• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုက်ပွဲများကြောင့် ကချင် ဒေသခံ ၂၀၀၀ ခန့် တောတွင်းပိတ်မိနေ

by နန်းလွင်နှင်းပွင့်
15 April 2018
in သတင်း
A A
တောတွင်း၌ ထွက်ပြေးခိုလှုံနေကြရသော ဒေသခံများ / Hkun Awng Nlam

တောတွင်း၌ ထွက်ပြေးခိုလှုံနေကြရသော ဒေသခံများ / Hkun Awng Nlam

20k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများကြောင့် ရွာ ၃ ရွာမှ ဒေသခံဦးရေ ၂၀၀၀ ဝန်းကျင် နေအိမ်များမှ ထွက်ပြေးပြီး တောအတွင်းပိတ်မိနေသည်မှာ ၄ ရက်ရှိပြီဟု သတင်းရရှိသည်။

တနိုင်းမြို့နယ်အတွင်း တပ်မတော်နှင့် KIA တို့အကြား ယခုလ ၁၁ ရက်နေ့ကစတင်၍ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး အဆိုပါဒေသရှိ ဆွတ်ရာ၊ ဆွတ်ရိန်နှင့် အောင်လာဒ် စသည့် ကျေးရွာ ၃ ရွာမှ ဒေသခံ ၂၀၀၀ ခန့်သည် ဘေးလွတ်ရာသို့ ပုန်းရှောင် ခိုလှုံနေရခြင်းဖြစ်ကြောင်း တနိုင်းမြို့၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ၊ ဒုဥက္ကဋ္ဌ ဦးနော်တောင် က ပြောသည်။

RelatedPosts

လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

18 July 2025
519
မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

18 July 2025
7
KIA ထိန်းချုပ် နယ်မြေတချို့ကို စစ်တပ်က နေရာဝင်ယူ (ရုပ်/သံ)

KIA ထိန်းချုပ် နယ်မြေတချို့ကို စစ်တပ်က နေရာဝင်ယူ (ရုပ်/သံ)

18 July 2025
56
တောတွင်း၌ ထွက်ပြေးခိုလှုံနေကြရသော ဒေသခံများ (ဓာတ်ပုံ – Hkun Awng Nlam)

ဦးနော်တောင် က “ခုပိတ်မိနေတာ အောင်လောဒ်ရွာရဲ့ ဘေးနားခိုလှုံလို့ရတဲ့ နေရာမှာ အခု ပိတ်မိနေတယ်” ဟုဧရာဝတီကို ပြောသည်။

တပ်မတော်နှင့် တနိုင်းမြို့နယ် အခြေစိုက် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) တို့သည် ဧပြီလ ၁၁ ရက်မှ စ၍ တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားကြောင်း၊ တိုက်ပွဲများတွင် တပ်မတော်ဘက်မှ လေယာဉ် များ ဖြင့် ဗုံးကျဲသည်များကိုလည်း တွေ့သည်ဟုဒေသခံများက ပြောသည်။

ဧရာဝတီမှ တိုက်ပွဲအခြေအနေများကို မေးမြန်းရန် တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူများနှင့် KIA ၏ ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်ရာ ဆက်သွယ်၍ မရပါ။

ပိတ်မိနေသူများကို ကယ်ထုတ်ရန် တနိုင်းမြို့ပေါ်မှ သွားမည်ဆိုပါက ကုန်းလမ်း၊ ရေလမ်း နှစ်လမ်းရှိပြီး ကုန်းလမ်းမှာ တပ်မတော်က KIA ထိုးစစ်ဆင်နေသဖြင့် စစ်ကြောင်းများ နေရာယူထားသဖြင့် မလွယ်ကူကြောင်း၊ ရေလမ်းဖြင့် ကယ်ထုတ်နိုင်ရန် အဆင်ပြေမည် ဖြစ်သော်လည်း ဒေသအာဏာပိုင်များနှင့် အစိုးရထံမှ ခွင့်ပြုချက်များ လိုကြောင်း ဦးနော်တောင်က ပြောသည်။

