) နှင့် အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် (NLD) တို့ကဲ့သို့သော ပါတီကြီး မှအစပါတီငယ်များအထိ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှုများ ရှိနေကြသော်လည်း ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခြေအနေများနှင့် ပတ် သက်၍ သေချာစွာ ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိကြသေးပေ။ ၂၀၁၅ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး ပါတီတခုဖြစ်သော ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကို ဧရာဝတီအယ်ဒီတာ သာလွန်ဇောင်းထက်က တွေ့ဆုံ မေးမြန်း ထား ပါသည်။
မေး။ ။ ပထမဦးဆုံး မေးချင်တာက ဒီမိုကရက်တစ်ပါတီ (မြန်မာ) အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မလား။ မဲဆန္ဒနယ် ဘယ်နှစ်ခုမှာ ပြိုင်မလဲ။ ဘာတွေ စပြီးပြင်နေပြီလဲ။
ဖြေ။ ။ ရွေးကောက်ပွဲဆိုတာ ယေဘု ယျအားဖြင့် ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ နည်းလမ်း ပေါ့နော်။ ကျနော်တို့လည်း ဒီမိုကရေစီ နိုင်ငံမှာဖြစ် ထွန်းချင်တယ်ဆိုတော့ ဝင်ပြိုင်မှာပေါ့ဗျ၊ ဒီရွေး ကောက်ပွဲကြီး ဖြစ်အောင်လည်း ကျနော်တို့က အား ပေးမယ်၊ တိုက်တွန်းမယ်။ ကျနော်တို့က ရွေးကောက် ပွဲအတွက် အထူးတော့ ပြင်ဆင်ထားတာ မရှိဘူးပေါ့၊ ဒါပေမယ့် လုပ်ရိုးလုပ်စဉ်ဆိုတာကတော့ ပါတီတွေက သူ့ရဲ့ ပါတီဝင်အသစ်တွေ စုဆောင်းတာတို့၊ အဖွဲ့ခွဲ တွေဖွဲ့တာတို့ စည်း ရုံး ဆွေးနွေးတာတို့တယောက် နဲ့တယောက်တွေ့တာတို့ ဒါတွေကတော့လုပ်ရိုး လုပ် စဉ်လုပ်နေတာပေါ့နော်။ အဲ့ဒါကလည်း တကယ် တမ်းဖြင့် ပြောရမယ်ဆိုလို့ရှိရင်လည်း ရွေးကောက်ပွဲ အတွက် တနည်းအားဖြင့် ပြင်ဆင်တာပဲပေါ့။ အခုလောလောဆယ် ကျနော်တို့မှာ လွှတ် တော်ကိုယ်စားလှယ်လောင်း ၅၀ ကျော်လောက် ရှိတယ်။ ကျန်တဲ့ဟာ တွေကတော့ အများအားဖြင့် ကျနော်တို့ ရန်ပုံငွေရှာတုန်းပေါ့ဗျာ။ ရှာတုန်း မပြည့် စုံသေးဘူး။
မေး။ ။ အန်ကယ်ကိုယ်တိုင်ရော ပါတီဥက္ကဋ္ဌ တဦးအနေနဲ့ ရွေးကောက်ပွဲ ဝင်ဖို့ရှိလား။
ဖြေ။ ။ ကျနော်တို့ပါတီက လောလောဆယ် ရွေး ကောက်ပွဲဝင်ဖို့ စာရင်းပေးထားတာက ၅၀ ကျော် နေပြီဆိုတော့ အဲဒီပမာဏထက်တော့ မနည်းနိုင်ဘူး။ ကျနော်လည်း ဝင်မယ်လို့ စိတ်ကူးထားတယ်။ ကျနော်တို့ပါတီ အတွင်းရေးမှူး ဒေါ်သန်းသန်းနု (ဝန်ကြီးချုပ်ဦးနု၏ သမီး) လည်း ဝင်မယ်လို့ ပြောတယ်။ ဒီရန်ကုန် မဲဆန္ဒနယ်ကပဲ ဝင်မှာပါ။
မေး။ ။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အနေနဲ့ ပါတီရန်ပုံငွေ ဘယ်လိုရှာလဲ။ ဘယ်လောက် ပွင့်လင်း မြင်သာမှုရှိလဲ။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက ဒီမိုကရက်တစ်ပါတီအနေနဲ့ ဦးကျော်မြင့် (မြန်မာ ကျုံယွမ်ကုမ္ပဏီ) နဲ့ ပတ်သက်ခဲ့ဖူးတဲ့ အခြေအနေတွေ ရှိခဲ့တာဆိုတော့ . . .။
ဖြေ။ ။ ကျနော်တို့ လက်ရှိကတော့ ကိုယ်ပိုင်ငွေရယ်၊ မိတ်ဆွေတွေဆီက အလှူခံတာတွေရှိတယ်။ ကျနော် တို့ ပါတီ အနေနဲ့ကျတော့ ကျနော်တို့ သတင်းစာ တွေထဲ ထည့်တယ်။ ကျနော်တို့ အွန်လိုင်း တင်ထား တယ်ပေါ့၊ အွန်လိုင်း တင်ပြီးတော့ အလှူငွေကောက်ခံတာပေါ့။
ကျနော်တို့က ပါတီဖွဲ့ကတည်းက ပါတီမှာ ရတဲ့ငွေအကုန်လုံးက စာရင်းအတိအကျရှိတယ်။ တရာလှူလှူ၊ တသိန်းလှူလှူ စာရင်းအတိအကျ ရှိတယ်။ ကျနော်တို့ လစဉ် အသုံးစရိတ်စာရင်းတွေ လည်း ရှိတယ်။ အချိန် မရွေးစစ်နိုင်တယ် ဒါကတော့ ပါတီရဲ့ စည်းကမ်းလုပ်ထုံးဖြစ်ပဲ။ ကျနော်တို့ကတော့ ငွေရေးကြေးရေးနဲ့ပတ်သက်လို့ကတော့ မှန်မှန် ကန်ကန် လုပ်တယ် ဆိုတာကို တန်ဖိုးထားတယ်ပေါ့။ ငွေနဲ့ ပေါက်ပြီး ဝယ်တာမျိုး လက်မခံဘူး။ ပါတီ အနေနဲ့ လက်မခံဘူး၊ ပုဂ္ဂိုလ်အနေနဲ့လည်း လက်မခံ ဘူး၊ ကျနော်တို့ကို ငွေနဲ့ ဝယ်ဖို့ လုပ်တာမျိုးတွေ အများကြီးရှိခဲ့ပါတယ်။
ပါတီစထူထောင်ချိန်ကဆိုရင် ဦးကျော်မြင့်ကိစ္စ။ ၂၀၁၀ ရွေးကောက်ပွဲ ဘာတွေ မလာခင်ကိုက ကျနော်တို့က ရွေးကောက်ပွဲဝင်ဖို့ ပြင်တာ၊ ဆင်တာ တွေ ရှိတယ်။ အဲဒီအချိန်မှာ ကျနော်တို့ မိတ်ဆွေတယောက် ကနေပြီးတော့ ကျနော်တို့ကို ဦးကျော်မြင့်နဲ့ ဆက် ပေးတာပေါ့၊ ဆက်ပေးတယ် ဆိုပေမယ့် ကျနော် အခုအချိန်အထိ ဦးကျော်မြင့်နဲ့တွေ့လည်း မတွေ့ဖူး ဘူး။ မြင်လည်း မမြင်ဖူးဘူး။ ကြားက လုပ်ပေးတာ ပေါ့နော်။ ကျနော့်မိတ်ဆွေက ကျနော်တို့ဆီအကြောင်း ကြားလာတယ်။ ဦးကျော်မြင့်ဆိုတဲ့ မြန်မာနိုင်ငံသား တယောက် ကနေဒါမှာ လုပ်ငန်းရှင် ဖြစ်နေတယ်။ သူက မြန်မာနိုင်ငံသား မြန်မာနိုင်ငံသား ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် စီးပွားရေး တွေလုပ်ချင်တယ်။ အထူးသဖြင့်တရုတ်နဲ့ သူနဲ့က အဆက်အသွယ်ရှိတယ်လို့ သိရတယ်။
ဦးကျော်မြင့်က UDP(United Democratic Party of Myanmar) ဆိုတဲ့ ပါတီဖွဲ့မယ်ပေါ့။ ရွေး ကောက်ပွဲနဲ့ပတ်သက်လို့ ပါတီနဲ့ပတ်သက်လို့ ကုန်ကျစရိတ်အားလုံး သူတာဝန် ယူပါ့မယ်ပေါ့။ ကျနော့်အမြင်ကတော့ မြန်မာနိုင်ငံသား တယောက် ဒီကိုလာမယ်၊ နိုင်ငံအတွက်သူလုပ်မယ်၊ အဲ့ဒီထဲမှာ ပါတီအတူတူလုပ်မယ်၊ သူကတာဝန်ယူမယ် ဒါသိပ်ကောင်းတဲ့ အစီအစဉ်ပေါ့။ အစပထမမှာတော့ ကျနော်ကလည်းသဘောတူတာပေါ့။ အဲဒီမှာ ကျနော်တို့ သဘောတူတဲ့ဟာကို သူက အင်တာနက် ပေါ် တင်လိုက်တယ်။ ပါတီတွေဘာတွေ ဖွဲ့ရသေး တာမဟုတ်သေးဘူး။
ကျနော့် မိတ်ဆွေဆီကနေ သူ့အကြောင်းကိုသိရ တယ်။ ဦးကျော်မြင့်ဆိုတာ ကချင်လူမျိုးလို့ပြောတယ်။ အသက် ၁၄ နှစ်၊ ၁၅ နှစ်လောက်မှ မှာ “ဝ” ပါတီထဲ ဝင်တယ်။ “ဝ” ပါတီမှာ သူက ငယ်ငယ်ရွယ်ရွယ်၊ သွက်သွက်လက်လက်လည်း ရှိပုံ ရပါတယ်။ ငယ်ငယ် ကတည်းက “ဝ” ပါတီထဲမှာပါတော့ “ဝ” တပ်ခွဲတခု ရဲ့ တာဝန်ခံ ဖြစ်လာတယ်။ အဲ့ဒီ တပ်ဖွဲ့ရဲ့ တာဝန် ကဘာလဲဆိုတော့ စီးပွားရေးလုပ်ရတာပေါ့။ နယ်စပ် ဒေသစီးပွားရေးလုပ်ရပါတယ်တဲ့။ အဲဒီနယ် စပ်ကုန် သွယ်ရေး ဆိုတာကတော့ အထူးသဖြင့် မူးယစ်ဆေး ဝါးပဲ ရှိမှာပေါ့။ ဒါမို့လို့လည်း သူချမ်းသာတာပေါ့။
သူက ဗိုလ်ချုပ်ခင်ညွှန့်တို ငြိမ်းချမ်းရေးလုပ်တဲ့ အခါကျတော့ သူကပထမဆုံး ဗိုလ်ချုပ်ခင်ညွှန့်နဲ့ အဆက်အသွယ် ရတဲ့ သူပဲ။ အဆက်အသွယ်ရပြီး အပစ်ရပ်သဘောတူညီရေး သူနဲ့စရတယ်။ သူနဲ့ စရပြီးတော့မှ ကိုးကန့်တို့၊ တခြား တိုင်းရင်းသား တွေ ရတယ်။ ဆိုလိုတာက စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူကရင်းနှီးတယ်။ ရင်းနှီးတဲ့အခါကျတော့ ဒီမှာ ကျုံဟွာ ကုမ္ပဏီဆိုတာ ထောင်တယ်လေ။ အဲဒီ ကျုံဟွာ ကုမ္ပဏီက လူတွေဆီက ငွေတွေကို အတိုး ပေးပြီး ချေးတယ်။ လူတွေက လည်း သူ့ကုမ္ပဏီမှာ ငွေတွေအပ်ကြတာပေါ့။ တချို့လူတွေကလည်း အိမ် တွေဘာတွေပေါင်ပြီးတော့တောင် ငွေအပ် ကြတယ်လို့ ပြောတယ်။ နောက်ပိုင်း ငွေရေးကြေးရေး ပြဿနာ ပေါ်တယ်။ သူကတော့ သူငွေတွေ မလိမ်ဘူး။ သူနဲ့ အလုပ်အတူတူ တွဲလုပ်တဲ့ဝန်ကြီး ရေလုပ်ငန်း ဗိုလ် ချုပ်မောင်မောင် (လေတပ်)က မတရားလုပ်တယ် လို့ ပြောတယ်။
ငွေကြေး ပြဿနာတွေပေါ်တဲ့အခါကျတော့ ဗိုလ်ချုပ်မောင်မောင်က ဦးကျော်မြင့် ကုမ္ပဏီနဲ့ ပတ်သက်လို့ အစိုးရကို တိုင်တယ်။ အစိုးရက သူ့ကုမ္ပဏီကို စစ်တော့ စာရင်း ၂ ခုတွေ့တယ်။ ကုမ္ပဏီစာရင်း တခုက အတု၊ တခုက အစစ်ပေါ့ နော်။ အဲဒီအမှုနဲ့ သူ့ကိုတရားစွဲပြီးတော့ သူထောင် ကျတယ်။ ထောင်ကျပေမယ့် ထောက်လှမ်းရေးတွေနဲ့ ပေါင်းပြီး ထိုင်းကို ထွက်ပြေးတယ်။ တရားခံပြေးပေါ့။ ထိုင်းမှာ အမေရိကန်သံအမတ်ကို သွားတွေ့ပြီး သူ အမေရိကန် ရောက်သွားတယ်လို့ သိရတယ်။ ဦးကျော်မြင့်က မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ အမေရိကန်ကို သတင်းပေးပုံရတယ်။ အမေရိကန်က သူ့ကို အသုံးချတာပေါ့။ နောက် အမေရိကန်ကနေ ကနေဒါမှာ လုပ်ငန်းရှင်တွေ ဘာတွေ ဖြစ်လာတယ် ပေါ့။
သူ့အကြောင်းကို အမေရိကန်အသံလွှင့်ဌာန တွေက လွှင့်တယ်။ ခင်ဗျားတို့ကြားဖူးလားတော့ မသိဘူး။ အမေရိကန် အသံလွှင့်ဌာနကနေ ဦးကျော် မြင့်ဆိုတာ ဘယ်သူပေါ့။ သူ့ကောင်းကြောင်းတွေ။ နောက်တခု ကျနော်တို့နဲ့ ပြတ်သွားတဲ့ အကြောင်း တချက်ကဘာလဲဆိုတော့ သူကကနေဒါနဲ့ အမေရိ ကားမှာရှိနေသော မြန်မာသံအမတ်နဲ့ စစ်သံမှူးတွေ နဲ့ ရင်းနှီးတယ်။ သူကပေးထားကမ်းထားတာ ဖြစ် မှာပေါ့။ ရင်းနှီးတဲ့ အခါကျတော့ မြန်မာနိုင်ငံမှာ လာပြီး ရွေးကောက်ပွဲ ဝင်မယ်၊ ပါတီထောင်မယ်ဆို တာကို အကျိုးအကြောင်း တင်ပုံရတယ်။ တင်ပြတဲ့ အခါကျတော့ မြန်မာ့သံအမတ်ကြီးက သူ့ကိုစာထုတ် ပေးတယ်။ အဲဒါကလည်းထူးဆန်းတယ်။ စာကတော့ ဘာမှ သိပ်အရေးကြီးတာမဟုတ်ဘူး။ သံအမတ်ကြီး ရဲ့လက်မှတ်နဲ့ သူက မြန်မာပြည်ပြီး ပါတီထောင် မယ်။ ကူညီဖို့ပေါ့။ သူအများကြီး ပေးထားကမ်း ထားတာမို့လို့ ဒီလိုမျိုး ထုတ်ပေးတယ်ထင်တယ်။ အဲ့ဒီ စာတွေကို ကျနော့်ဆီ ပို့ပေးတယ်။ ကျနော်တို့ပါတီ ထူထောင်ရင် နေပြည်တော်က ကူညီ လိမ့်မယ်ပေါ့။ ကျနော်က သူ့ကိုပြန်ပြီးတော့ ပြောလိုက်တယ်။ နေပြည်တော်လည်း ဂရုမစိုက်ဘူး၊ ခင်ဗျားလည်း ဂရုမစိုက်ဘူး။ ကျနော်တို့ ခင်ဗျားနဲ့ပြတ်ပြီဆိုပြီးတော့ အဲ့လိုနဲ့ သူနဲ့ပြတ်သွားတာ။ အဲ့ဒါ ကျော်မြင့်နဲ့ ပတ်သက်ပြီး တော့ကျနော်တို့ဆက်ဆံခဲ့တာ။
မေး။ ။ ဒီမိုကရက်တစ်ပါတီအနေနဲ့ USDP ( ကြံ့ခိုင်ရေးပါတီ) ကဖြစ်ဖြစ်၊ NLD ( အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) ကဖြစ်ဖြစ် မဟာမိတ်ဖွဲ့လာရင် လက်ခံဖို့ရှိလား။ ပါတီဘက်ကရော အဲဒီပါတီကြီးတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ ကမ်းလှမ်းတာမျိုး လုပ်မလား။
ဖြေ။ ။ ကျနော်တို့ကတော့ ညီညီညွတ်ညွတ်လုပ်ချင်တဲ့ ဆန္ဒရှိပါတယ်။ အခုအချိန်အထိ ကျနော်တို့ ပါတီကြီးတွေနဲ့ အဆက်အသွယ် မရှိသေးပါဘူး။ နိုင်ငံရေးအရ အဆက်အသွယ် မရှိသေးပါဘူးဆိုတော့ ရွေးကောက်ပွဲ ညှိနှိုင်းဖို့ကတော့ အခုအချိန်ထိ ဘာမှမရှိ သေးဘူးပေါ့၊ ကျနော်တို့မှာ နိုင်ငံရေးပါတီ ၁၁ ခု ပေါင်းစည်း ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA) ဆိုတာ ရှိတယ်။ အဲဒီအဖွဲ့ဝင် ပါတီတွေနဲ့တော့ ပူးပေါင်းဆောင်ရွက်တာမျိုးတွေ လုပ်ဖို့ရှိတယ်။ ပါတီကြီး တွေဘက်က ကမ်းလှမ်း လာရင်လည်း ကျနော်တို့ တိုင်းပြည်အတွက် ကြည့် မှာပေါ့နော်။ ကျနော်တို့ကတော့ အားလုံး Welcome ပဲ။ မြန်မာနိုင်ငံမှာရှိနေသော ဘယ်ပါတီမဆို စုပေါင်းလုပ်ချင်တာပဲ။ စုပေါင်းလုပ်ချင်တဲ့နေရာမှာ စုပေါင်းလုပ်နိုင်တယ်၊ မျှမျှတတ ရှိမယ်ဆိုရင် ကျနော်တို့ ပေါင်းမှာပဲပေါ့။ မည်သည့်ပါတီမဆိုပေါ့။
မေး။ ။ ပါတီအနေနဲ့က ၂၀၁၅ မှာ လူထုကို ဘယ်လို မဲဆွယ်စည်းရုံးမလဲ။ ဘယ်လို ေြွကးကြော်သံနဲ့ လူထုကို မဲဆွယ်မလဲ။
ဖြေ။ ။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပါတီရဲ့ အဓိက ကြွေးကြော်ချက်ကတော့ “လူဖြစ်ကျိုးနပ်ရေး ဒို့အရေး” ဆိုတဲ့ ကြွေး ကြော်ချက်ပေါ့၊ လူဖြစ်လာတဲ့ နောက်မှာ လူဖြစ်ကျိုးနပ်ရမယ်၊ နိုင်ငံသားတွေ ဖြစ်လာတဲ့အခါ နိုင်ငံသားတွေကလည်း လူဖြစ်ကျိုးနပ်ဖို့ လိုအပ်တယ်ဆိုတဲ့ ခေါင်းစဉ်ပေါ့။ လူဖြစ်ကျိုး နပ်တယ်ဆိုတာ ဘာလဲဆိုတော့ နံပတ် ၁ ကတော့ လူထုရဲ့ စားရေး၊ ဝတ်ရေး၊ နေရေး သူတို့ကလေးတွေ ရဲ့ ပညာရေး မိဘဘိုးဘွားတွေရဲ့ကျန်းမာရေး အဲ့ဒါတွေ ပြည့်စုံရမှာပေါ့။ လူဖြစ်ကျိုးနပ်တယ်ဆိုတဲ့ အဖြေကတော့ နိုင်ငံဟာ အေးချမ်းသာယာရမယ်၊ ဖွံ့ဖြိုးတိုးတက်ရမယ်၊ နိုင်ငံမှာအလုပ် တွေရှိ ရမယ်၊ ဝင်ငွေတွေ ရှိရမယ်။
မေး။ ။ လက်ရှိနိုင်ငံရေးအခြေအနေတွေ အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးအပေါ် ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးကလည်း ရွေးကောက်ပွဲမတိုင်ခင် မပြီးနိုင်ဘူးလေ။ အခြေခံလောက် ချနိုင်မှာပဲရှိတယ်။ ငြိမ်းချမ်းရေး ကလည်း မဖြစ်တော့ တိုင်းပြည်ကြီးက ငြိမ်းချမ်းသာယာပြီးတော့ တည်ငြိမ်တဲ့အခြေအနေ မဖြစ်နိုင်ဘူးလေ။ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ လည်း ရွေးကောက်ပွဲမတိုင်မီ မဖြစ်နိုင်ပါဘူး။
မေး။ ။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲက တရားမျှတမယ်လို့ ထင်လား။
ဖြေ။ ။ တရားမျှတ လွတ်လပ်တယ်ဆိုတာတော့ မဖြစ် နိုင်ဘူး။ ရွေးကောက်ပွဲတော့ ကျနော်ထင်တယ် ဖြစ်မှာ။ ဘာကြောင့် ဖြစ်မှာလဲဆိုတော့ ဒီအစိုးရရဲ့ သိက္ခာက ဒီဟာပဲရှိတယ်။ သူထိန်းရမယ် ဒီသိက္ခာ ကို။ နောက်တခုက ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်အေးက တချိန်ကလည်း ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့တယ်။ ကြံ့ခိုင်ရေး အမတ်တဦးလည်း ဖြစ်ခဲ့ တယ်။ သူက ဘယ်လောက်ပဲ ရိုးသားတယ်ပြောပြော၊ မှန်တယ်ပြောပြော ဘယ်လို ယုံကြည်နိုင်မလဲ။ အဲ့ဒီ ဟာလေးတော့ ချို့ယွင်းချက်ရှိတယ်။ ဒါပေမယ့် သူနဲ့ ကျနော်တို့ တွေ့တဲ့အခါကျတော့ သူကတော့ မှန်မှန်ကန်ကန် လုပ်ပေးမှာပေါ့။ ဒါတော့ ပြောတာ ပေါ့နော်။ လုပ်ပေးမယ်လို့ ယူဆတယ်ပေါ့၊ ၂၀၁၀ တုန်းကလည်း မလုပ်ပေးခဲ့ဘူးပေါ့။ လုပ်ပေးမယ်လို့ လည်း ယူဆရပါတယ်။သူက မှန်မှန်ကန်ကန် လုပ်ပါ စေလို့ အဲ့လိုပဲ ဆုတောင်း ရမှာပေါ့နော်။
မေး။ ။ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုရော ဘယ်လို သုံးသပ်သလဲ။ တပ်မတော်က ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးမှာ တဖြည်းဖြည်း နောက်ဆုတ်သွား မယ်ထင်လား။
ဖြေ။ ။ အမှန်တော့ တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါနေတာဟာ ဒီမိုကရေစီ စံချိန်နဲ့တွက်ရင် မမှန်ဘူး၊ ဒီမိုကရေစီမှ မဟုတ်ဘဲ။ ပြည်သူလူထုက ရွေးတာမှ မဟုတ်ဘဲ။ ဒီမိုကရေစီ ကြိုက်တယ်ဆိုတဲ့ လူတွေ ကျတော့ တပ်မတော်ပါဝင်မှုကို မဖြစ်စေချင်ဘူး။ မဖြစ်စေချင်ရင် မဖြစ်စေတဲ့နည်းကို ရှာပြီး လုပ်ကြ ရမှာပေါ့နော်။ အခုလောလောကတော့ ရှာတယ် ဆိုတဲ့အခါမှာ ဘာဖြစ်လို့ တပ်မတော်က ၂၅ ရာခိုင် နှုန်း ထည့်ထားတာလဲ ဆိုတာကိုကြည့်ရင် သူတို့က အာဏာကို အကြာကြီး ယူခဲ့တဲ့အခါမှာ ဒါကို လွတ် လိုက်ရမယ်ဆိုရင် သူတို့ အန္တရာယ်ရှိတာပေါ့။ ကိုယ့် ရဲ့ အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ တပ်ကို ထည့် ထားတာပေါ့။ ဘာလို့လဲဆိုတော့ ဒါတွေကိုကာကွယ် မထားရင် သူတို့ အတွက် အန္တရာယ်အများကြီးရှိ တယ်လို့ သူတို့ဘက်က တွက်ဆပြီးလုပ်ထားတာပေါ့။
မေး။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်လဲ။ သူက သူ့ဆရာ ဦးနေဝင်းလိုပဲ နောက်ကွယ်ကနေ နိုင်ငံရေးကို ချုပ်ကိုင်နေဆဲလို့ ထင်လား။
ဖြေ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အခု ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို သူက ဦးစီးလုပ်ပေးတာ ပါပဲ။ သူသဘော မတူဘဲ ဘာမှ လုပ်လို့မရပါဘူး။ သူကအပြောင်းအလဲလုပ်အောင် တာဝန်တွေချပေး ခဲ့တယ်။ ဥပမာအားဖြင့် ဦးသိန်းစိန်ကို သမ္မတကြီး အဖြစ် သူက စီစဉ်ပေးလိုက်တယ်လို့ ထင်တာပေါ့။ ကျန်တဲ့လူတွေလည်းဒီအတိုင်းပဲ။ ဒါပေမယ့် ဦးသန်းရွှေက လက်လွတ်စပယ်ကြီးတော့ ပစ်ထားမယ်တော့ မဟုတ်ဘူး။ လက်ရှိခေါင်းဆောင်တွေက ဦးသန်း ရွှေကိုသွားပြီးတော့ ကန် တော့ကြတယ်၊ သွားတွေ့ နေကြတယ်ဆိုတာ ဩဝါဒ ခံယူနေကြတာပါပဲ။ ဩဝါဒ ခံယူနေတယ်ဆိုတာ ဦးသန်းရွှေရဲ့ ဩဇာ အာ ဏာက အခုထိကြီးတုန်းပဲ။
ဦးသန်းရွှေက အားနေတဲ့အခါကျတော့ ဒါတွေ ကို တွက်ဆ ကြံစည်နေမှာပဲ ။ သူကလည်း အဲ့ဒီ အပိုင်းမှာ တော်တာပဲ။ ဆိုလိုတာကတော့ ၂၀၁၅ အပြီးတက်လာမယ့် အစိုးရကလည်း ဦးသန်းရွှေရဲ့ ဩဇာအာဏာ သက်ရောက်မှုရှိမှာပဲ။ သူ့ ဩဇာ အာဏာသက်ရောက်တဲ့ လူတွေ အစိုးရမှာ ပါဝင် နေဦးမှာပဲ။ သူ့ဘက်ကတော့ သူ ဒါတွေပဲ လုပ်မှာပဲ။ သူ့ဘက်က လည်း သူ နိုင်အောင်တော့ ကြိုးစားမှာပဲ။ ဘာတွေ မှန်တာ၊ မမှန်တာတွေ လုပ်မလဲတော့ မသိ ဘူးပေါ့နော်။ သူ့ဘက်က ဘယ်သူတွေက ခေါင်း ဆောင် လုပ်ရမယ်၊ နိုင်အောင် ဘယ်လိုလုပ်ရမယ် ဆိုတဲ့ဟာတွေတော့ ပါမှာပဲပေါ့နော်။ သူ ထင်ချင် တိုင်းလည်း ဖြစ်ချင်မှဖြစ်မှာပေါ့။ သူ့ဆရာဦးနေဝင်း ပုံစံအတိုင်းပဲလို့သုံးသပ်လို့ရတယ်။
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ရဲ့ အခန်း ကဏ္ဍကို ဘယ်လိုသုံးသပ်လဲ။ NLD က အပြတ်အသတ်နိုင်မယ့် အလား အလာရှိတယ်လို့ ထင်ပါသလား။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါက အများကြီး ရှိပါသေးတယ်။ လူထုရဲ့အားပေးမှု၊ အများပြည်သူရဲ့ အားပေး မှု အများကြီး ရှိပါသေး တယ်။ ဒါပေမယ့် အခြေအနေတွေက ပြောင်းတာပေါ့။ အခြေအနေတွေ ပြောင်းတဲ့အလဲမှာ အချက် ၄၊ ၅ ချက် ရှိတာပေါ့။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တုန်းက အစိုးရ(တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ) နဲ့ NLD နဲ့ ပြိုင်ရတာပေါ့။ အခုကတော့ ပြိုင်ရတဲ့သူ အများကြီးဖြစ်သွားတာပေါ့။ အထူးသဖြင့်တော့ တိုင်းရင်းသား လူမျိုးစုတွေပဲ။ တိုင်းရင်းသား လူမျိုးစုတွေရဲ့ နယ်ပယ်မှာ တိုင်းရင်းသား လူမျိုးစုတွေ အများစုပဲ ရမယ်ဆိုလို့ ယူဆတယ်။
နောက်တခါ လက်ရှိ အာဏာရ USDP ကတော့ လက်ရှိမှာ အာဏာရှိတယ်၊ ပိုက်ဆံရှိတယ်။ သူတို့က စနစ်တကျ ပြင်ဆင်လာတာ၊ စစ်ဗိုလ်တွေ ဆိုတာ စစ်တိုက်ထွက်တယ်ဆိုရင် တကယ့်ကို စီမံကိန်းချပြီး လုပ်ကြတာ။ အရင်လိုတော့ NLD မဲအပြတ်အသတ်နိုင်မယ်လို့ မထင်ဘူး။
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲဖြစ်လာမယ့် အစိုးရက ဘယ်လိုအစိုးရမျိုး ဖြစ်မယ်ထင်လဲ။
ဖြေ။ ။ လောလောဆယ်မှာ တပ်မတော်ရဲ့ အခန်း ကဏ္ဍက အတော်ကို တက်လာတယ်။ တပ်မတော်က အာဏာ ပိုရှိလာတယ်။ အခုကြည့်ရတာပေါ့နော်။ နိုင်ငံရေးပါတီတွေက ညီညွတ်မှုလည်းမရှိ၊ တယောက် နဲ့ တယောက် လည်း အပြစ်တင်ကြ၊ တိုက်ခိုက်ကြ လုပ်နေကြတယ်။ အဲဒါက အစိုးရ ကစားတာကြောင့် လည်းပါသလို တပ်မတော်ရဲ့ နိုင်ငံရေး ကစားတာ ကြောင့်လည်း ပါတယ်။ တပ်မတော်က ဩဇာ အာဏာ အများကြီး ရှိလာတဲ့ပုံရတယ်။ ဩဇာ အာဏာ ရှိတာ တော့ သူ့ အားကိုး လာတာပေါ့ဗျာ။ ဒါပေမယ့် အခု ရွေးကောက်ပွဲမှာဆိုရင် ဘယ်သူမှ အပြတ်အသတ်မနိုင်နိုင်ဘူး။ အဲဒါကြောင့် NLD ရယ်၊ ကြံ့ခိုင်ရေးရယ်၊ တိုင်းရင်းသား လူမျိုးစုတွေရယ်၊ ကျန်တဲ့ပါတီတွေရော ညွန့်ပေါင်း ဖြစ်လာမယ်လို့ ထင်တယ်။ ညွန့်ပေါင်း ဖြစ်တယ်ဆိုရင်တော့ တပ်မ တော်ကကျေနပ်မယ် လို့ထင်တယ်။ NLD က အပြတ်အသတ် နိုင်သွားရင်တော့ တမျိုးဖြစ်မယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ ထင်တယ်။ ကျနော့် အမြင်ပေါ့နော်။ တပ်မတော်က အာဏာ သိမ်းဖို့မရှိဘူးလို့ ထင်ပါတယ်။ သူက အာဏာရှိထားပြီးသား၊ အစိုးရ ဖြစ်လာတဲ့သူတွေက တပ်မတော်နဲ့ ညှိရမှာ။