• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒရုန်းယာဉ်များ နယ်မြေလုံခြုံရေးအတွက် အသုံးပြုဟု တပ်မတော် ဝန်ခံ

by သီဟလွင်
23 January 2020
in သတင်း
A A
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာ ရှင်းလင်းပွဲ  / သီဟလွင် / ဧရာဝတီ

ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာ ရှင်းလင်းပွဲ / သီဟလွင် / ဧရာဝတီ

15.6k
VIEWS
Share on FacebookShare on Twitter

တပ်မတော် စစ်စခန်းများနှင့် နယ်မြေ ဒေသလုံခြုံရေးတို့အတွက် တပ်မတော်က မောင်းသူမဲ့ ဒရုန်းများ အသုံးပြု နေသည်မှာ မှန်ကန်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ယနေ့ နေပြည်တော်စစ်သမိုင်းပြတိုက်တွင် ယနေ့ ပြုလုပ်သော တပ်မတော် သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ သတင်းဌာန၏ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

RelatedPosts

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
525
ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

14 June 2025
59
ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

14 June 2025
1.4k

“တပ်ရင်းအဆင့်၊ တပ်ဖွဲ့ အဆင့်တွေမှာ သူ့အစီအစဉ်နဲ့သူ ဝယ်ထားတဲ့ ဒရုန်းတွေ ရှိတယ်။ တပ်ရဲ့ လုံခြုံရေး သူတို့ သွားတဲ့ နယ်မြေဒေသရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး သူတို့ ဓာတ်ပုံရိုက်တယ်။ ကြည့်တယ်။ ပြီးရင် စခန်း လုံခြုံရေး အတွက် ကြည့်တယ်။ ဒါတွေအတွက် အသုံးပြုနေတာမျိုး ရှိပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ယခုလအတွင်း ရက္ခိုင့်တပ်မတော်(AA)၏ ထုတ်ပြန်ချက်ထဲတွင် တပ်မတော်သည် ၂၀၂၀ ခုနှစ် အစောပိုင်း မှစ၍ ဒရုန်းစစ်ဆင်ရေးများကို ပူးတွဲလုပ်ဆောင်လာပြီး တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း အပြင် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်နှင့် ပလက်ဝမြို့နယ်များအတွင်း ဒရုန်းပေါ်မှ ဗုန်းကြဲ တိုက်ခိုက်ခြင်း များ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ဧရာဝတီက ယင်းသတင်းထုတ်ပြန်ချက်ကို အတည်ပြုနိုင်ရန်နှင့် AA ၏ သဘောထားကို သိရှိနိုင်ရန် ရက္ခိုင့် တပ် မတော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

တပ်မတော်တွင် မောင်းသူမဲ့ တိုက်ခိုက်နိုင်သည့် ဒရုန်းများ ရှိပါသလား ဆိုသည့် မေးခွန်းကို “ကျနော်တို့ကိုယ် ကျနော် တို့တောင်မှ အခုလောက် အဆင့်မြင့်မှန်း မသိခဲ့ဘူး။ အခုမှပဲ ကိုယ့်ဟာကိုယ်တောင် အဆင့်တော်တော်မြင့်နေပြီလို့ မှန်းရမလိုဖြစ်နေပြီ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

လက်ရှိတပ်မတော်မှ အသုံးပြုသော ဒရုန်းများမှာ ပြင်ပဈေးကွက်တွင် ဝယ်ယူနိုင်သော ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူး နိုင်သော ဒရုန်းများသာ ဖြစ်ကြောင်း၊ ယခင်က သစ်တောဦးစီးဌာနနှင့်ချိတ်ဆက်၍ သစ်တောများ၊ ဆည် တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ဖွံ့ ဖြိုးရေးလုပ်ငန်းများအတွက်သာ လေယာဉ်ဖြင့် ကောင်းကင် ဓာတ်ပုံ ရိုက်ခြင်းများသာ ရှိကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း ၎င်းတို့၏ တပ်မဟာ၊ တပ်ရင်း ဌာနချုပ်စခန်းများအား ၂၀၁၈ ခုနှစ်မှ စ၍ တပ်မတော်ဘက်မှ ဒရုန်းများ စေလွှတ်ကာ တပတ်တကြိမ်၊ နှစ်ပတ်တကြိမ် လာရောက် စုံစမ်းမှုများ ရှိသောကြောင့် နှစ်ဖက်အပြန်အလှန်ယုံကြည်မှုကို ပျက်ပြားစေနိုင်ကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်သည်။

