ကမ္ဘာတင်းနစ်ချန်ပီယံများဖြစ်သည့် ဂျိုကိုဗစ်နှင့် ရာဖယ် နာဒယ်တို့ဟာ ယနေ့ ဘန်ကောက်မြို့က Hua Mark မိုးလုံလေလုံကွင်းမှာ ကစားမှာဖြစ်ပါတယ်။
ဆာဘီးယားသား ဂျိုကိုဗစ်ကတော့ လက်ရှိကမ္ဘာ့ချန်ပီယံဖြစ်ပြီး၊ စပိန်သား နာဒယ်ကတော့ ကမ္ဘာ့ချန်ပီယံ ဟောင်းဖြစ်ပါတယ်၊ သူတို့ဟာ မနေ့က ဘန်ကောက်မြို့ကို ရောက်ရှိလာ တာဖြစ်ပါတယ်။
ဒီပွဲကို ထိုင်းနိုင်ငံရဲ့ Lawn တင်းနစ်အဖွဲ့က စီစဉ်တာဖြစ်ပြီး ကုန်ကျစရိတ် ဘတ် သန်း ၁၅၀ ကိုတော့ True၊ CP အုပ်စုနဲ့ တခြားသော စီးပွားရေး လုပ်ငန်းရှင်တွေက တာဝန်ယူတယ်လို့ သိရပါတယ်။