ထိုင်း- မြန်မာနယ်စပ် မယ်ဖလုံ ခရိုင်အတွင်းမှာ မူးယစ်ဆေးဝါး သယ်ဆောင်သည့် လက်နက် ကိုင် များနှင့် ထိုင်းစစ်တပ်အကြား ဒီကနေ့မနက်က တိုက်ပွဲဖြစ်ပွားရာ လက်နက်ကိုင် ၅ ဦး သေဆုံး ခဲ့ပြီး မက်သာဖက်တမင်း စိတ်ကြွဆေး ၁.၉သန်း ဖမ်းမိတယ်လို့ Bangkok Post သတင်းက ဆိုပါ တယ်။
ထိုင်း အမှတ် ၃ စစ်တိုင်းရဲ့ ပြောဆိုချက်အရ မက်သာဖက်တမင်း စိတ်ကြွဆေး အမြောက်အမြား ထိုင်း နိုင်ငံထဲ ဝင်ရောက်လာမယ်ဆိုတဲ့ ကြိုတင်သတင်းကြောင့် မြန်မာနယ်စပ် မယ်ဖလုံ ခရိုင်ထဲမှာ သောကြာနေ့က တပ်တွေ တိုးမြှင့် ချထားခဲ့တာကြောင်း၊ ဒီနေ့ မနက် ၅နာရီမှာ လက်နက်ကိုင် လူ ၂၀ခန့်ဟာ အထုတ်တွေနဲ့ ထိုင်းနယ်မြေထဲကို မီတာ ၇၀၀ခန့် ဝင်ရောက်လာရာ တိုက်ပွဲ ဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။
တိုက်ပွဲဟာ ၁၀မိနစ်ခန့်သာကြာပြီး အဆိုပါ လက်နက်ကိုင်အုပ်စုမှ ဆုတ်ခွာသွားပြီးနောက် ထိုင်းစစ်တပ်က ဆက်လက်ရှင်းလင်းရာ အလောင်း ၅လောင်း နဲ့ အိတ် ၁၉လုံးမှာ ထည့်ထားတဲ့ မက်သာဖက်တမင်း ၁.၉သန်းကို သိမ်းဆည်းရမိကြောင်း သိရပါတယ်။