တရုတ်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အဆင့်မြင့် နည်းပညာသုံး နေကာမျက်မှန်များ အသုံးပြုတပ်ဆင်ကာ နှစ်သစ် ကူးကာလ လူစည်ကားရာ မီးရထားဘူတာရုံများတွင် စောင့်ကြပ်ကာ မသင်္ကာဖွယ်ရာများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း Channel News Asia သတင်းကဆိုသည်။
ထိုသို့ နောက်ဆုံးပေါ် နည်းပညာကို သုံး၍ စိစစ်ခြင်းနှင့် ပတ်သက်၍ လူ့အခွင့်အရေး အုပ်စုများက စိုးရိမ်မကင်း ဖြစ်နေ ကြောင်း သိရသည်။
အဆိုပါ နေကာမျက်မှန်၏ အနက်ရောင် ဖန်သားပြင်မှ ဖမ်းယူရရှိသည့် ပုံရိပ်များသည် လူ့ခန္ဓာကိုယ်နှင့် မနီးရိုးစွဲ အနေ အထားကို ကြည့်ရှု့ မြင်တွေနိုင်ပြီး၊ အဆိုပါ ဒီဂျစ်တယ် မြင်ကွင်းဖြင့် တရုတ်နှစ်သစ်ကူး အတွင်း အိမ်ပြန်သည့် ခရီးသည် များ၏ ပုံရိပ်များကို ကျန်ကျိူးဝူ မြို့မှ တာဝန်ရှိသူများက စိစစ်ထောက်လှမ်းမည် ဖြစ်သည်။
တရုတ်အစိုးရ၏ People’s Daily၏ အဆိုအရ တရုတ်ရဲများကို အဆင့်မြင့် နည်းပညာများ သုံးခွင့်ပြုခဲ့ခြင်းမှာ လူကုန်ကူးမှု အပါအဝင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ထွက်ပြေးသွားသည့် လူ ၇ဦးနှင့် နိုင်ငံသားကတ် အတုကိုင်ဆောင် ၂၆ ဦးကို ဖမ်းဆီး ရန် ဖြစ်ကြောင်းဆိုသည်။
ယင်းစနစ်မှာ ဓာတ်ပုံအပြင် လက်ဗွေရာ၊ မျက်ဝန်းပုံရိပ်ဖမ်းခြင်း စသည့် လူအများသွားလာ လှုပ်ရှားနေမှုများကို အနီးကပ် စောင့်ကြည့်သော ခန္ဓာဗေဒ ပိုင်းဆိုင်ရာ ဒီဂျစ်တယ် ထောက်လှမ်းရေး စနစ်ကို တည်ဆောက်ရန် တရုတ်အစိုးရက ကြိုးပမ်း ဖြစ်ကြောင်း သိရသည်။
ယင်းမျက်မှန်များတွင် ကင်မရာတပ်ဆင်ထားပြီး စမတ်ဖုန်းကဲ့သို့ ဒီဂျစ်တယ် ကရိယာတခုခုသို့ ချိတ်ဆက် ရဲအရာရှိများက သင်္ကာမကင်းဖြစ်သူများ တွေ့ရှိပါက ရဲတပ်ဖွဲ့၏ အချက်အလက် မှတ်တမ်းဟောင်းများနှင့် နှိုင်းယှဉ်က ချက်ချင်း တိုက်ဆိုင် စစ်ဆေးနိုင်မည်ဖြစ်သည်။
ယင်းအထူးမျက်မှန်တွင် တပ်ဆင်ထားသည့် App က သံသယရှိသူဟု လူမျိုး၊ ကျား/မ၊ နေရပ်လိပ်စာ စသည့် အရေးကြီး အချက်အလက်များကို ယူဆောင်ပေးမည်ဖြစ်သည်ဟု သိရသည်။