• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အပစ်ရပ် DKBA လုံခြုံရေးစခန်းကို စစ်ကောင်စီ ထိုးစစ်ဆင်တိုက်ခိုက်

by ဧရာဝတီ
15 January 2022
in သတင်း
A A
ကရင်ပြည်နယ်အတွင်းလှုပ်ရှားနေသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ  / ကျော်ခ၊ ဧရာဝတီ

ကရင်ပြည်နယ်အတွင်းလှုပ်ရှားနေသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ / ကျော်ခ၊ ဧရာဝတီ

29.3k
VIEWS
Share on FacebookShare on Twitter

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၏ လုံခြုံရေးစခန်းငယ်တခုကို အာဏာသိမ်း စစ်တပ်က ၃ ရက်ဆက်တိုက် ဝေဟင်၊ မြေပြင် ထိုးစစ်ဆင်ပြီး သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးလေးရွာရှိ ဗိုလ်မှူး ဗိုလ်စလုံး၏ DKBA လုံခြုံရေးစခန်းငယ်ကို အာဏာသိမ်း တပ်က စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ အမြောက်ဖြင့် ပစ်ခတ်ခြင်းနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ပါဝင်သည့် ပူးပေါင်း တပ်အင်အားများ အသုံးပြု တိုက်ခိုက်ပြီး ဇန်နဝါရီ ၁၄ ရက်နေ့တွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
927
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
196
ချင်းမိုင်က ဗုဒ္ဓနေ့ တောင်တက်ပွဲ (ရုပ်/သံ)

ချင်းမိုင်က ဗုဒ္ဓနေ့ တောင်တက်ပွဲ (ရုပ်/သံ)

11 May 2025
90

ဗိုလ်မှူးစလုံးစခန်း အသိမ်းခံလိုက်ရသည့် အခြေအနေနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ဧရာဝတီက DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လတ်တလောတွင် ၎င်းအနေဖြင့် အင်တာဗျူး မဖြေကြားလိုသေးကြောင်း၊ အခြေအနေ အသေးစိတ်ကို ပြည့်ပြည့်စုံစုံ သိရပါက သတင်းထုတ်ပြန်မည် ဖြစ်ကြောင်း ပြော ဆိုသည်။

ဗိုလ်မှူးစလုံးစခန်းတွင် ခိုလှုံနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအား ထောက်ပံ့ကူညီနေသည့် LGBT စာရေး ဆရာမ စောဟန်နွေဦးက ဗိုလ်မှူးစလုံးစခန်း အသိမ်းခံလိုက်ရပြီး PDF တပ်ဖွဲ့ဝင် ၈ ဦး အဖမ်းခံရကာ ၄ ဦး အသတ်ခံ လိုက်ရကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “ညသန်းခေါင်ကျော်တုန်းကတော့ အဲဒီ ဗိုလ်စလုံးစခန်းဘက်မှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်။ အဲဒါက နောက်ဆုံးရတဲ့ သတင်းပေါ့။ စစ်ဘေးရှောင်တွေ ဒီဘက်ကို ရှောင်လာရတယ်။ DKBA ဗိုလ်စလုံးစခန်းမှာ ရှိတဲ့ PDF ၈ ယောက်လောက် မိတယ်။ ၄ ယောက်လောက် အသတ်ခံလိုက်ရတယ်။ တချို့ကို သောင်ရင်း မြစ်ထဲကို မျှောလိုက်တာ။ အဲဒါက တကယ်ဖြစ်သွားတာ” ဟု ဆိုသည်။

အဆိုပါ အဖြစ်အပျက်နှင့် ပတ်သက်၍ ၎င်းနှင့် အဆက်သွယ်ရသည့် PDF တချို့က အတည်ပြုပြောဆိုခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကရင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှ ပြောရေးဆိုခွင့်ရှိသူ တဦးကမူ ဗိုလ်မှူးစလုံးစခန်းမှ PDF တပ်ဖွဲ့ဝင်ချို့ အသတ်ခံရသည်မှာ မှန်ကန်ကြောင်း ဧရာဝတီသို့ အတည်ပြုသော်လည်း PDF များ မည်ကဲ့သို့ အသတ်ခံရသည်နှင့် ပတ် သက်၍ ပြောဆိုခြင်း မရှိပေ။

၎င်းက “PDF တပ်ဖွဲ့ဝင်အချို့ အသတ်ခံရတာက အတည်ပြုပါတယ်။ မနေ့တုန်းကတော့ စစ်ဘေးရှောင်တွေကို ပစ်တာတွေလည်း ရှိတယ်။ ချောင်း (သောင်းရင်းမြစ်) ဟိုဘက်ကမ်းက ကူးနေတဲ့သူတွေကိုလည်း ပစ်တဲ့အနေအထား ရှိတယ်။ အရပ် သားတွေ ထိခိုက်မှုလည်း ရှိတယ်။ ဒီမနက်ဆိုရင် ချောင်းထဲမှာ အလောင်း ၈ လောင်းလောက် တွေ့နေရတယ်” ဟု ဆိုသည်။

ယနေ့ (ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းတွင် လေးကေကော်၊ ဖလူးဒေသတဝိုက်၌ တိုက်ပွဲ အပြင်းအထန်ဖြစ်မှု မရှိသော် လည်း ကော့ကရိတ်မြို့နယ် ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ဦးဆောင် သည့် ကရင်မဟာမိတ်ပူးပေါင်းတပ်များကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားမှုရှိကြောင်း ကရင်ပြည်နယ် ပြည်သူ့ကာ ကွယ်ရေးတပ် (PDF) ထံမှ သိရသည်။

ကရင်ပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ ပြောရေးဆိုခွင့်ရှိသူတဦးက “ကော့ကရိတ်ဘက်မှာတော့ ထိတွေ့မှုတွေ ဖြစ်တယ်။ နည်းနည်းပြင်းထန်တဲ့ အနေအထားမှာ ရှိတယ်။ ကျနော်တို့ဘက်က ပူးပေါင်းတပ်နဲ့ စကစဘက်နဲ့ ဖြစ်နေတဲ့ အနေအထားပေါ့။ နှစ်ဖက်ကျဆုံးမှု အနေအထားကတော့ မသိသေးဘူး။
ကျနော် တို့ ဘက်မှာတော့ ထိခိုက်မှု မရှိဘူး။ ကျနော်တို့ကတော့ ပြောက်ကျားစစ်အနေနဲ့ ဆင်နွှဲနေတာပေါ့။ ခုခံစစ် ဆင်နွှဲနေ တာပေါ့” ဟု ဆိုသည်။

ဇန်နဝါရီ ၁၄ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တောင်ပိုင်းဒေသ၌ စစ်ကောင်စီတပ်နှင့် ကရင်မဟာမိတ် ပူးပေါင်းတပ် များကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၆၀၀ ခန့် ထပ်တိုးလာပြီး လက်ရှိတွင် နေရပ်စွန့်ခွာ ထွက်ပြေးရ သူ ၁၅,၀၀၀ ကျော် ရှိနေကြောင်း စစ်ရှောင်များအား ကူညီနေသူများထံမှ သိရသည်။

Your Thoughts …
Tags: DKBAPDFစစ်ကောင်စီဖလူးလေးရွာဗိုလ်မှူးစလုံး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.5k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဂျီရီဘမ်-အင်ဖာ ရထားလမ်းပေါ်က မက်ကရူမြစ်ကူး တံတား ဖောက်လုပ်နေစဉ် / The Hindu

မြန်မာသို့ ဆက်သွယ်မည့် ရထားလမ်း တည်နေရာစစ်တမ်း အိန္ဒိယ အတည်ပြု

မတူပီမှာ စားနပ်ရိက္ခာ ပြတ်တော့မယ့်အရေးကြုံနေရ (ရုပ်/သံ)

မတူပီမှာ စားနပ်ရိက္ခာ ပြတ်တော့မယ့်အရေးကြုံနေရ (ရုပ်/သံ)

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

2 days ago
5.2k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
4.8k

Most Read

  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

    shares
    Share 0 Tweet 0
  • DOGE မှ နားပြီး အလှူရှင်ကြီး ဆက်လုပ်ရန် အီလွန်မတ်စ် ပြင်ဆင်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate