ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့နယ် ဟဲဟော်ကျေးရွာမှ ရွာသူ/သား ၂၀ခန့်သည် ဆီအော သချုၤိင်း တွင် မနေ့က သချုၤိင်း ကန့်တော့နေစဉ် လက်နက်ကိုင်အဖွဲ့တဖွဲ့(စိစစ်ဆဲ)က တောစပ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အသက် ၅၉နှစ်ရှိ လီရှောက်ဝမ်မှာ ဝမ်းဗိုက် ကျည် ဖောက်ထွက်ကာ သေဆုံးခဲ့ပြီး တုန်ကွမ်ဖူ (၃၉နှစ်)၊ လူချောက်ချန်(၂၉နှစ်) အပါအဝင် ကျား ၄ဦး မ ၁ဦးတို့ ကျည်ထိ မှန်ကာ ဒဏ်ရာများရရှိခဲ့ကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို လောက်ကိုင် တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားပြီး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် လက်အောက်ခံတပ်များက လိုက်လံရှင်းလင်းနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
အဆိုပါ ဒေသတွင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)လှုပ်ရှားလျှက်ရှိပြီး၊ ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း တကြိမ်၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း တကြိမ်၊ ၂၀၁၇ ခုနှစ် မတ်လအတွင်း တကြိမ် တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့သည်။