မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထိန်းသိမ်းခံ ရတနာ ပုံကျောင်းသား သမဂ္ဂခေါင်းဆောင် များဖြစ်သည့် ကိုနိုင်ရဲဝေ၊ ကိုအောင် ဆန်းဦး၊ ကိုဉာဏ်လင်းထက်၊ ကိုဂျစ်တူးတို့အား စာမေးပွဲဖြေ ဆိုခွင့်ပေး ရန် ပြီးခဲ့သည့်ရက်က ကြေညာ ချက်ထုတ် တိုက်တွန်းခဲ့သော်လည်း ဒုတိယအကြိမ်လျှောက်ထားမူ အမရပူရတရားရုံးက ယနေ့ ပယ်ချလိုက်သည်။
အမရပူရမြို့နယ်တရားရုံးတွင်ပုဒ်မ၁၄၃၊ ပုဒ်မ၁၄၇၊ ပုဒ်မ၅၀၅(ခ)၊ ပုဒ်မ၁၈တို့ ဖြင့် တရားစွဲခံနေရသော ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်ကျောင်းသားများ၏ လာမည့်စက်တင်ဘာ၁၇ရက် ကျင်းပ မည့်သက်ဆိုင်ရာအတန်းလိုက်စာမေးပွဲများဖြေဆိုခွင့်လျောက်ထားမူကိုယနေ့အမရပူရမြို့နယ်တရားသူကြီးကချက်ချင်းပယ်ချခံခြင်းဖြစ်သည်။
မြန်မာနိင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင် အဆိုပါ ကျောင်းသားများ၏ အနာဂတ်အတွက် အာမခံပေး၍ စာမေးပွဲဖြေဆိုနိင်ရန်တရားရုံးသို့မေတ္တာရပ်ခံသည့် ၁၁/၂၀၁၅ ကြေညာချက်ကို ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။
(မန္တလေး အခြေစိုက် ဧရာဝတီ သတင်းထောက် မင်းထက်ငြိမ်းချမ်း ပေးပို့သည်)