တောတွင်း၌ ထွက်ပြေးခိုလှုံနေကြရသော ဒေသခံများ (ဓာတ်ပုံ – Hkun Awng Nlam)

ဦးနော်တောင် က “ဒီနေ့ ၁၅ ရက်ဆိုတော့ ၄ ရက်လောက်က တောထဲမှာ ဖြစ်သလိုပဲ နေနေရတယ်။ မသန်စွမ်းတွေလည်း ရှိနေတယ်။ ကျနော်တို့ တော်တော်လေး စိုးရိမ်နေတယ်။ တောထဲမှာ ရက်အကြာကြီးနေမယ်ဆိုရင် ကလေးတွေ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေ ကျန်းမာရေး၊ စားဝတ်နေရေးက စိုးရိမ်စရာ ဖြစ်လာမယ်။ တနိုင်းဒေသက နွေရာသီဆို ရာသီဥတု ဖောက်ပြန်တယ်။ မိုးရွာတာ မိုးသီးကျတာ ဖြစ်လာရင် သူတို့အတွက် စိုးရိမ်စရာ ဖြစ်တယ်” ဟု ပြောသည်။

ထို့ပြင် တိုက်ပွဲများမဖြစ်ပွားခင် ဧပြီလ ၈ ရက်က ဘာသာရေးပွဲတော်ကို တတ်ရောက်ရန် အောင်လောဒ် ရွာမှ တနိုင်းမြို့သို့ ရောက်နေသူများ ၂၁၈ ဦးရှိနေသဖြင့် ထိုသူများမှာလည်း တိုက်ပွဲများကြောင့် မပြန်နိုင်သဖြင့် တနိုင်းမြို့ပေါ်တွင် ခိုလှုံနေရသည်ဟု ဦးနော်တောင်က ပြောသည်။

တိုက်ပွဲများကြောင့် ဆွတ်ရာ၊ ဆွတ်ရိန်နှင့် အောင်လောဒ်ရွာများမှ ဒေသခံ ၂၀၀၀ ဝန်းကျင် တောအတွင်းသို့ ထွက်ပြေးပြီး တနိုင်းမြို့ပေါ်သို့ ပြေးရန် စီစဉ်ရာ မြို့ပေါ်သို့ သွားမည့် လမ်းတလျှောက်တွင် တပ်မတော် ၊ စစ်ကြောင်းများနှင့် တိုက်ပွဲများ ရှိနေ၍ ရှေ့ဆက်သွားမရသဖြင့် မြို့ပေါ်ရှိ ခရစ်ယာန်ဘာသာရေး ဆရာများကို လာရောက် ကယ်ဆယ်ရန် ဖုန်းဖြင့် အကူညီ တောင်းထားကြောင်း သိရသည်။

တနိုင်းမြို့၊ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီက ၎င်းတို့ ကော်မတီဝင်များ သွားရောက် ကယ်ဆယ်၍ မရသဖြင့် ကချင်ပြည်နယ်၊ ဝန်ကြီးချုပ်ထံ အကူအညီတောင်းသည့် စာတစောင်ကိုဧပြီလ ၁၄ ရက်က ပို့ထားပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ်( တနိုင်းမြို့) ၏ ဒေသကွပ်ကဲရေးမှူးကိုလည်း သွားရောက်တွေ့ဆုံကာ အကူအညီ တောင်းထားကြောင်း သိရသည်။

ဒေသကွပ်ကဲရေးမှူးကို ဧပြီလ ၁၂ ရက်နေ့က အကူအညီတောင်းခဲ့ရာ ၎င်းအနေဖြင့် ဆုံးဖြတ်ချက်မပေးနိုင် ကြောင်း ပြန်လည် ပြောဆိုသည်ဟုလည်း ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီထံမှ သိရသည်။

ကော်မတီမှ ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ပေးပို့သည့် စာထဲတွင် ဧပြီလ ၁၁ ရက်က လေယာဉ်မှ ကျဲချသည့် ဗုံးပေါက်ကွဲခြင်းကြောင့် အောင်လောဒ်ကျေးရွာနေအသက် ၂၂ နှစ်အရွယ်ရှိ ဦးအင်ပေါင်နော် သေဆုံးပြီး သေဆုံးသူ၏ ဖခင်ဖြစ်သ ူဦးအင်ပေါင်ယော်မှာလည်း ဒဏ်ရာများ ပြင်းပြင်းထန်ထန် ရရှိထားကြောင်း ရေးသားထားသည်ကိုတွေ့ရသည်။

ထို့ပြင် ပိတ်မိနေသူသည့် စစ်ဘေးရှောင်ဒုက္ခသည်များကို အမြန်ဆုံး ကူညီကယ်ထုတ်နိုင်ရေးအတွက် အကူညီပေးပါရန် တောင်းဆိုကြောင်း ရေးသားထားပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ လိပ်မူကာ စာမိတ္တူကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ တနိုင်းမြို့၊ ဒေသကွပ်ကဲမှှုစစ်ဌာနချုပ် ၊ ဒေသကွပ်ကဲရေးမှူး၊ မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့၊ တနိုင်းမြို့ အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံ ဂိုဏ်းပေါင်းစုံ ခရစ်ယာန် အသင်းချုပ်၊ တနိုင်းမြို့ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကိုလည်း တပါတည်းပေးပို့ထားသည်။

တောတွင်း၌ ထွက်ပြေးခိုလှုံနေကြရသော ဒေသခံများ (ဓာတ်ပုံ – Hkun Awng Nlam)

တနိုင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး က “ကျနော်တို့ သက်ဆိုင်ရာ ဝန်ကြီးချုပ်ကို ဆက်သွယ် ပေးထားပါတယ်။ အဓိက ခက်တာက တပ်ပိုင်းဆိုင်ရာ KIO နဲ့ တပ်မတော်နဲ့ ဖြစ်နေတော့ ကာယကံရှင် နှစ်ဦး တိုက်ရိုက် သက်ဆိုင်တဲ့ သူတွေ ညှိနှိုင်းပေးမှပဲ အဆင်ပြေမှာ” ဟု ပြောသည်။

တနိုင်းမြို့နယ်အတွင်း KIA က နိုင်ငံတော်ခွင့်ပြုချက် မရပဲ ပယင်း၊ ကျောက်နှင့် ရွှေမှော်များကို တရားမဝင် တူးဖော်ပြီး နှစ်စဉ် ကျပ်သိန်းပေါင်း ၂၈,၀၀၀ ကျပ် ရရှိနေသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးသည်ဟုဆိုကာ တပ်မတော်က ၂၀၁၇ ခုနှစ်၊ ဇွန်လပထမပတ်က စပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စတင်ထိုးစစ် ဆင်ချိန်က မှော်များအနီးရှိ ရွာများမှ ဒေသခံများထွက်ခွာသွားရန်လည်း တပ်မတော်က ရဟတ်ယာဉ် ပေါ်မှ စာများကျဲချခဲ့ပြီး တိုက်ပွဲဖြစ်သဖြင့် ဒေသခံ ၁၀၀၀ နီးပါးတနိုင်းမြို့ပေါ်သို့ ထွက်ပြေးခဲ့ရပြီး ယနေ့ထိ ခရစ်ယာန်ဘာသာရေး ကျောင်းများတွင် ခိုလှုံနေရဆဲ ဖြစ်သည်။

ထိုစစ်ဘေးရှောင် ဒုက္ခသည်များကို ဒေသအာဏာပိုင်များက မြို့ဂုဏ်သိက္ခာနှင့် မညီဟုဆိုကာ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများဖွင့်လှစ်ခွင့် မပေးသဖြင့် ဘာသာရေးကျောင်းများအတွင်း ယာယီအမိုး အကာများဖြင့် ဆောက်လုပ်နေထိုင် နေရပြီး စစ်ဘေးရှောင်ဒုက္ခသည်အဖြစ် အသိမှတ်ပြုခြင်းမခံရသဖြင့် စစ်ဘေးရှောင်ဒုက္ခ သည် များကိုကူညီနေသည့် နိုင်ငံတကာအဖွဲ့ အစည်းများထံမှလည်း စားနပ်ရိက္ခာနှင့် လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မရရှိဟု ဆိုသည်။

၂၀၁၇ ခုနှစ်က တိုက်ပွဲဖြစ်ပွားသည့် နေရာသည် KIA တပ်ရင်း (၁၄) ၏မှော်များရှိရာ တနိုင်းချောင်း အောက်ဘက်အရပ်ဖြစ်ပြီး ယခုတိုက်ပွဲဖြစ်ပွားပြီး ဒေသခံများပြေးနေရသည့် နေရသည် တနိုင်းမြို့ အရှေ့ဘက်၊ တနိုင်းချောင်း အထက်ဘက်၊ လီဒိုလမ်းမ အနီးတွင်ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၅ ရက်ကလည်း KIA တပ်ရင်း ၁၄က ဧပြီလ ၁၀ ရက်မှ စပြီးတနိုင်းဒေသ၊ ဟူးကောင်း ခရိုင်အတွင်း တပ်မတော်ကို ပြောက်ကျားနှင့် မိုင်းစစ်ဆင်ရေး ပြုလုပ်ကာ တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ရှဒူးဇွတ် ဂျာဝမ်၊ နမ်ဗျူ၊ နမ်ကွမ်း၊ တုံမဏီ၊ ဒဂွမ်ချောင်း၊ ဒဘတ်ချောင်းဖျား၊ ရွှေမှော်များနှင့် ပယင်းမှော်များသို့ ဝင်ရောက် နေသည့် ဒေသခံများထွက်ခွာသွားရန် သတိပေးစာတစောင်ကို ထုတ်ပြန်ထားသည်။

Your Thoughts …
Tags: တနိုင်းဒုက္ခသည်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.5k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

by ဧရာဝတီ
9 January 2025
11.8k

သတင်းကောင်းမှာ စစ်တပ်သည် ကျဆုံးသည့် အနေအထားတွင် ရှိနေသည်။

စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ

စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ

by ဗညားအောင်
21 February 2024
11.8k

သတင်းစာများပေါ်တွင် စစ်ကောင်စီခေါင်းဆောင်များ ဟန်မပျက် ပွဲတက်ပြနေသော်လည်း စစ်တပ်၏ စစ်ရေးအကျပ်အတည်းမှာ ကြီးမား၏။

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

by Igor Blazevic
14 April 2024
11.6k

စစ်တပ်ကို တော်လှန်နေတဲ့ အင်အားစုတွေဟာ အခုဆိုရင် မဟာဗျူဟာကျကျ အချိန်ကိုက် ညှိပြီး တိုက်ခိုက်ရေးကို လုပ်ဆောင်ကြဖို့ အခွင့်အရေး ရနေပါတယ်။

ယိုယွင်းလာသော စကစနှင့် ပြောင်းလဲလာသော အိမ်နီးချင်းနိုင်ငံများ

ယိုယွင်းလာသော စကစနှင့် ပြောင်းလဲလာသော အိမ်နီးချင်းနိုင်ငံများ

by ဝတ်ရည်ခိုင်မာ
16 March 2024
10.8k

အိမ်နီးချင်းနိုင်ငံများထဲမှ လူသားချင်းစာနာမှု အကူအညီပေးရေး၊ စစ်ဘေးဒုက္ခသည်များကို ကူညီရေးအတွက် ပြောဆိုသည်မှာ ထိုင်းနိုင်ငံနှင့် မီဇိုရမ်ပြည်နယ်သာရှိ၏။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

Next Post

လမ်းထွက်တာ ရေပက်ခံချင်လို့ (သို့) လမ်းလျှောက်သင်္ကြန် (ရုပ်/သံ)

ပျားရည်ရဲ့ ကျန်းမာရေး ကောင်းကျိုး ၉ ချက်

ပျားရည်ရဲ့ ကျန်းမာရေး ကောင်းကျိုး ၉ ချက်

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate