ယခင် စစ်အစိုးရလက်ထက် ရန်ကုန်တိုင်းတိုင်းမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီးယခု ရန်ကုန်တိုင်းဝန်ကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေသော ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း ဦးမြင့်ဆွေက ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေကာလသံဃာတော်များနှင့်ပတ်သက်၍ ဆောင် ရွက်မှုသည် တာဝန် အရဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မှားယွင်းသည်ဟု တင်ပြလာပါက ကြိုးပေးလျှင်ခံနိုင် သည်ဟု ပြောဆိုကြောင်း ယနေ့ထုတ် 7 Days သတင်းဂျာနယ် တွင် ဖော်ပြထားသည်။ ဦးနေဝင်း နှင့် ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွှန့်တို့ကိုဖမ်းဆီးသူမှာ သူမဟုတ်ဟုလည်း ငြင်းဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။