ထို့ပြင် NCA စာချုပ်ပါ အချက် အချို့ကို ချိုးဖောက်ရာရောက်သောကြောင့် အပြင်းအထန် ကန့်ကွက်ကြောင်းလည်း KNU က ပြောသည်။

တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ “KNU ပဲဖြစ်ဖြစ်၊ ဘယ်စခန်းတွေပဲဖြစ်ဖြစ် ကျနော်တို့မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ စခန်းတွေက မြေပြင်မှာလည်း သတင်းရပြီးသားဖြစ်တယ်။ ဘယ်နေရာမှာ ဘာစခန်းရှိတယ် ဆိုတာလည်း အကုန်လုံးက သိပြီးသားဖြစ်တယ်။ ဒါတွေကို တကူးတက ကျနော်တို့က ဒရုန်းတွေကို အသုံးပြုပြီး သွားပြီးတော့ ဓာတ်ပုံ ရိုက်နေစရာ မလိုပါဘူး”ဟု ပြောသည်။

ဈေးကွက်ထဲတွင် ဝယ်ယူရရှိနိုင်သော ဗီဒီယို၊ ဓာတ်ပုံရိုက်နိုင်သည့် ဒရုန်းများဖြင့် စုံစမ်းထောက်လှမ်းမှုများကို နှစ်ဖက်တပ်များမှ ပြုလုပ်နိုင်ဖွယ်ရှိသော်လည်း ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဗုန်းကြဲတိုက်ခိုက်ခြင်းများ မှာ နည်းပညာအဆင့်များပြားကာ ရှုပ်ထွေးသောကြောင့် မဖြစ်နိုင်သေးကြောင်း သေနင်္ဂဗျူဟာ အင်စတီကျူမှ ဦးသိန်းထွန်းဦးက ပြောသည်။

“တပ်မတော်လည်း နောက်ပိုင်းမှာ Standard Army အနေနဲ့ သွားနေတဲ့အခါ ကျတော့ ထောက်လှမ်းရေးပိုင်းမှာ ဒရုန်းတွေ သုံးလာတယ်ဆိုတာ အများကြီးဖြစ်နိုင်ခြေရှိတယ်။ ဒါပေမယ့် ဒရုန်းပေါ်ကနေ တိုက်ခိုက် နိုင်လောက် တယ် ဆိုတာကတော့ နည်းပညာပိုင်းဆိုင်ရာမှာ အတော်ကြီးတော့ ရှုပ်ထွေးတယ်။ ဒရုန်းတော့ မဖြစ်နိုင်ဘူး။ တခြားလေကြောင်းက တိုက်တာမျိုး ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ဒရုန်းမှာ လက်နက်မဲ့ဒရုန်းနှင့် လက်နက်တပ်ဆင်ထားသည့် ဒရုန်းဟူ၍ နှစ်မျိုးရှိကြောင်း လက်နက်မဲ့ဒရုန်းများက စုံစမ်းထောက်လှမ်းသော အလုပ်ကိုလုပ်ကာ၊ လက်နက်တပ်ဆင်ထားသည့် ဒရုန်းများက အဝေးမှ ထိန်းချုပ် ကာ ပစ်မှတ်ကို တိုက်ခိုက်ချေမှုန်းသည့် အမျိုးအစားဖြစ်ကြောင်း ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ဗမာ့တပ်မတော်က စမ်းပြီးသုံးနေတာတွေရှိတယ်။ ကျနော် သိသလောက်တော့ နှစ်မျိုး စလုံးသုံးနေပါတယ်။ အခုက ဒရုန်းလေ့ကျင့်တဲ့ကွင်းက ကံမကောင်းစွာနဲ့ AA ဘက်ကိုရောက်နေတယ်။ လက်တွေ့တိုက်ပွဲဝင် ဒရုန်းတွေကို AA ဘက်မှာ စသုံးလာတာကို တွေ့ရတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

You may also like these stories:

ဘူးသီးတောင် တပ်မဌာနချုပ်ကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်

တိုင်းရင်းသားတွေကို “လက်နက်မပေးဘူး” လို့ တရုတ်ပြောကြားမှု မယုံကြည်ကြ

ရခိုင်လက်နက်ကိုင် ၂ ဖွဲ့ကြား ဆက်ဆံရေး တင်းမာ

Your Thoughts …
Tags: ဒရုန်းယာဉ်
သီဟလွင်

သီဟလွင်

ဧရာဝတီ

Similar Picks:

FN-6 လေယာဉ်ပစ် ပခုံးထမ်းလောင်ချာကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်က ပစ်လွှတ်ပြသစဉ်

PDF များ ပခုံးထမ်းလေယာဉ်ပစ် လက်နက်တွေ မရနိုင်သေးတဲ့အခါ

by Anthony Davis
20 January 2023
10.3k

မကြာမီအနာဂတ်ကာလအတွင်း ပခုံးထမ်း မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များက မြန်မာအတိုက်အခံအင်အားစုများကို ကယ်တင်ရန် ရောက်လာကြလိမ့်မည် မဟုတ်

နေပြည်တော် လွှတ်တော်အသွားလမ်းတနေရာ (ဓာတ်ပုံ- ဧရာဝတီ)

လွှတ်တော်အား ဒရုန်းဖြင့်ရိုက်ကူးရန် ကြိုးစားသည့် သတင်းထောက်အပါအဝင် ၄ ဦး အရေးယူခံရ

by ထက်နိုင်ဇော်
28 October 2017
6.1k

“သူတို့ကို ပို့ကုန်သွင်းကုန် ၈ နဲ့ အရေးယူထားတယ်ဆိုတာ မှန်ပါတယ်”ဟု ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဆန်းအောင်က ဧရာဝတီ သို့ အတည်ပြုသည်။

လဝကအက်ဥပဒေဖြင့် ထပ်မံတရားစွဲခံရသူ စင်္ကာပူနိုင်ငံသား Lau Hon Meng  / မိုးမိုး / ဧရာဝတီ

Drone လွှင့်တင်မှုဖြင့် ဖမ်းဆီးခံ နိုင်ငံခြားသားသတင်းထောက် ၂ ဦးကို လဝကအက်ဖြင့် ထပ်မံ တရားစွဲ

by မိုးမိုး
27 November 2017
7.3k

သွင်းကုန်၊ ထုတ်ကုန် ဥပဒေဖြင့် ထပ်မံ အမှုဖွင့်ထားသည့် အပေါ် ရှေ့နေများက ကန့်ကွက်ထားသော်လည်း တရားစွဲဆိုထားသည့် ပုဒ်မများအတွက် လာမည့် ဒီဇင်ဘာ ၄ ရက်နေ့ တွင် ဆက်လက် စစ်ဆေးမည်

Next Post
လူသေဆုံးမှုနှင့် ကူးစက်မှု ဆက်တိုက် ဖြစ်ပွားနေသည့် ဝူဟန်ဗိုင်းရပ်စ်

ဝူဟန်တွင် လူ ၁၇ ဦးသေဆုံးခဲ့ရသည့် ဗိုင်းရပ်၊ မြွေများမှတဆင့် ကူးစက်ခြင်း ဖြစ်နိုင်ဟုဆို

နိုင်ငံတကာတရားရုံး ICJ မှ တရားသူကြီးများ / Reuters

ကြားဖြတ် အစီအမံများ မြန်မာ လုပ်ဆောင်ရန် ICJ တရားရုံး ချမှတ်

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate