• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းတွင် CI စာအုပ်လုပ်သည့် မြန်မာများ လမ်းဘေးတွင် အိပ်စောင့်နေကြရ

by ကျော်ခ
28 March 2018
in သတင်း
A A
CI စာအုပ်လုပ်ရန် ညအိပ်စောင့်နေကြသည့် မြန်မာ အလုပ်သမားများ  / AAC

CI စာအုပ်လုပ်ရန် ညအိပ်စောင့်နေကြသည့် မြန်မာ အလုပ်သမားများ / AAC

12k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရရှိရန်အတွက် ထုတ်ပေးနေသော Certificate of Identity (CI) စာအုပ် ရရှိရေး အတွက် မြန်မာအလုပ်သမားများမှာ ညအိပ်စောင့်ဆိုင်းနေရသည့် အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

CI စာအုပ်ဆိုသည်မှာ ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်၍ အလုပ်လုပ်ကိုင်ခွင့်ရှိရန် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား စာအုပ်ဖြစ်ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရကြား သဘောတူညီချက်နှင့် ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့မှ စတင်၍ ထုတ်ပေး နေခြင်းဖြစ်သည်။

RelatedPosts

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ်  NUG ဝေဖန် (ရုပ်/သံ)

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ် NUG ဝေဖန် (ရုပ်/သံ)

17 July 2025
38
စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

17 July 2025
43
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
457

CI စာအုပ်လုပ်ငန်းစဉ်မှာ ယခုလ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်သဖြင့် အချိန်မီ မလုပ်လိုက်နိုင်လျင် တရားမဝင် အလုပ်သမား ဖြစ်မည်ကို စိုးရိမ်နေကြသည့် မြန်မာ အလုပ်သမားများမှာ CI စာအုပ်ထုတ်ပေးရေး ရုံးများရှေ့တွင် တန်းစီ၍ ညအိပ်ညနေ စောင့်ဆိုင်းနေကြရခြင်း ဖြစ်ကြောင်း  မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့် ရှောက်ရေး အဖွဲ့ (AAC) အဖွဲ့တာဝန်ခံ ဦးရဲမင်း ကပြောသည်။

CI စာအုပ်လုပ်ရန် ညအိပ်စောင့်နေကြသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – AAC)

ဦးရဲမင်း က “လက်ရှိကတော့ အလုပ်သမားတွေ သက်တမ်းတိုးဖို့ မမီတော့ဘူး။ အချိန်က ကပ်သွားပြီ အလုပ်သမားတွေ သိန်းနဲ့ ချီပြီး ကျန်ခဲ့မယ်။ လက်ရှိလုပ်နေတဲ့လူတွေကလည်း CI ရုံးတွေရှေ့လမ်းဘေးက ပလက်ဖောင်းမှာ ဖြစ်သလို အိပ်စောင့်ပြီး လုပ်နေရတဲ့ အနေအထားတွေ ဖြစ်ကုန်တာပေါ့။ နှစ်ဘက်အစိုးရကြား ချမှတ်တဲ့ ပေါ်လစီမှာ ဘာအမှားအယွင်း ဖြစ်သွားလဲတော့ မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထိုင်းအစိုးရ၏ တရားဝင် ထုတ်ပြန်ထားချက်အရ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့် CI စာအုပ် လုပ်ငန်းစဉ်ကို ရက်ထပ်တိုးပေးရန် လိုအပ်ပြီး အကယ်၍ တိုးမပေးနိုင်ပါက မြန်မာအလုပ်သမားများအနေဖြင့် တရားမဝင် အလုပ်သမားများ ဖြစ်သွားလျှင် ထိုင်းအလုပ်ရှင်များကိုလည်း ထိခိုက်မှုရှိလာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

CI စာအုပ်လုပ်ရန် ညအိပ်စောင့်နေကြသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – AAC)

ရွှေ့ပြောင်း အလုပ်သမားများမှာ တရားဝင် အလုပ်သမားများအဖြစ် လုပ်ကိုင်နိုင်ကြရန် ကြိုးစားနေကြသော်လည်း လုပ်ငန်းစဉ် ဆောင်ရွက်နေမှု အနေအထားအရ အလုပ်သမားများ တရားမဝင်ဖြစ်သွားခြင်း၊ တရားဝင်ဖြစ်သွားခြင်းမှာ ၂ နိုင်ငံ အစိုးရများ အပေါ်တွင်သာ မူတည်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN ) ဒု ဥက္ကဋ္ဌ ဦးအောင်ကျော် က ပြောသည်။

ဦးအောင်ကျော် က “ထိုင်းအစိုးရက နောက်ဆုံး သတ်မှတ်ပေးလိုက်တဲ့ မတ်လ ၃၁ ဆိုတဲ့ အနေအထားမှာ အချိန်မမီမှာ စိုးတဲ့ အတွက် ကျနော်တို့ မြန်မာလုပ်သားတွေဟာ စိုးရိမ်စိတ်ကြီးစွာနဲ့ သက်ဆိုင်ရာ စခန်းအသီးသီးမှာ နေ့ရော၊ ညရော အိပ်စောင့် နေရတဲ့ အနေအထား မျိုးတွေ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

CI စာအုပ်လုပ်ရန် ညအိပ်စောင့်နေကြသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – AAC)

CI စာအုပ်ကို မြန်မာအလုပ်သမား အများစုရှိသော မဟာချိုင် ဒေသ အပါအဝင် စုစုပေါင်း နေရာ ၉ ခုအထိ ဖွင့်လှစ် လုပ်ဆောင်ပေးနေသလို လူများသော စက်ရုံ အလုပ်ရုံများတွင်လည်း Mobile Team စနစ်ဖြင့် လိုက်လံ ဆောင်ရွက် ပေးနေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး အလုပ်သမားသံအရာရှိများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများ ထံမှ သိရှိရသည်။

သို့သော်လည်း အဆိုပါ CI စာအုပ်ထုတ်ပေးရေးရုံးများတွင် မြန်မာအလုပ်သမားများမှာ ကြားပွဲစားများ၏ ခေါင်းပုံဖြတ်မှု ခံနေရကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။

CI စာအုပ်လုပ်ရန် ညအိပ်စောင့်နေကြသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – AAC)

ဦးရဲမင်း က “CI စာအုပ်ထုတ်ပေးရေးနေရာတွေမှာ ပွဲစားတွေက ကြိုတင်နံပါက်တွေကို အများကြီး ကြိုယူထားတယ်လို့ သိရတယ်။ ပွဲစားနဲ့ ရောင်းစားထားတဲ့ သဘောပေါ့” ဟု ဆိုသည်။

နှစ်နိုင်ငံ တရားဝင် သဘောတူညီချက် အရ CI စာအုပ် လုပ်ဆောင်သောအခါ ပေးသွင်းရမည့် ငွေပမာဏသည် CI စာအုပ် ကြေးအဖြစ် ထိုင်းဘတ်ငွေ ၃၁၀၊ ဗီဇာကြေး ၅၀၀ နှင့် အလုပ်အကိုင် ရှာဖွေရေးဌာနတွင် Work Permit နှင့် ပတ်သက်သည့် စာရွက် စာတမ်းဖိုး ၁၀၀၊ စုစုပေါင်း ဘတ် ၉၁၀ (မြန်မာကျပ်ငွေ ၄ သောင်း ဝန်းကျင်) ကုန်ကျမည်ဖြစ်သည်။

သို့သော်လည်း လက်တွေ့လုပ်ဆောင်သည့် အခါတွင် မူလတရားဝင် သတ်မှတ်ဈေးနှုန်း မဟုတ်ဘဲ ဘတ် ၅ ထောင်၊ ၇ ထောင်၊ ၁ သောင်း မှ ၁၅၀၀၀ ထောင် (ကျပ် ၆ သိန်းခန့်) အထိ ပေးနေရကြောင်း ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများ နှင့် မြန်မာ အလုပ်သမားများက ပြောသည်။

CI စာအုပ်လုပ်ရန် ညအိပ်စောင့်နေကြသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – AAC)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် တွေ့ဆုံရန် မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီတွင် တွေ့ရန် ချိန်းဆိုထားသော်လည်း ညနေ ၅ နာရီထိုးသည် အထိ ရောက်ရှိမလာသေးကြောင်း တွေ့ဆုံရန် စောင့်ဆိုင်းနေသူ တဦးက ဧရာဝတီသို့ ပြောသည်။

ဝန်ကြီး ဦးသိန်းဆွေနှင့် တွေ့ဆုံလျှင် ၎င်းတို့အနေဖြင့် မြန်မာအလုပ်သမားများ၏ လက်ရှိကြုံတွေ့နေရသော CI စာအုပ်လုပ်ငန်းစဉ်အပါအဝင် အခြားသော အခက်အခဲအခြေအနေများနှင့်ပတ်သက်ပြီး တင်ပြရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

AAC အဖွဲ့တာဝန်ခံ ဦးရဲမင်း ကတော့ ၎င်းတို့ အနေဖြင့်လည်း မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲ အကြပ်အတည်းများနှင့် ပတ်သက်၍ ဝန်ကြီး ဦးသိန်းဆွေ၏ ခရီးစဉ်တွင် တင်ပြရန် ပြင်ဆင်ထားသော်လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး အလုပ်သမား သံအရာရှိများက မဖိတ်ကြားသဖြင့် တင်ပြခွင့်မရဘဲဖြစ်နေသည်ဟုဆိုသည်။

CI စာအုပ်လုပ်ရန် ညအိပ်စောင့်နေကြသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – AAC)

ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများ လက်ရှိကြုံတွေ့နေရသည့် CI ကတ်ထုတ်ပေးရေး အခြေအနေများ၊ အလုပ်သမားများ ကြုံတွေ့နေရသည့် အကြပ်အတည်းများနှင့်ပတ်သက်၍ မေးမြန်းရန် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံး အလုပ်သမား သံအရာရှိများထံ ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေကြသော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံသား စုစု ပေါင်း ၄ သန်းခန့်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းထားပြီး ထိုပမာဏ၏ ရာခိုင်နှုန်း အများစုသည် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်းသိရသည်။

CI စာအုပ်လုပ်ရန် ညအိပ်စောင့်နေကြသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – AAC)

ဆက်စပ် ဖတ်ရှုရန် – ထိုင်းမှာ CI စာအုပ် လုပ်ရင်း ခေါင်းပုံဖြတ်ခံနေရတဲ့ မြန်မာတွေ

Your Thoughts …
Tags: CI စာအုပ်
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုင်ဆောင်သည့် CI စာအုပ်  / ကျော်ခ / ဧရာဝတီ

CI စာအုပ်ထုတ်သည့် လုပ်ငန်းစဉ်ရှုပ်ထွေး၍ ပွဲစားများဖြင့် လုပ်ဆောင်နေရ

by ဧရာဝတီ
25 January 2023
7.4k

အလုပ်သမားတဦးအနေဖြင့် CI စာအုပ်လုပ်ခြင်း၊ သက်တမ်းတိုးခြင်းများ လုပ်ဆောင်ရာတွင် ပွဲစားများ ကို ဘတ်ငွေ ၈ ထောင်၊ ၉ ထောင်မှ ဘတ် ၁ သောင်းနီးပါးထိ ပေး၍ လုပ်ဆောင်နေကြရကြောင်း သိရသည်။

ယခုနှစ် ဇူလိုင် လပိုင်းက နယ်စပ်မှ တဆင့် ပြည်တော်ပြန်ခဲ့ကြသည့် မြန်မာအလုပ်သမားများ  / ကျော်ခ / ဧရာဝတီ

ထိုင်းမှာ CI စာအုပ် လုပ်ရင်း ခေါင်းပုံဖြတ်ခံနေရတဲ့ မြန်မာတွေ

by ကျော်ခ
3 December 2017
8.8k

အခု ကျနော်တို့က ပွဲစားတွေကို CI စခန်းမှာဘဲ ပေါ်တင်ကြီး ပိုက်ဆံတွေ ပေးနေရတယ်။ ကျနော်တို့က မပေးချင်ဘူး။ မပေးလို့ CI စာအုပ် မရရင် ကျနော်တို့ပဲ ဒုက္ခရောက်မှာလေ ဒါကြောင့် ပေးလိုက်ရတာပဲ

Next Post
အောင်ကိုထွေးကို နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် အမှုနဲ့ ထပ်မံစွဲဆို (ရုပ်/သံ)

အောင်ကိုထွေးကို နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် အမှုနဲ့ ထပ်မံစွဲဆို (ရုပ်/သံ)

စစ်ရှောင်စခန်းမှ ပျောက်ဆုံးနေသော ကချင်အမျိုးသား ၂ ဦး

မန်စီတွင် အသတ်ခံရသူ ၂ ဦးအမှု ကူညီသူကို တပ်မတော် အမှုဖွင့်

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.2k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate