တပ်မတော်သည် ယခင် Leading Role နေရာတွင် ယူထားသော်လည်း ယခု အမျိုးသား နိုင်ငံရေးတွင်ပါဝင် ထမ်းဆောင်နေခြင်းသာဖြစ်၊ စစ်ဘက်- အရပ်ဘက် ဆက်ဆံရေး၌ ယခင် အမိန့်ပေးစနစ်ဖြစ်သော် လည်း ယခုအခါ အရပ်ဘက်မှ လုပ်ဆောင်နေသည်ကို တပ်မတော်က ကူညီနေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ဗြိတိန်သံအမတ်ကြီး H.E. Mr. Andrew Silas Patrick နှင့် နေပြည်တော်၌ တွေ့ဆုံ စဉ် ပြောကြားကြောင်း အစိုးရသတင်းနှင့် စစ်တပ်ပိုင် မြဝတီသတင်းတွင် ဖော်ပြထားသည်။ ဗြိတိန်သံ အမတ် ကြီးကလည်း မြန်မာ့ဒီမိုကရေစီ အရေး၌ တပ်မတော်၏ အခန်းကဏ္ဍလွန်စွာအရေးကြီး သည်ကို မိမိတို့အနေ ဖြင့် သဘောတူညီသော်လည်း ပြည်ပရှိနေသူတချို့က ဒီမိုကရေစီအသွင် ကူးပြောင်းခြင်း ဆိုသည်မှာ တပ်မတော်က လက်ရှိဒီမိုကရေစီ ဖြစ်စဉ်ဖြစ်ရပ်များမှ လုံးလုံးလျားလျား ထွက်ခွာသွားရန်ဟု ယူဆကြောင်းကို ပြောသည်။
ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲသည် လွတ်လပ်ပြီး မျှတမှုရှိရန်မှာ မိမိ၏ဆန္ဒပင် ဖြစ်ပြီး၊ တချို့နေရာများ တွင် တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် ရှိနေသဖြင့် အကောင်း ဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်နေကြောင်း၊ တပ်မတော်အနေဖြင့် မဲပေးသည့် ဌာနများနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ လုံခြုံရေးနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည့်ရလဒ်ကို လက်ခံမည်သာ ဖြစ်ကြောင်းပြောသည်။ ငြိမ်းချမ်းရေးရရှိရန် အမှန်တကယ် လိုလားပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားစိတ် ရှိရန်လိုကြောင်း၊ ငြိမ်းချမ်းရေး ရယူပြီးပါကလည်း ဥပဒေနှင့် အညီသွားဖို့ ဆန္ဒရှိရန်လိုကြောင်း၊ ငြိမ်းချမ်းရေး ရယူပြီးနောက် လက်နက်များ ဆွဲကိုင်ထား၍ မရကြောင်း၊ NCA လက်မှတ် ရေးထိုးပြီးပါက DDR၊ SSR လုပ်ငန်းစဉ်များကို မဖြစ်မနေ ညှိနှိုင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းကို လက်ခံသည်ဆိုပြီး လက်နက်ကိုင် လမ်းစဉ်ကို မစွန့်လွှတ်၍ မဖြစ်နိုင်ကြောင်း၊ ဥပဒေနှင့်အညီ လက်နက်ကိုင်သည့် စနစ်ကိုသာ သွားရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းကို အတူလက်တွဲ လျှောက်လှမ်းရာတွင် ဒီမိုကရေစီ အနှစ်သာရကို ပြည့်စုံမှုရှိအောင် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ လက်မှတ်မထိုးသည့် အဖွဲ့များ အနေဖြင့်လည်း စည်းမျဉ်းစည်းကမ်းကို မလိုက်နာဘဲ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်လာမည်ဆိုပါက အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရမည် ဖြစ်ကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။
ဗြိတိန်သံ အမတ် ကြီးကလည်း မြန်မာ့ဒီမိုကရေစီ အရေး၌ တပ်မတော်၏ အခန်းကဏ္ဍလွန်စွာအရေးကြီး သည်ကို မိမိတို့အနေ ဖြင့် သဘောတူညီသော် လည်း ပြည်ပရှိနေ သူတချို့က ဒီမိုကရေစီအသွင် ကူးပြောင်းခြင်း ဆိုသည်မှာ တပ်မတော်က လက်ရှိဒီမိုကရေစီ ဖြစ်စဉ်ဖြစ်ရပ်များမှ လုံးလုံးလျားလျား ထွက်ခွာသွားရန်ဟု ယူဆကြောင်း ကို ပြောသည်။