• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွှေကုက္ကိုလ်နှင့် တရုတ်မြို့သစ်စီမံကိန်းများ ထိုင်းက လျှပ်စစ်မီးဖြတ်မည်

by ဧရာဝတီ
2 June 2023
in သတင်း
A A
ရွှေကုက္ကိုလ်ရှိ ဟိုတယ်တလုံး / ဧရာဝတီ

ရွှေကုက္ကိုလ်ရှိ ဟိုတယ်တလုံး / ဧရာဝတီ

8.8k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တလျှောက်ရှိ တရားမဝင် လောင်းကစားလုပ်ငန်းများရှိရာသို့ ပေးနေသော လျှပ်စစ်မီးကို ထိုင်းနိုင်ငံဘက်က လာမည့် ဇွန် ၆ ရက်နေ့မှ စတင်ကာ ဖြတ်တောက်တော့မည်ဖြစ်သည်။

လူကုန်ကူးမှု၊ အွန်လိုင်းလောင်းကစားဂိမ်း နှင့် အွန်လိုင်းမှ ငွေကြေးလိမ် လည်သည့် လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများဖြင့် မကင်းသော ရွှေကုက္ကိုလ်၊ KK Park ကဲ့သို့ တရုတ်မြို့သစ်စီမံကိန်း စီမံကိန်းများသည် နယ်မြေခံ ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BFG) တို့ပါဝင် ပတ်သက်နေပြီး မြန်မာစစ်တပ်အနေနှင့်လည်း အကျိုးအမြတ် ခွဲဝေရရှိနေကြောင်း ယုံကြည်ရသည်။

Radio Free Asia သတင်းဌာနနှင့် ပူးပေါင်းလုပ်ကိုင်နေသော BenarNews သတင်းဌာန၏အဆို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးက ထိုင်းနိုင်ငံ လျှပ်စစ်မီးအာဏာပိုင်အဖွဲ့ထံ ယခုလို မီးဖြတ်ပေးရန် တောင်းဆိုလာသောကြောင့် ထိုသို့ဆုံးဖြတ်ခဲ့ရပြီး ဆုံးဖြတ်ချက်ကို ကရင်ပြည်နယ်နှင့် နယ်စပ်ချင်းကပ်လျက်ရှိရာ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးနှင့် မဲဆောက်မြို့တော်ဝန်ရုံးသို့ ထပ်ဆင့်အကြောင်းကြားခဲ့ကြောင်း သိရသည်။

ယခု မီးဖြတ်တောက်မှုသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်းက စစ်ကောင်စီ ဒုဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ကို ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က သွားရောက်တွေ့ဆုံပြီး နယ်စပ်မှ အွန်လိုင်း လိမ်လည်မှု လုပ်နေသည့် ဂိုဏ်းများ၊ နယ်စပ်ပြဿနာများနှင့် နှစ်နိုင်ငံရဲတပ်ဖွဲ့ချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ အရှိန် မြှင့်တင်ရန် တိုက်တွန်းပြောဆိုပြီးနောက် ချက်ခြင်းဆိုသလို ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရွှေကုက္ကိုလ် နှင့် လေးကေ့ကော် ဒေသအတွက် လျှပ်စစ်မီးဖြန့်ဖြူးနိုင်ရန် ထိုင်းနိုင်ငံ ခရိုင်လျှပ်စစ် ဓာတ်အားအာဏာပိုင် နှင့် ရွှေမြစ်သောင်ရင်းကုမ္ပဏီ တို့ကြား လျှပ်စစ်ဓာတ်အားဝယ်ယူမှု စာချုပ်ကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ရာ ရွှေကုက္ကိုလ်တခုတည်းအတွက် ကီလိုဝပ် ၈၀၀၀ ရှိကြောင်း သိရသည်။

ယခု လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း၊ မြဝတီမြို့ပေါ်ရှိ BGF ထိန်းချုပ်ရာ လောင်းကစားရုံ၊ BGF လုံခြုံရေးဂိတ်များအပါအဝင် အများပြည်သူများ နေထိုင်ရာ နေရာတချို့လည်း လျှပ်စစ်မီးပြတ်တော့မည်ဖြစ်သည်။

ယခုသတင်းနှင့်ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ်(BGF) ၏ ဗိုလ်မှူးချုပ် စောချစ်သူ ထံသို့ ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ထိုင်းက မီးဖြတ်သောကြောင့် အဆိုပါ တရုတ်မြို့သစ်စီမံကိန်းများရှိ တရားမဝင် လောင်းကစားမှုများ ရပ်ဆိုင်းသွားမည်ဟု လေ့လာစောင့်ကြည့်သူများက မယုံကြည်ကြပေ။

“ရွှေကုက္ကိုလ်မှာ ပါဝါဂျန်နရေတာ မီးစက်ကြီးတွေ ၅ လုံးက ၁၀ လုံးထိ ရှိတယ်” ဟု မဲဆောက်အုပ်ချုပ်ရေးမှူး Somchai Trithipchartsakul က BenarNews သို့ ပြောဆိုသည်။

သို့သော် ယခုလို ထိုင်းကို မီးဖြတ်ပေးရန် မြန်မာစစ်ကောင်စီက တောင်းဆိုလာခြင်းသည် တရုတ်နိုင်ငံ၏ ဖိအားကို မလွန်ဆန်နိုင်ကြောင်း သက်သေပြမှုတခု ဖြစ်သည်။

မေလ ၂ ရက်နေ့မှ ၅ ရက်အထိ မြန်မာသို့ လာရောက်လည်ပတ်စဉ် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး ချင်ကန်းက နယ်စပ်တလျှောက် အင်တာနက်လိမ်လည်မှုနှင့်ပတ်သက်သည့် ရာဇဝတ်ဂိုဏ်းများကို တရုတ်-မြန်မာ-ထိုင်း ပူးတွဲ ဖြိုခွဲရန် မြန်မာနိုင်ငံကို တိုက်တွန်းခဲ့သည်။

ဗုဒ္ဓဟူးနေ့က ချန်ဟိုင်နှင့် တွေ့ဆုံရာတွင် စိုးထွဋ်က အခက်အခဲများရှိသော်လည်း မြန်မာနိုင်ငံသည် သက်ဆိုင်ရာ နိုင်ငံများနှင့် ညှိနှိုင်း ဆောင်ရွက်မှုများ အရှိန်မြှင့်တင်ပြီး ရာဇဝတ်သားများကို ထပ်မံ ဖမ်းဆီးဖြိုခွဲမှုများ ပြုလုပ်ပြီး ၂ နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားကာကွယ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

ရွှေကုက္ကိုလ်စီမံကိန်း၏ အဓိက ရင်းနှီးမြှုပ်နှံသူ တရုတ်လူမျိုး She Zhijiang သည်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ထဲတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်အမှုများဖြင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးတရား စွဲဆိုခံနေရလျက် ရှိသည်။

You may also like these stories:

အွန်လိုင်းနှင့် နယ်စပ် ရာဇဝတ်မှုများ တရုတ်နှင့် စစ်ကောင်စီ ပူးပေါင်း နှိမ်နင်းမည်

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
540
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
46
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
96

ထိုင်းအမျိုးသမီးတဦး ပန်ဆန်းတွင် လူကုန်ကူးခံရပြီးနောက် ပြန်လွတ်လာ

ထွန်းမင်းလတ်နှင့် လုပ်ဖော်ကိုင်ဘက် ထိုင်းအထက်လွှတ်တော်အမတ်ကို စွဲချက်ပြန်တင်

တရုတ်ဝန်ကြီး လာပြီးနောက် မြန်မာတွင် တရုတ်ဆန့်ကျင်ရေး မြင့်မားလာနေ

Your Thoughts …
Tags: KKParkတရားမဝင် လောင်းကစားလုပ်ငန်းများတရုတ်မြို့သစ်စီမံကိန်းထိုင်းနိုင်ငံ လျှပ်စစ်မီးအာဏာပိုင်အဖွဲ့ရွှေကုက္ကိုလ်လျှပ်စစ်မီးဖြတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
20k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

BGF နှင့် ကရင်တော်လှန်ရေးတပ်များကြား တိုက်ပွဲဖြစ်လာမည်ကို ဒေသခံတို့ စိုးရိမ်

BGF နှင့် ကရင်တော်လှန်ရေးတပ်များကြား တိုက်ပွဲဖြစ်လာမည်ကို ဒေသခံတို့ စိုးရိမ်

by စောလွင်
27 April 2024
14.1k

စစ်ကောင်စီက မြဝတီကို ပြန်မသိမ်းနိုင်သည့်အခြေအနေနှင့် တဖက်တွင် KNU အနေဖြင့်လည်း ကရင် အချင်းချင်း စစ်ရေးပဋိပက္ခဖြစ်မည်ကို လက်ရှောင်ထားသည့် အခြေအနေတို့၌ အမျိုးသားရေးထက် စီးပွားရေးကို သာကြည့်သည့် ဗိုလ်မှူးကြီးစောချစ်သူအနေဖြင့် စီးပွားလုပ်ကိုင်ခွင့်များ ပိုမိုရရှိမည့် BGF အဖြစ်သာ ဆက်သွား...

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.5k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

စင်္ကာပူ၌ ငွေကြေးခဝါချမှုဖြင့် ဖမ်းခံရသူများ ရွှေကုက္ကိုလ်စီမံကိန်းနှင့် ဆက်စပ်နေ

စင်္ကာပူ၌ ငွေကြေးခဝါချမှုဖြင့် ဖမ်းခံရသူများ ရွှေကုက္ကိုလ်စီမံကိန်းနှင့် ဆက်စပ်နေ

by ဧရာဝတီ
5 September 2023
7.9k

ရှီကျီကျန့်နှင့် BGF ခေါင်းဆောင် ဗိုလ်မှူးချုပ် စောချစ်သူတို့ အကျိုးအမြတ်ခွဲဝေခံစားသည့် ရွှေကုက္ကိုလ်စီမံကိန်းသည် အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုနှင့် လူကုန်ကူးမှုကဲ့သို့သော ရာဇဝတ်မှုများဖြင့် နာမည်ဆိုးကျော်ကြားလျက်ရှိသည်။

မြဝတီရှိ ကျားဖြန့်လုပ်သူများ အောက်တိုဘာ နောက်ဆုံးထား ထွက်ခွာရန် BGF သတိပေး

မြဝတီရှိ ကျားဖြန့်လုပ်သူများ အောက်တိုဘာ နောက်ဆုံးထား ထွက်ခွာရန် BGF သတိပေး

by စောလွင်
4 May 2024
6.9k

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း၌ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှင့် အွန်လိုင်းလောင်း ကစားလုပ်ငန်း လုပ်ကိုင်နေသည့် နိုင်ငံခြားသားများအားလုံး သတ်မှတ်ကာလအတွင်း ထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ် (BGF) က သတိပေးစာ ထုတ်ပြန်လိုက်သည်။

Next Post
တရုတ်-မြန်မာ နယ်စပ်ရှိ ကျယ်ခေါင်မြို့ / yunnanexploration

နယ်ကျော်မှုဖြင့် ဖမ်းထားသည့် မြန်မာ့ပဲမျိုးစုံနှင့် ကုန်စည်များ တရုတ်လေလံတင်မည်

၂၀၂၀ ခုနှစ်က တွေ့ရသည့် မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို) / ဧရာဝတီ

နိုင်/ကျဉ်းများအား ထောင်တွင်းအကြမ်းဖက်ဖိနှိပ်မှု ဆိုးရွားလာနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved