သတင်းတို

S-400 ဒုံးပျံစနစ်အပါအဝင် လက်နက်များ ဆော်ဒီသို့ ရောင်းချဖို့ ရုရှားသဘောတူ

Want create site? Find Free WordPress Themes and plugins.

ရုရှားလုပ် လေကြောင်းရန် ကာကွယ်ရေး ဒုံးပျံစနစ် S-400 ကို ဆော်ဒီအာရေဗီးယားသို့ ရောင်းချ ပေးဖို့ ရုရှားက သဘောတူလိုက်တယ်လို့ ရုရှားသတင်း RIAက ဆိုပါတယ်။

ထိုသို့ ရောင်းချပေးရန် ဆော်ဒီအာရေဗီးယား ဘုရင် ဆူလေမန်ရဲ့ ရုရှားခရီးစဉ်အတွင်းမှာ သဘော တူညီခဲ့ခြင်း ဖြစ်ပြီး၊ S -400 လေကြောင်းရန် ကာကွယ်ရေးစနစ်အပြင် Kornet –M တင့်ကားဖျက် ဒုံးကျည်စနစ်၊ TOS-1A ဘက်စုံသုံး ဒုံးပျံစနစ်၊ AGS-30 အော်တိုမက်တစ် လောင်ချာနှင့် AK – 103 နာမည်ကျော် ကလက်ရှ်နီကော့ဗ် မောင်းပြန်ရိုင်ဖယ်များ အပါအအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ဘီလျံကျော် တန်ဖိုးရှိ တယ် လို့ ရုရှား စစ်ဖက်နည်းပညာ ကော်ပိုရေးရှင်းမှ ကိုယ်စား လှယ် မာရီယာ ဗိုရော့ဗ်ရိုဗာက ဆိုပါတယ်။

ထိုသဘောတူညီချက်မှာ Kornet ကဲ့သို့သော တင့်ကားဖျက် ပဲ့ထိန်းဒုံးပျံစနစ်ကို ဒေသတွင်း ထုတ်လုပ်နိုင်ရန် အတွက် နည်းပညာလွှဲပြောင်းမှုပါ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလက်ရှ်နီကောဗ် မောင်းပြန် ရိုင်ဖယ်တွေနဲ့ ခဲယမ်းမီးကျောက် ကိုလည်း ဆော်ဒီမှာ ထုတ်လုပ်ဖို့နဲ့ ဆော်ဒီနိုင်ငံသားတွေအတွက် ပညာရေးနဲ့ ပတ်သက်လို့ လေ့ကျင့်သင်ကြားပေးဖို့ ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့က ရုရှားနိုင်ငံကို ရောက်ရှိလာတဲ့ ဆော်ဒီအာရေဗီးယား ဘုရင် ဆူလေမန် ဘင် အဗ္ဗဒူ ရဲ့ ပထမဆုံး ခရီးစဉ်မှာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ် ပါတယ်။

ဆော်ဒီအာရေးဗီးယားဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက အမေရိကန်နဲ့ အနီးကပ်ဆက်ဆံနေတဲ့ နိုင်ငံဖြစ်ပြီး၊ အမေရိကန်လက်ဝါးကြီးအုပ်ထားတဲ့ ဆော်ဒီအာရေဗီးယား လက်နက် ဈေးကွက်ကို ရုရှားတို့ ထိုးဖောက်ဝင် ရောက်လာတာဖြစ်တယ်လို့ ဆိုရမှာပါ။

ဆော်ဒီအာရေဗီးယား ဘုရင်ရဲ့ ရုရှားခရီးစဉ်မှာ လက်နက်ရောင်းဝယ်ရေး ကိစ္စတခုကိုသာမက ရုရှားအနေနဲ့ ဆော်ဒီအာရေဗီးယားမှာ ရင်းနှီးမြုပ်နှံဖို့နဲ့ ဆော်ဒီရဲ့ ရေနံဈေးကွက်ကို ခွဲဝေဖို့ကိုပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading