တရုတ်နိုင်ငံမှ ထွက်ပြေးလာသည့် ဝီဂါ မွတ်စလင်လူမျိုးများ အရေးနှင့် ပတ်သက်ပြီး တူရကီနိုင်ငံရှိ ထိုင်းကောင် စစ်ဝန် ရုံး မနေ့ညက တိုက်ခိုက်ခံရသဖြင့် ပိတ်ထားလိုက်ရကြောင်း Bangkok Post သတင်းတွင် ဖော်ပြထား သည်။ တရုတ်နိုင်ငံမှ ထွက်ပြေးလာသည့် ဝီဂါများကို ထိုင်းနိုင် ငံက တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည့်အတွက် ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ဆန္ဒပြသမားများ၏ မူလရည်ရွယ်ချက်မှာ ဒေသစံတော်ချိန် ၁၁နာရီခန့်တွင် ကောင်စစ်ဝန်ရုံးရှေ့တွင် ဝီဂါ အရေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်ရန်ဖြစ်သော်လည်း နောက်ပိုင်းတွင် ရည်ရွယ်ချက်ပြောင်းကာ အကြမ်းဖက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း၊ ပြူတင်းတံခါးများကို ခွဲပြီး ထိုင်းနိုင်ငံတော်အလံကို ဆွဲချခဲ့ကြောင်း၊ ထို့နောက် လုံခြုံရေးတပ်ဖွဲ့များရောက်လာကာ လူစုခွဲခဲ့ကြောင်းရေးသားထားသည်။အဆိုပါ တိုက်ခိုက်မှုတွင် မည်သူတဦးတယောက်မျှ ဒဏ်ရာရှိခြင်းမရှိခဲ့ပေ၊ ထိုင်းသံရုံးက တူရကီနိုင်ငံတွင် ထိုင်းလူမျိုး ၁၃၀၀ခန့် နေုထိုင်နေကြပြီး ၎င်းတို့အနေဖြင့် လုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှုပြုလုပ်ရန် လူမှုကွန်ရက်မှ သတိပေးထားကြောင်းလည်း ရေးသားထားသည်။ ပြီးခဲ့သည့်နှစ် မတ်လအတွင်းက တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှ ဝီဂါလူမျိုး ၁၇၃ ဦး ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်အတွက် ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တို့ကဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။