တောင်တရုတ်ပင်လယ် ဖိလစ်ပိုင်မြောက်ပိုင်း ကမ်းရိုးတန်းမှာ အမေရိကန်၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်မယ်လို့ နယူးဒေလီမြို့မှာ ပြုလုပ်နေတဲ့ လုံခြုံရေးဆိုင်ရာ ညီလာခံမှာ အမေရိကန် ပစ္စဖိတ်ရေတပ်တောာ်စု အကြီးအကဲ့ ဟာရီဟာရစ်က ပြောကြားလိုက်တယ်လို့ The Wall Street Journal ကဆိုပါတယ်။ ဒီဒေသမျာ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ဘရူနိုင်း စတဲ့ နိုင်ငံက သူပိုင်ကိုယ်ပိုင်အငြင်းပွားနေတဲ့ ကျွန်းစုတွေရှိတဲ့အပြင်
တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ စစ်ရေးတည်ဆောက်မှု ကြောင့် တရုတ်နဲ့ အမေရိကန်အကြားမှာ တင်းမာမှုဖြစ်ပွားနေတဲ့ ဒေသဖြစ်ပါတယ်။
စစ်ရေးလေ့ကျင်မှုနဲ့ ပတ်သက်လို့ အချိန်ဇယား မထုတ်ပြန်ပေ မယ့် ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ ဆိုပါတယ်။
ဒီစစ်ရေးလေ့ကျင်မှုဟာ ၂၀၁၄ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ အမေရိကန်နဲ့ အိန္ဒိယရေတပ်တို့အကြား စစ်ရေး လေ့ကျင့်မှုရဲ့ တစိတ်တဒေသဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ တရုတ်ရဲ့ စစ်ရေးရည်မှန်းချက်ကြောင့် ဂျပန်ပါ ပါဝင်လာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ စစ်ရေးဆက်ဆံမှု ပူးပေါင်းမှုမဟာဗျူဟာကို အတိုင်းအတာ တခုအထိ ချဉ်းကပ်ကျင့်သုံးနေသလို တဖက်ကလည်း တရုတ်နဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမှုတွေ ပြုလုပ်နေပါတယ်။