နယူးဇီလန် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/နယူးဇီလန် Covering Burma and Southeast Asia Sat, 11 Apr 2026 01:03:32 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png နယူးဇီလန် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/နယူးဇီလန် 32 32 ပဂိုးတား – ဆိုးကျား – မာဖီးယား https://burma.irrawaddy.com/article/2026/04/11/412497.html Sat, 11 Apr 2026 01:00:31 +0000 https://burma.irrawaddy.com/?p=412497 နဝတ စစ်အာဏာရှင် ခေတ်တွင် ဆိုးကျား (Soldier) သည် တိုင်းပြည်နှင့် ပြည်သူကို ကာကွယ်သော စစ်သည်တော်များ မဟုတ်တော့… ဆိုးကျား သည် “ကျားဆိုး” နှင့် အတူတူပင် ဖြစ်နေ…]]>

နယူးဇီလန် နိုင်ငံသား ဂျေမီသည် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆောင်းပါးများ ရေးသား၍ စာရေးသူနှင့် အသိအကျွမ်း ဖြစ်ခဲ့သည်မှာ လွန်ခဲ့သော ၇ နှစ်ခန့်ကပင် ဖြစ်ပါသည်။

ဂျေမီသည် ယခင်နှစ်များက မြန်မာနိုင်ငံသို့ နှစ်ကြိမ် သွားရောက် သွားရောက်ခဲ့၍ စစ်ဗိုလ်များနှင့် စီးပွားရေး လုပ်ငန်း ကြိုးစားခဲ့ပြီး စစ်အစိုးရအား အမွှမ်းတင် ပြောဆိုလာ၍ စာရေးသူနှင့် ငြင်းခုံ ပြောဆိုခဲ့ကြဖူးပါသည်။

သုံးကြိမ်မြောက် ရန်ကုန်မြို့သို့ သွားရောက်ခဲ့ပြီး ဘာစီးပွားရေးမှ မယ်မယ်ရရ လုပ်ကိုင်ခွင့် မရသော ဂျေမီနှင့် စာရေးသူ တို့သည် ယခင်လက တွေ့ဆုံ၍ စကားစမြည် ပြောဆိုမိကြပြန်ပါသည်။

ဂျေမီက စာရေးသူအား “ခင်ဗျား ပြောတာတွေ ကျနော် လက်ခံပါပြီ။ ဘာစီးပွားရေးမှ လုပ်လို့ မရပါဘူး။ ခင်ဗျားတို့ နိုင်ငံမှာ ပဂိုးတား – ဆိုးကျား နဲ့ မာဖီးယား (Pagoda, Soldier and Mafia) တွေကိုသာ နေ့စဉ် တွေ့နေရတယ်။ အဝါရောင် နဲ့ အစိမ်းရောင် တိုင်းပြည်ပါပဲ။ ရိုးရိုးတန်းတန်း စီးပွားရေး လုပ်ချင်တဲ့ တို့လိုလူတွေ တိုးမပေါက်ပါဘူး။ အလွန့်အလွန် အသုံးမကျတဲ့ နိုင်ငံပါပဲ” ဟု ပစ်ပစ်ခါခါ ဝေဖန် ပြောဆို နေပြန်ပါသည်။

နဝတ စစ်အစိုးရ၏ သတင်းစာများနှင့် ရောင်စုံ ရုပ်မြင်သံကြားတွင် အဝါ နှင့် အစိမ်းရောင် အရောင် ၂ ရောင်သာ မြင်တွေ့နေကြရ၍ ပြည်သူလူထု အနေနှင့် အော့နှလုံး နာနေသည်မှာလည်း ၇ နှစ်ပင် ကျော်ပြီး ၈ နှစ်ပြည့်လုနီးပါး ဖြစ်နေပြီ ဖြစ်ပါသည်။

ဘဝ တသက်လုံးတွင် အပျော်အပျက်နှင့် စခန်းသွားလာခဲ့သော အကယ်ဒမီ ရုပ်ရှင်မင်းသား ကျော်ဟိန်း အပါအဝင် မင်းသား မင်းသမီးများ၊ ဘိန်းဘုရင်များ သည်ပင်လျှင် ဗိုလ်ချုပ် ခင်ညွန့် နှင့် စပ်တူ သိန်း ၂၀၀ တန်၊ ၃၀၀ တန် ဘုရားတွေ တည်တော့မလို့၊ တည်နေကြပြီ ဆိုသည့် သတင်းစကားများကို မကြာခဏ ကြားသိနေရပြီး၊ ဗိုလ်ချုပ် တင်ဦး နှင့် မိသားစု သည်လည်း ခိုးဝှက်၍ ရသော ရတနာများကို ဘုရား ဌာပနာများ အဖြစ် လှူဒါန်းနေသည်ကို သတင်း ဓာတ်ပုံနှင့် တကွ နေ့စဉ် သတင်းစာများတွင် ဖတ်ရှုခဲ့ရပါသည်။

မြန်မာ လူမျိုးများ၏ ဗီဇစရိုက် အကျင့်များတွင် သနားလွယ်၊ ယုံလွယ်၊ အထင်ကြီးလွယ်၊ အားကျလွယ်၊ ပုံတူ ခိုးချလွယ် သည့် ပျော့ညံ့လိုက်လျောမှုပေါ် အခွင့်ကောင်း ယူတတ်သော စစ်ဗိုလ်ဆိုးများ အနေဖြင့် စေတီပုထိုး တည်ပြ၊ လမ်းဖောက်၊ စောင်းတန်းများ ဆောက်ပြကာ သူတော်ကောင်း အရေကို ခြုံထားကြပြန်ပါသည်။

ဗုဒ္ဓသာသနာ အဓွန့် ရှည်ကြာရေးတွင် စေတီပုထိုးက အဓိကလား၊ ဘုရားသခင်၏ တရား ဓမ္မက အဓိကလား၊ သာသနာတော် လက်ဆင့်ကမ်း စောင့်ရှောက် ထိန်းသိမ်းသွားမည့် ဘုရားသားတော် ရဟန်းသံဃာများက အဓိကလား ဆိုသည်ကို သာမန် ပြည်သူများ သတိမမူမိကြသော်လည်း စစ်သေနင်္ဂဗျူဟာကို ကျွမ်းကျင်သော စစ်အာဏာရှင် များသည် ၎င်းတို့ လက်ထဲတွင် ထာဝစဉ် အာဏာ တည်မြဲရေး အတွက် ရုပ်ပြကောင်းရုံ၊ အလှူခံ၍ ကောင်းရုံ နှင့် အန္တရာယ် လုံးဝ မရှိသော စေတီပုထိုး တည်တောက်ရေး ကိစ္စများကို ပေါ်လစီအရ စောင်းပေး၍ ဆောင်ရွက်နေကြပါသည်။

စေတီပုထိုးများကို မတရား ခိုးဝှက်၍ ရသော ငွေများနှင့် တိုင်းသူပြည်သားများ၏ အခွန် ဘဏ္ဍာများဖြင့် နဝတ အစိုးရ သက်ဆိုး ရှည်စေရေး အတွက် တည်ဆောက်နေကြပြီး တခြာတဖက်တွင် ဘုရားသခင်၏ တရား ဓမ္မများကို မပြန့်ပွားအောင် သာသနာတော်ကို စောင့်ထိန်း လက်ဆင့်ကမ်းသွားမည့် ဘုရားသားတော် ရဟန်းသံဃာတော်များ ရုတ်လျော့ နည်းပါးသွားအောင် နည်းဗျူဟာ အမျိုးမျိုးဖြင့် စစ်ဆင်နေသည်ကို ရိုးသား ဖြောင့်မတ်၍ သမာဓိ ရှိကြသော ဘုန်းတော်ကြီးများ အားလုံး သိရှိတော်မူကြပါသည်။

၁၉၈၄ ခုနှစ်ခန့်က စာရေးသူ၏ ဖခင် အပါအဝင် ဝန်ကြီးချုပ် ဦးနု ကမကထပြုလုပ်သော မြန်မာ ပိဋကတ် အဖွဲ့ (Burma Pitaka Association) မှ ဘုရားသခင်၏ တရားတော်သုတ် ၁၀ ကျမ်းကို အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုပြီးသည့် အထိမ်းအမှတ် တရားပွဲတခုကို ကမ္ဘာအေး ဘုရား ရင်ပြင်တွင် ကျင်းပပြုလုပ်ရန် မဆလ အစိုးရထံတွင် ခွင့်ပြုမိန့် တောင်းခံ ခဲ့ကြပါသည်။

ယင်းအချိန်က ရန်ကုန်တိုင်း လုံခြုံရေး ကော်မတီ ဥက္ကဌ နှင့် စစ်တိုင်းမှူး ဗိုလ်မှူးချုပ် ယခု နဝတ သာသနာရေး ဝန်ကြီးက ခွင့်မပြု၍ အနယ်နယ် အရပ်ရပ်မှ ရန်ကုန်မြို့သို့ ရောက်ရှိနေကြသော အလှူရှင်နှင့် အဖွဲ့ဝင်များ အားလုံး စိတ်မချမ်းမသာ ဆုတ်ပြန်သွားခဲ့ကြရပါသည်။

ယနေ့ မြန်မာ တပြည်လုံးတွင် သမိုင်း မဝင်သော စေတီပုထိုးများကို သိန်း ၅၀၊ သိန်း ၁၀၀၊ သိန်း ၂၀၀ စသည်ဖြင့် အကုန်အကျ ခံပြီး နဝတ အစိုးရက ပြုပြင် တည်ဆောက်နေသော်လည်း သာသနာကို ထိန်းသိမ်း စောင့်ရှောက်မည့် ဘုရား သားတော်များကို မွေးဖွားသည့် ဗုဒ္ဓသာသနာ စာသင်တိုက်များတွင် ရဟန်းသံဃာများပင်လျှင် မဝရေစာ စားနေကြရပြီး၊ “ဆွမ်း” နပ်မှန်ရေး အတွက် ရဟန်းသံဃာတော်များ ကိုယ်တိုင် တောအရပ် ဒေသများသို့ ဆင်း၍ ဆန်နှင့် ငါးပိ၊ ငါးခြောက် များကို ဝယ်ယူ သိုလှောင်နေရသည်ဟု ကြားသိရ၍ နဝတ စစ်အစိုးရသည် ကွန်မြူနစ်များထက် ဆိုးဝါးသော “ဓမ္မန္တရာယ် ကောင်များ” ဆိုသည်မှာ ဘူးပေါ်သလို ပေါ်လာနေပါသည်။

စစ်အာဏာရှင်များ အနေဖြင့် သမဂ္ဂ၊ အသင်းအဖွဲ့၊ အစုအဝေး၊ အစည်းအရုံး စသည်များမှာ အာဏာရှင် စနစ် ရှင်သန် ကြီးထွားရေး အတွက် မဟာ ရန်သူများဟု သတ်မှတ်ထားပါသည်။

သို့သော် မြန်မာ့ သမိုင်းတွင် စစ်အာဏာရှင်များသာ မက မည်သည့် အစိုးရများကမှ ဖြိုဖျက် အမျိုးဖြုတ်၍ မရသော သဘာဝ ပေါက်ပင်များ ကဲ့သို့ အလိုအလျောက် သဘာဝအရ စုစည်း ဝိုင်းဖွဲ့နေသော အစုအဝေး၊ အစည်းအရုံး (Institutions) နှစ်ခုမှာ ဘုရားသားတော် ရဟန်းသံဃာ အစုအဝေးနှင့် ပြည်သူ့ သားကောင်း ကျောင်းသား လူငယ် အစုအဝေးများပင် ဖြစ်ပါသည်။

နဝတ စစ်ဗိုလ် သူခိုးကြီးများသည် အသက် ၆၀ ကျော်ပြီး အိုမင်း ရင့်ရော် လာကြပြီ ဖြစ်သော်လည်း ရဟန်းသံဃာတော်နှင့် ကျောင်းသား လူငယ်များမှာမူ ထာဝစဉ် နုပျို ရှင်သန်လျက် ရှိနေပါသည်။

စကားပြော၍ တရားသဘောကို သိသော ရဟန်းသံဃာတော်များနှင့် ကျောင်းသား လူငယ်များကို မျိုးဖြုတ်ရန် ကြံနေပြီး ရွှေချချ၊ ထုံးသုတ်သုတ် စကားမပြောသည့် “ပဂိုးတား” ကြည်ညိုလွန်းသော နဝတ စစ်ဗိုလ်များကြောင့် မြန်မာနိုင်ငံ၏ နာမည် များသည် ပဂိုးတား-ဆိုးကျား-မာဖီးယား နိုင်ငံဟု ထင်ပေါ်လာနေပြန်ပါသည်။

ဆိုးကျား (Soldier) များအကြောင်းကိုတော့ မြန်မာနိုင်ငံ အရပ်ရပ်မှ လုပ်သားပြည်သူများ အားလုံး သိရှိပြီး ဖြစ်ပါသည်။

၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှ ထုတ်လွှင့်သော ပြည်ထောင်စုနေ့ အကြို ရခိုင် တိုင်းရင်းသား ကဏ္ဍ၌ ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌကြီး ဒေါက်တာ ဦးစောမြအောင် က-

“ရခိုင်ပြည်မှာ စစ်တပ်အတွက် လိုအပ်တဲ့ ထင်းတွေ၊ ရေတွေကို အရပ်သားများက သွားရောက် ဆက်သနေရတဲ့ အပြင် စစ်သားတွေကို အရပ်သားတွေက နှိပ်နယ်ပေးနေရပါတယ်” ဟု ပြောကြားသွားခဲ့ပါသည်။

နဝတ စစ်အာဏာရှင် ခေတ်တွင် ဆိုးကျား (Soldier) သည် တိုင်းပြည်နှင့် ပြည်သူကို ကာကွယ်သော စစ်သည်တော်များ မဟုတ်တော့ပါ။

ဆိုးကျား သည် “ကျားဆိုး” နှင့် အတူတူပင် ဖြစ်နေပါသည်။

လူသား စားဖူးသော ကျားဆိုးသည် သတ္တဝါ အပေါင်းတွင် အရသာ ထူးကဲလှသော လူသတ္တဝါ၏ အသားကို ဆက်လက် စားလိုပါတော့သည်။

အရပ်သား လုပ်သားပြည်သူများ အပေါ်တွင် အနှစ် ၃၀ ကျော် ဗ်ိုလ်ကျ စိုးမိုးလာသော မြန်မာ့ “ဆိုးကျား” များသည်လည်း လူသားကြိုက်သော ကျားဆိုးများ ကဲ့သို့ နိုင်ငံတော် အာဏာကို အရသာတွေ့ပြီး ကြိုက်နှစ်သက်နေပြီ ဖြစ်ပါသည်။

မာဖီးယားဂိုဏ်း (Mafia) ဆိုသည်မှာ စနစ်တကျ စုပေါင်း ဖွဲ့စည်းထားသော လူဆိုးဂိုဏ်းကြီး ဖြစ်ပြီး ထိုဂိုဏ်များ အနေဖြင့် (မတရားမှု၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ သွေးထွက် သံယို သတ်ဖြတ် ညှဉ်းဆဲမှု၊ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှု၊ ငွေ မှောင်ခိုမှု၊ စီးပွားရေး သောင်းကျန်းမှု၊ မျက်နှာလိုက်မှု၊ လာဘ်ပေး လာဘ်ယူမှု၊ ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်မှု စသည်များကို ဥပဒေ ကျောခိုင်းပြီး တဇောက်ကန်း လုပ်နေသည့်) နဝတ ကဲ့သို့သော အဖွဲ့အစည်းပင် ဖြစ်ပါသည်။

ဂိုဏ်းဝင်အချင်းချင်း တဦးအပေါ် တဦး အထောက်အကူ ပေးကြရပြီး ဂိုဏ်းအတွင်းသို့ တခြား သြဇာ အာဏာ လုံးဝ အဝင်မခံဘဲ ဂိုဏ်း၏ မူဝါဒ အရေးသုံးပါးကို သစ္စာဖောက်ကာ လူကောင်းလူမွန် ဘဝသို့ ပြန်လှည့်ရန် လမ်းခွဲ မရှိသော စစ်ဗိုလ်ဆိုးများ ကဲ့သို့ ဂိုဏ်းဂဏစိတ် ပြင်းထန်သော ရာဇဝတ်ကောင်များ၏ ဒုစရိုက် အဖွဲ့သာ ဖြစ်ပါသည်။

ဤမျှသော ကျိုးကြောင်းဆင်ခြင် မှတ်ကျောက် တင်စရာများကြောင့် ယနေ့ မြန်မာနိုင်ငံကြီးအား ပဂိုးတား – ဆိုးကျား – မာဖီးယား နိုင်ငံကြီး ဟု သမုတ် ပြောဆိုလာသော နယူးဇီလန် နိုင်ငံသား ဂျေမီအား စာရေးသူ အနေဖြင့် ငြင်းခုံမရဲတော့ဘဲ လက်မြှောက် အရှုံးပေးလိုက်ရပါသတည်း။ ။

ခေတ်ပြိုင် ဂျာနယ်၊ အမှတ် ၄၈၊ ဧပြီ၊ ၁၉၉၇ ခုနှစ်။

(စာရေးဆရာ အဝေးရောက် သံတမန်တစ်ဦး ရေးသားသည့် ဤဆောင်းပါးကို လွင်ဦး စာပေ (လှည်းတန်း) က ၂၀၁၇ ခုနှစ် စက်တင်ဘာ လတွင် ထုတ်ဝေသော “အာဏာ အလွဲသုံးစားသူများ၏ အတွင်းရေး အဖြစ်မှန်များ” ဒုတိယအကြိမ် စာအုပ်မှ ထုတ်နုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>
မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ နယူးဇီလန်လွှတ်တော် (ရုပ်/သံ) https://burma.irrawaddy.com/video/2025/11/07/407787.html Fri, 07 Nov 2025 13:41:02 +0000 https://burma.irrawaddy.com/?p=407787 မြန်မာစစ်တပ်က ကျင်းပမယ့်ရွေးကောက်ပွဲကို လက်မခံကြောင်း နယူးဇီလန်အစိုးရအနေနဲ့ ထုတ်ပြန်ဖို့ အတည်ပြုဆုံးဖြတ်လိုက်တယ်လို့ နယူးဇီလန် လွှတ်တော်အစည်းအဝေးက ထုတ်ပြန်လိုက်ပါတယ်။]]>

မြန်မာစစ်တပ်က ကျင်းပမယ့်ရွေးကောက်ပွဲကို လက်မခံကြောင်း နယူးဇီလန်အစိုးရအနေနဲ့ ထုတ်ပြန်ဖို့ အတည်ပြုဆုံးဖြတ်လိုက်တယ်လို့ နယူးဇီလန် လွှတ်တော်အစည်းအဝေးက ထုတ်ပြန်လိုက်ပါတယ်။

အလုပ်သမားပါတီက လွှတ်တော်ကိုယ်စားလှယ် Phil Twyford နဲ့ အစိမ်းရောင်ပါတီက Teanau Tuiono တို့က နယူးဇီလန်အစိုးရအနေနဲ့ ကြေညာချက် ထုတ်ပြန်ဖို့ အဆိုတင်သွင်း ရာမှာ ကန့်ကွက်သူ မရှိတာကြောင့် နိုဝင်ဘာလ ၅ ရက်နေ့က အတည်ပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာစစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ ကိုယ့်ကိုယ်ကို အရပ်သားအစိုးရဆိုပြီး ပြသဖို့နဲ့ နိုင်ငံတကာက တရားဝင်သဘောတူအောင် လှည့်ဖြားဖို့ ကြိုးစားနေတဲ့ လိမ်ညာမှု၊ လှုပ်ရှားမှု တခုသာ ဖြစ်တယ်လို့လည်း အလုပ်သမားပါတီရဲ့လွှတ်တော်ကိုယ်စားလှယ် Phil Twyford က ဆိုပါတယ်။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

]]>
တရုတ်ဟာ ကမ္ဘာ့အဆိုးဆုံးစစ်အာဏာရှင်ကို ထောက်ပံ့နေတာလို့ နယူးဇီလန်အမတ်ပြော (ရုပ်/သံ) https://burma.irrawaddy.com/video/2025/10/05/406494.html Sun, 05 Oct 2025 12:24:47 +0000 https://burma.irrawaddy.com/?p=406494 တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်ကို ပံ့ပိုးနေတာဟာ ကမ္ဘာပေါ်မှာအဆိုးဝါးဆုံး စစ်အာဏာရှင်ကို ထောက်ပံ့ပေးနေတာ ဖြစ်တယ်လို့ နယူးဇီလန် အလုပ်သမားပါတီက လွှတ်တော်အမတ် Phil Twyford က ပြောပါတယ်။]]>

တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်ကို ပံ့ပိုးနေတာဟာ ကမ္ဘာပေါ်မှာအဆိုးဝါးဆုံး စစ်အာဏာရှင်ကို ထောက်ပံ့ပေးနေတာ ဖြစ်တယ်လို့ နယူးဇီလန် အလုပ်သမားပါတီက လွှတ်တော်အမတ် Phil Twyford က ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များကလပ်မှာ မြန်မာ့အရေးနဲ့ ပတ်သတ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ပွဲမှာ အခုလို ထုတ်ဖော်ပြောဆိုခဲ့တာပါ။

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေချုပ်ငြိမ်းဖို့နဲ့ တည်ငြိမ်တဲ့ ငြိမ်းချမ်းရေးရဖို့ဟာ ဒီမိုကရေစီကို ပြန်သွားဖို့ လိုအပ်နေတယ်လို့လည်း Phil Twyford ကဆိုပါတယ်။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

]]>
နို့မှုန့်ကို ဆီးချိုရောဂါပျောက်ဆေးအဖြစ် လိမ်ရောင်းနေ https://burma.irrawaddy.com/news/2023/08/16/372712.html Wed, 16 Aug 2023 04:37:35 +0000 https://burma.irrawaddy.com/?p=372712 မြန်မာဘာသာဖြင့် Facebook တွင် တင်သည့်ပို့စ်များကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် စတင်မျှဝေခဲ့ပြီး ထိုနောက်ပိုင်းတွင် ကြည့်ရှုမှု ၃၆၂,၀၀၀ ကျော် ရှိသည်။]]>

ဆီးချိုရောဂါအတွက် ကုသရန် ကုထုံးမရှိသလို ထိုရောဂါကို တားဆီးနိုင်သည့် ဆေးဝါး သို့မဟုတ် အားဖြည့်အစားအစာ မရှိကြောင်း ကျန်းမာရေးကျွမ်းကျင်သူများက ပြောသောကြောင့် Facebook တွင် မြန်မာဘာသာဖြင့် ကြော်ငြာထားသည့် လူသိန်းချီကြည့်ခဲ့သော နို့မှုန့်နှင့် ပတ်သက်သည့် ပြောဆိုချက်များမှာ ဆန့်ကျင်နေကြောင်း သိရသည်။

လူနေမှုဘဝပုံစံနှင့် သက်ဆိုင်သည့် ပုံစံ ၂ ဒုတိယအမျိုးအစား ဆီးချိုရောဂါကိုသာ ကျန်းမာရေးနှင့် ကိုက်ညီသော အစားအသောက်များ စားသုံးခြင်း သို့မဟုတ် ပိုမို လှုပ်လှုပ်ရှားရှားနေခြင်း စသည့် လူနေမှုပုံစံ ပြောင်းလဲခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း ကျွမ်းကျင်သူများက AFP သတင်းဌာနသို့ ပြောသည်။

မြန်မာဘာသာဖြင့် Facebook တွင် တင်သည့်ပို့စ်များကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် စတင်မျှဝေခဲ့ပြီး ထိုနောက်ပိုင်းတွင် ကြည့်ရှုမှု ၃၆၂,၀၀၀ ကျော် ရှိသည်။

ထိုဗီဒီယိုတွင် အမျိုးသမီးတဦးသည် Diaglusure အမည်ရှိ ထိုနို့မှုန့် ပုံးများဘေးတွင် ရပ်နေပြီး ထိုနို့မှုန့်သည် ဆီးချိုရောဂါ တားဆီးနိုင်ကာ သွေးအတွင်း သကြားဆင့်ကို ချိန်ညှိပြီး ဆီးချိုရောဂါ လက္ခဏာများကို လျှော့ချပေးသည်ဟု ပြောသည်။

ထိုဗီဒီယိုထဲပါ ဓာတ်ပုံသည် ရောင်းအား အကြီးအကျယ်ကောင်းစေပြီး ထိုနို့မှုန့်သည် ဆီးချိုရောဂါများကို ၁၄ ရက်အတွင်း ပျောက်ကင်းစေသည်ဟု ထပ်မံ ပြောဆိုပြန်သည်။

ထိုပို့စ်သည် အလားတူပြောဆိုပြီး ထိုနို့မှုန့်ကို နယူးဇီလန်မှ အာဟာရဌာနက သုတေသနပြု ထုတ်လုပ်သည်ဟု ပြောသော ဝက်ဘ်ဆိုက်တခုနှင့် ဆက်စပ်နေသည်။

သို့သော် ထိုပြောဆိုချက်များသည် မှားယွင်းသည်။ လက်ရှိအချိန်တွင် ဆီးချိုရောဂါအတွက် ကုထုံးမရှိဘဲ ထိုရောဂါကို ကြိုတင်ကာကွယ်ရန် ဆေးဝါး သို့မဟုတ် ဖြည့်စွက်အစားအစာ မရှိကြောင်း ကျွမ်းကျင်သူများက AFP သတင်းဌာနသို့ ပြောသည်။

ဆီးချို ကြိုတင်ကာကွယ်ရေးနှင့် ကုသမှု

Diabetes UK အမည်ရှိ ပရဟိတအဖွဲ့၏ အဆိုအရ အဓိက ဆီးချိုအမျိုးအစား နှစ်မျိုးရှိပြီး အမျိုးအစား ၁ နှင့် အမျိုးအစား ၂ ဟုခေါ်ပြီး ၎င်းတို့ကို ကုသရန် ကုထုံးမရှိကြောင်း သိရသည်။

အမေရိကန် ရောဂါထိန်းချုပ်တားဆီးရေးဌာန (CDC) က အမျိုးအစား ပုံစံ ၁ ဆီးချိုရောဂါ ခံစားရသူများသည် သွေးအတွင်းမှ သကြားကို စွမ်းအင်အဖြစ် ထုတ်လုပ်ပေးသည့် ဟော်မုန်း အင်ဆူလင် မထုတ်နိုင်တော့ကြောင်း ရှင်းပြသည်။ ထို့ကြောင့် သွေးအတွင်း သကြားအဆင့် မြင့်တက်ပြီး ပြင်းထန်သော ကျန်းမာရေး ပြဿနာများ ဖြစ်စေသည်။

အမျိုးအစား ပုံစံ ၁ ဆီးချိုရောဂါသည်များသည် နေ့စဉ် အင်ဆူလင်ထိုးရန်လိုပြီး ထိုရောဂါကို မတားဆီးနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောသည်။

ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းစွာ အသုံးမချသည့် အမျိုးအစား ပုံစံ ၂ ဆီးချိုကိုမူ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံခြင်းနှင့် ပိုမို လှုပ်လှုပ်ရှားရှားနေခြင်း စသည့် လူနေမှုပုံစံ ပြောင်းလဲခြင်းဖြင့် တားဆီးနိုင်ကြောင်း CDC က ပြောသည်။

ကျန်းမာရေးနှင့် ပတ်သက်သည့် သတင်းမှားများကို ကိုင်တွယ်သည့် အဖွဲ့အစည်းဖြစ်သော Meedan’s Digital Health Lab ဓာတ်ခွဲခန်းမှ အစီအစဉ်မန်နေဂျာ ဂျန်နာရှားမန်းက ထိုနို့မှုန်းသည် အမျိုးအစား ပုံစံ ၂ ဆီးချိုကို တားဆီးနိုင်သည့် မည်သည့် အထောက်အထားမှ မရှိကြောင်း ပြောသည်။

ကုထုံးအများစုသည် လေ့ကျင့်ခန်း ပိုမိုလုပ်ကိုင်ခြင်းနှင့် ကျန်းမာသော အစားအစာ စားသုံးခြင်း စသည့် လူနေမှုပုံစံ ပြောင်းလဲခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“အာဟာရ အားဖြည့်ဖြစ်ပုံရတဲ့ အဲဒီ ဖြည့်စွက် အစားအစာဟာ ကျန်းမာရေး အစားအစာအဖြစ် အထောက်အကူ ပြုနိုင်တယ်။ ဒါပေမယ့် အဲဒီ ဖြည့်စွက် အစားအစာကို လေ့လာမှု ဒါမှမဟုတ် ပါဝင်ပစ္စည်း အာမခံချက်မရှိဘဲ အခုလို ဖြစ်နိုင်ခြေကို ထောက်ခံတဲ့ အထောက်အထား မရှိဘူး” ဟု ဇူလိုင်လ ၁၃ ရက်နေ့တွင် မန်နေဂျာ ဂျန်နာရှားမန်းက ပြောသည်။

“ရောဂါအခြေအနေ ရှုပ်ထွေးပြီး ဆိုးရွားနိုင်လို့ လူတွေက အမျိုးအစား ပုံစံ ၂ ဆီးချိုအတွက် အလားအလာရှိတဲ့ တခြား ကုထုံးတွေကို အားကိုးကြတာ အဓိပ္ပာယ် ရှိပါတယ်။ ဒါပေမယ့် အဲဒီလို ကုထုံးအတွက် အထောက်အထား မရှိသေးဘူး” ဟုလည်း ၎င်းကပြောသည်။

မြန်မာမှ ‘ဟယ်လို ဆရာဝန်’ အမည်ရှိ ကျန်းမာရေး ဝက်ဘ်ဆိုက်မှ နိုင်ငံဆိုင်ရာမန်နေဂျာ ဒေါက်တာ သူရိန်လှိုင်ဝင်းကလည်း ပုံစံ ၂ ဆီးချိုကို ကာကွယ်ရန် လူနေမှုပုံစံ အပြောင်းအလဲအပေါ် မူတည်ကြောင်း ပြောသည်။

“အခုလောလောဆယ် ဆီးချိုကို တားဆီးဖို့ ဆေးဝါးတို့၊ အားဖြည့် အစားအသောက်ဆိုတာ မတွေ့သေးဘူး” ဟု သြဂုတ်လ ၁၀ ရက်နေ့တွင် သူကပြောသည်။

“Diaglusure ထဲမှာ ဘာတွေပါတယ်ဆိုတာ မသိရတော့ ဆီးချိုရောဂါအတွက် သင့်တော်တယ်လို့ ဆုံးဖြတ်ဖို့ ခက်ခဲတယ်။ တကယ်လို့ Diaglusure က သကြားများနေရင် ဆီးချိုရောဂါသည်တွေအတွက် အကျိုးကျေးဇူးထက် အန္တရာယ်က ပိုများတယ်” ဟုလည်း ဒေါက်တာ သူရိန်လှိုင်ဝင်းက ပြောသည်။

ဆေးဝါးအဖြစ် အတည်ပြုချက် မရှိ

ထိုနို့မှုန့်ကို နယူးဇီလန်တွင် သုတေသနပြု ထုတ်လုပ်ခြင်း ရှိ၊ မရှိ မေးသောအခါ နယူးဇီလန် နိုင်ငံကျန်းမာရေး ဝန်ကြီးဌာန ပြောခွင့်ရသူက “အဲဒီထုတ်ကုန်တွေကို Medsafe က ဆေးဝါးအဖြစ် အတည်ပြုထားခြင်း မရှိဘူး” ဟု ဖြေသည်။

Medsafe သည် နယူးဇီလန် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ဘေးကင်းလုံခြုံမှု အာဏာပိုင်အဖွဲ့ ဖြစ်ပြီး နိုင်ငံအတွင်း ကုထုံးဆိုင်ရာ ထုတ်ကုန်များကို စည်းကမ်းထိန်းကြောင်းသည်။

သြစတြေးလျ-နယူးဇီလန် အစားအသောက်စံနှုန်းများ ကျင့်ဝတ်အရ အစားအစာများကို ကုထုံးပစ္စည်းအဖြစ် နိုင်ငံတွင်းတွင် ကြော်ငြာခြင်းကို ခွင့်မပြုကြောင်း သိရသည်။

“အဲဒီတော့ ရောင်းချတဲ့ အစားအသောက်တွေကို ရောဂါကာကွယ်ရေး၊ ရှာဖွေရေး၊ ကုသရေး သို့မဟုတ် ရောဂါ သက်သာရေးအတွက် အထောက်အကူပြုတယ်လို့ မပြောနိုင်ဘူးလို့ အဓိပ္ပာယ်ရတယ်” ဟု နယူးဇီလန် အစားအသောက် လုံခြုံရေးဌာန ခေတ္တ ဒု ညွန်ကြားရေးမှူးချုပ် ဂျင်နီ ဘိရှော့က ပြောသည်။

AFP သည် ယခင်ကလည်း ဆီးချိုကုသမှုနှင့် ပတ်သက်သည့် ဖြည့်စွက် အစားအစာများအကြောင်း ပြောဆိုချက်များမှာ မမှန်ကြောင်း သက်သေပြခဲ့ဖူးသည်။

ကိုးကား ။ ။ AFP သတင်း Advert falsely promotes milk powder drink as diabetes treatment in Myanmar

You may also like these stories:

နွေရာသီမှာ ဆီးချို ဝေဒနာရှင်တွေ စားပေးသင့်တဲ့ အစားအစာများ

ဆီးချိုရောဂါ ကုသနိုင်တဲ့ အသီးကို ရှာဖွေတွေ့ရှိခဲ့တဲ့ ဖိလစ်ပိုင် အထက်တန်းကျောင်းသူ

မီးပြင်းပြင်းနဲ့ ချက်တဲ့ အသားတွေကို စားရင် ဆီးချိုအမျိုးအစား -၂ ဖြစ်နိုင်ခြေ ပိုများ

ဆီးချိုရောဂါ ဝေဒနာရှင်တွေ စားသုံးပေးသင့်တဲ့ ရွှေပဲသီးရဲ့ ကျန်းမာရေး ကောင်းကျိုးများ

ဆီးချိုရောဂါဝေဒနာရှင်တွေ စားပေးသင့်တဲ့ အစေ့အဆန် ၅ မျိုး

]]>
အာဏာသိမ်းစစ်ကောင်စီ လက်နက် ဒေါ်လာ ၁ ဘီလီယံဖိုး ဝယ်ယူ https://burma.irrawaddy.com/news/2023/05/19/335064.html Thu, 18 May 2023 19:43:44 +0000 https://burma.irrawaddy.com/lytbox/news/%e1%80%a1%e1%80%ac%e1%80%8f%e1%80%ac%e1%80%9e%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%ae-%e1%80%9c%e1%80%80%e1%80%ba.html ၂၀၁၉ ခုနှစ် ဘန်ကောက်လက်နက်ပြပွဲပါ မြန်မာပြခန်းနှင့်  စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ရေးအသုံးစရိတ် သိသိသာသာ တိုးမြှင့်ခဲ့ကြောင်းကိုလည်း မီးမောင်းထိုးပြနေသည်။]]> ၂၀၁၉ ခုနှစ် ဘန်ကောက်လက်နက်ပြပွဲပါ မြန်မာပြခန်းနှင့်  စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်

မြန်မာစစ်ကောင်စီသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြုတ်ချလိုက်ပြီးနောက်ပိုင်း နိုင်ငံတကာမှ လက်နက်များနှင့် လက်နက်ထုတ်လုပ်ရာတွင်သုံးသည့် ကုန်ကြမ်းပစ္စည်းများ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး တင်သွင်းခဲ့ကြောင့် ကုလသမဂ္ဂနှင့်ဆက်စပ်အဖွဲ့အစည်းတခု၏ ၁၀ လကြာ စုံစမ်းစစ်ဆေးမှုအရ သိရသည်။

ရုရှား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာစစ်တပ်သို့ လက်နက်များ အဓိကရောင်းချသည့် နိုင်ငံများဖြစ်ကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ တွမ်အင်ဒရူး ဦးဆောင်သည့် စုံစမ်းစစ်ဆေးမှုအရ သိရသည်။

စစ်ကောင်စီတပ်သည် ခုခံတော်လှန်ရေးအင်အားစုများကို လိုလားသည်ဟု ၎င်းတို့သတ်မှတ်သော ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲခြင်း၊ တိုက်ခိုက်ခြင်းများ အရှိန်မြှင့်လုပ်ဆောင်နေသည်။ တချိန်တည်းတွင် ၎င်းတို့အုပ်ချုပ်ရေးကို ဆန့်ကျင်မှုများအား ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်နေကြောင်း အထက်ပါတွေ့ရှိချက်များက ဖော်ပြနေသည်။

ထိုပစ္စည်းဝယ်ယူမှုကို အသေးစိတ် ခြေရာခံလိုက်သောအခါ စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ရေးအသုံးစရိတ် သိသိသာသာ တိုးမြှင့်ခဲ့ကြောင်းကိုလည်း မီးမောင်းထိုးပြနေသည်။

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိအတွက် စစ်ရေးအသုံးစရိတ်ကို ယခင်က ကျပ် ၃ ဒသမ ၇ ထရီလီယံမှ ကျပ် ၅ ဒသမ ၆ ထရီလီယံ (ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ) အထိ ဧပြီလတွင် တိုးမြှင့်အတည်ပြုခဲ့သည်။

ထိုသို့တိုးမြှင့်လိုက်သောကြောင့် တရားဝင် ကာကွယ်ရေးအသုံးစရိတ်သည် နိုင်ငံ့စုစုပေါင်းအသုံးစရိတ်၏ ၂၈ ရာခိုင်နှုန်းအထိ ရှိလာစေသည်။ ထို့အပြင် စစ်ဘက်အရပ်ဘက် နှစ်မျိုးသုံး နည်းပညာများ၊ လောင်စာနှင့် အခြားအသုံးပြုများ အပါအဝင် စစ်တပ်နှင့်ပတ်သက်သည့် “တရားမဝင်” အသုံးစရိတ်များလည်းရှိကြောင်း သုတေသီများက ပြောသည်။

ဒေါ်လာဘီလီယံချီသည့် သေမင်းတမန်ကုန်သွယ်ရေး- မြန်မာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်စေသည့် နိုင်ငံတကာလက်နက်ကွန်ရက် (The Billion Dollar Death Trade: The International Arms Networks that Enable Human Rights Violations in Myanmar) ဟု အမည်ပေးထားသည့် သူ၏ အစီရင်ခံစာသည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်သို့ လက်နက်လွှဲပြောင်းပေးအပ်မှုများကို အသေးအစိတ်ဆုံး ဖော်ထုတ်ထားသည့် အစီရင်ခံစာဖြစ်ကြောင်း မစ္စတာ အင်ဒရူးက ပြောသည်။

ထိုအစီရင်ခံစာသည် မြန်မာသို့ စစ်လက်နက်ပစ္စည်းများ စီးဆင်းမှုများနှင့် ပတ်သက်သော ကုမ္ပဏီများကို ခြေရာခံရာတွင် နယ်ပယ်သစ်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်းနှင့် ထိုအစီရင်ခံစာတွင် အမည်ဖော်ပြခံရသည့် ဂျပန်၊ နယူးဇီလန်နှင့် တောင်ကိုရီးယားကဲ့သို့သော အစိုးရများအနေဖြင့် ထိုကုန်သွယ်မှုများကို ထိန်းချုပ်ရေး အရေးယူဆောင်ရွက်ရန် အခြေခံဖြစ်နိုင်ကြောင်း ရန်ကုန်အခြေစိုက် အနောက်တိုင်းသံတမန်တဦးက ပြောသည်။

မေလ ၁၇ ရက်နေ့က ထုတ်ပြန်သည့် ထိုအစီရင်ခံစာတွင် စစ်ကောင်စီတပ်နှင့်ပတ်သက်သည့် အရောင်းအဝယ်များ၊ တန်ဖိုးလွှဲပြောင်းမှုများတွင် ပါဝင်ပတ်သက်သည့် အဓိက ကွန်ရက်များနှင့် ကုမ္ပဏီများ၊ ထိုကွန်ရက်များ လုပ်ငန်းဆောင်ရွက်နေသည့် တရားစီရင်ခွင့်နယ်ပယ်များ၊ အထူးသဖြင့် ရုရှား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ကို ဖော်ထုတ်ထားသည်။

The Billion Dollar Death Trade: The International Arms Networks that Enable Human Rights Violations in Myanmar အစီရင်ခံစာ

၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရုရှားနှင့်တရုတ်သည် မြန်မာစစ်တပ်သို့ အဆင့်မြင့်လက်နက်စနစ်များ အဓိက ပံ့ပိုးသည့် နိုင်ငံများဖြစ်နေပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ထိုသို့သောတင်ပို့မှု ဒေါ်လာ ၄၀၆ သန်းဖိုးနှင့် ဒေါ်လာ ၂၆၇ သန်းဖိုး အသီးသီးရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရုရှားကပေးပို့သော လက်နက်များတွင် ဂျက်တိုက်လေယာဉ်များ၊ အဆင့်မြင့် ဒုံးကျည်စနစ်များနှင့် တိုက်ခိုက်ရေး ဒရုန်းများ ပါဝင်ပြီး တရုတ်ကလည်း အဆင့်မြင့် အမောင်းသင် ဂျက်လေယာဉ်များ၊ အပေါ့စား တိုက်ခိုက်ရေးလေယာဉ်များ၊ ကုန်ကြမ်းများနှင့် အခြားအရာများ တင်ပို့သည်။ ထိုရောင်းချမှု လုပ်ငန်းအများအပြားကို နိုင်ငံပိုင်အဖွဲ့အစည်းများမှ ပြုလုပ်ခြင်းဖြစ်သည်။

စင်ကာပူမှ လက်နက်ရောင်းချသူများသည် ကပစ ခေါ် ကာကွယ်ရေးပစ္စည်းစက်ရုံများ ဆက်လက် လည်ပတ်ရေးအတွက် အဓိကကျကြောင်း မစ္စတာ အင်ဒရူးက ပြောသည်။ ဒေါ်လာ ၂၅၄ သန်းတန်သော စစ်လက်နက်ပစ္စည်းများကို စင်ကာပူမှ လုပ်ငန်း ဒါဇင်ပေါင်းများစွာက မြန်မာစစ်တပ်သို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တင်ပို့ခဲ့ကြောင်းလည်း ပြောသည်။

မကြာသေးမီက ထိုင်းနိုင်ငံမှ ရောင်းချမှုတိုးလာခြင်းကြောင့် ထိုင်းနိုင်ငံသည် လက်နက်ရောင်းချသူများ ပိုမိုအသုံးပြုလာသည့် တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် စင်ကာပူအစား သုံးသည့် လမ်းကြောင်းတခု ဖြစ်လာနိုင်ကြောင်း ဖော်ပြနေသော်လည်း လက်နက်ရောင်းချသူများသည် စင်ကာပူမှဘဏ်များကို ကျယ်ကျယ်ပြန့်ပြန့်သုံးနေကြောင်း အထက်ပါအစီရင်ခံစာတွင် ဖော်ပြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် အိန္ဒိယသည် မြန်မာသို့ ကမ်းရိုးတန်း ထောက်လှမ်းရေးစနစ်များ၊ အဝေးထိန်းလက်နက်စနစ်များနှင့် ခဲယမ်းနှင့်ဒုံးကျည်ထုတ်လုပ်သည့် အစိတ်အပိုင်းများ အပါအဝင် ဒေါ်လာ ၅၁ သန်းတန်သည့် စစ်လက်နက်ပစ္စည်းများ တင်ပို့ခဲ့သည်။ ထိုင်းနိုင်ငံသည် အလားတူ ကာလအတွင်း ဒေါ်လာ ၂၈ သန်းတန်သည့် စစ်လက်နက်ပစ္စည်းများ တင်ပို့ခဲ့သည်။

အစီရင်ခံစာတွင်ဖော်ပြထားသည့် နိုင်ငံများအနက် အချို့သည် ယခု စုံစမ်းစစ်ဆေးမှုကို တုံ့ပြန်ခဲ့ကြောင်း မစ္စတာ အင်ဒရူးက ပြောသည်။ မြန်မာနှင့်ပတ်သက်သည့် ပို့ကုန်ထိန်းချုပ်မှုများ၏ ထိရောက်မှုကို အမြဲ ပြန်လည် သုံးသပ်နေကြောင်းနှင့် ယခုအစီရင်ခံစာပါ အချက်အလက်များကို “ထည့်သွင်းစဉ်းစားမည်” ဖြစ်ကြောင်း စင်ကာပူအစိုးရက သူ့ကိုပြောခဲ့သည်ဟု မစ္စတာ အင်ဒရူးက ပြောသည်။

မြန်မာစစ်တပ်သို့ လက်နက်ရောင်းချ သို့မဟုတ် လွှဲပြောင်းပေးမှုများကို လုံးဝပိတ်ပင်ရန် မစ္စတာ အင်ဒရူးက တောင်းဆိုပြီး ကုလသမဂ္ဂအဖွဲ့ဝင်များအနေဖြင့် လက်ရှိပိတ်ဆို့မှုများကို အကောင်အထည်ဖော်ရန် တိုက်တွန်းသည်။ ထိုနိုင်ငံများအနေဖြင့် စစ်တပ်၏ အဓိက ဝင်ငွေရင်းမြစ်များကို ပစ်မှတ်ထားခြင်း၊ လက်ရှိ တားမြစ်ပိတ်ပင်မှုများကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းနှင့် ဝယ်ယူရေးကွန်ရက်များကို ကျယ်ပြန့်သော အရေးယူပိတ်ဆို့မှုများ ထူထောင်အကောင်အထည်ဖော်ခြင်းတို့ဖြင့် လက်နက်စီးဆင်းမှု ရပ်တန့်သွားအောင် ပိုမိုလုပ်ဆောင်နိုင်ကြောင်း ၎င်းကပြောသည်။

ဂျပန်၊ နယူးဇီလန်နှင့် တောင်ကိုရီးယားတို့သည် ယူကရိန်းကို ရုရှားကျူးကျော်မှုအတွက် ရုရှားအပေါ် ပြင်းထန်သော အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသော နိုင်ငံများဖြစ်သော်လည်း မြန်မာကိုမူ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အရေးမယူကြကြောင်း မစ္စတာ အင်ဒရူးက မီးမောင်းထိုးပြထားသည်။

“ကျန် စက်မှုထိပ်သီး ၇ နိုင်ငံအဖွဲ့ဝင်တွေလို မြန်မာစစ်တပ်နဲ့ သူ့ရဲ့အဓိက ဝင်ငွေရင်းမြစ်တွေကို ယူကရိန်း အကျပ်အတည်းအတွက် လုပ်တဲ့အတိုင်း ပစ်မှတ်ထား စီးပွားရေးအရေးယူမှု ပြုလုပ်ဖို့ ဂျပန်ကို ကျနော်တိုက်တွန်းတယ်” ဟု Nikkei Asia သို့ ၎င်းကပြောသည်။

ကုလသမဂ္ဂ၏ စာရင်းများအရ မြန်မာတွင် လူပေါင်း ၂ သန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေပြီး သီးခြားလွတ်လပ်သော လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ အဆိုအရ စစ်အာဏာသိမ်းပြီးနောက် ဘက်အားလုံးမှ သေဆုံးသူ ၃၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။

ကိုးကား ။ ။ Nikkei Asia သတင်း Myanmar military imported over $1bn in arms since takeover: U.N.

You may also like these stories:

မြန်မာ့စစ်လက်နက်ထုတ်လုပ်မှု ကြီးထွားလာနေ

စစ်ဗိုလ်ချုပ်များနှင့် လက်နက်ပွဲစားများကို အီးယူ ထပ်မံ ဒဏ်ခတ်ပိတ်ဆို့

ဘန်ကောက် လက်နက်ပြပွဲ မြန်မာစစ်ကောင်စီကို ဖိတ်ခေါ်

မြန်မာစစ်လက်နက် တင်သွင်းသူများအား အရေးယူရန် စင်ကာပူကို တောင်းဆို

ဂျော်နသန်ကျော်သောင်း (သို့မဟုတ်) စစ်တပ်ကို လျှို့ဝှက်လက်နက်တပ်သူ

]]>
အာဏာသိမ်း စစ်တပ် လူ့အခွင့်အရေး လေးစားလိုက်နာရန် နိုင်ငံတကာ သတိပေးထုတ်ပြန် https://burma.irrawaddy.com/news/2021/10/15/246782.html Fri, 15 Oct 2021 14:16:48 +0000 https://burma.irrawaddy.com/lytbox/?p=246782 မန္တလေးတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများကို အကြမ်းဖက် ဖမ်းဆီး ရိုက်နှက်ခဲ့သည့် အာဏာသိမ်းတပ်  / ဧရာဝတီအာဏာသိမ်း စစ်တပ်အနေဖြင့် လူ့အခွင့်အရေး လေးစားလိုက်နာရန်နှင့် နိုင်ငံခြားသားများနှင့် မမျှမတ ဖမ်းဆီးထား သူများအား ချက်ချင်း လွှတ်ပေးရန် အမေရိကန် အပါအဝင် နိုင်ငံအချို့က ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။ ]]> မန္တလေးတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများကို အကြမ်းဖက် ဖမ်းဆီး ရိုက်နှက်ခဲ့သည့် အာဏာသိမ်းတပ်  / ဧရာဝတီ

အာဏာသိမ်း စစ်တပ်အနေဖြင့် လူ့အခွင့်အရေး လေးစားလိုက်နာရန်နှင့် နိုင်ငံခြားသားများနှင့် မမျှမတ ဖမ်းဆီးထား သူများအား ချက်ချင်း လွှတ်ပေးရန် အမေရိကန် အပါအဝင် နိုင်ငံအချို့က ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယား သမ္မတနိုင်ငံ၊ တီမောလက်စ်၊ ယူကေနှင့် အမေရိကန်နိုင်ငံ အစိုးရများ၊ ဥရောပသ မဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုယ်စား နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာမူဝါဒရေးရာ အထူးကိုယ်စားလှယ် အနေဖြင့် မြန်မာနိုင်ငံတွင်း ဆိုးရွားလျက်ရှိသည့် အခြေအနေနှင့်အတူ၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ပိုမိုပြင်းထန်စွာ ထိခိုက်လာ နေမှုနှင့် ဆက်လက်ဆိုးရွားလာနေသည့် ဒေသတွင်း တည်ငြိမ်မှုဆိုင်ရာ အခြေအနေများအပေါ် အလွန်အမင်း စိုးရိမ်လျှက်ရှိကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ထိုထုတ်ပြန်ကြေညာချက်ထဲတွင် “နိုင်ငံခြားသားများအပါအဝင် မမျှမတ ဖမ်းဆီးထိန်းသိမ်းထားသူများအား ချက်ချင်းလွှတ်ပေးရန်အပါအဝင် လူ့အခွင့်အရေးများကို အပြည့်အဝလေးစားရန်လည်း မိမိတို့တောင်းဆိုပါသည်။ ဆက်လက်၍ အာဆီယံ အထူးကိုယ်စားလှယ်၏ ပုံမှန်ခရီးစဉ်များ ဖြစ်မြောက်စေရေးနှင့် ၎င်းအနေဖြင့် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများအားလုံးနှင့် လွတ်လပ်စွာ ဆွေးနွေးပြောဆိုနိုင်စေရေးအတွက်လည်း စီမံဆောင်ရွက်ပေးရန် မိမိတို့မှ တပ်မတော်အား ထပ်လောင်းတောင်းဆိုပါသည်” ဟု ဖော်ပြပါရှိသည်။

ထို့အတူ ၎င်းတို့အနေဖြင့် အင်ဒို-ပစိဖိတ် ဒေသတွင်း အာဆီယံ၏ အခရာကျမှုကို သိရှိနားလည်ထား သည့်အလျောက် မြန်မာနိုင်ငံ၏ လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရေး လမ်းကြောင်းကို ရှာဖွေလျက်ရှိကာ အာဆီယံ၏ အားထုတ် ကြိုးပမ်းမှုများကို လေးလေး နက်နက် သဘောတူ အားပေးသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ လာရောက်နိုင်ဖွယ်ရှိသည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး (၂) ဒါတို အီးရာဝမ်ယူဆွဖ် ၏ ခရီးစဉ်ကို ကြိုဆိုပြီး၊ အာဆီယံ ခေါင်းဆောင်များနှင့် မြန်မာ့တပ် မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဧပြီလ ၂၄ ရက်နေ့တွင် သဘောတူညီ ဆုံးဖြတ်ခဲ့ သည့်အတိုင်း၊ ဘုံသဘော တူညီချက် ငါးချက်အား မြန်မာနိုင်ငံမှ အပြည့်အဝနှင့် အဆောတလျင် အကောင်အထည် ဖော်နိုင်စေရန်အတွက် အားထုတ် ဆောင်ရွက်ချက်များကို ပံ့ပိုးသွားရန် သန္နိဋ္ဌာန်ချထား သည်ဟုလည်း ဆိုသည်။

မြန်မာအနေဖြင့် အာဆီယံအထူးကိုယ်စားလှယ်နှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်ရန်နှင့် ဘုံသဘောတူညီချက် ၅ ချက်တွင်ပါဝင်သော အခြားအချက်အလက်များကိုလည်း အမြန်ဆုံးနှင့် ပြည့်စုံစွာ အကောင် အထည်ဖော်ရန်လည်း ထောက်ပြထားသည်။

ပူးတွဲ ထုတ်ပြန်ချက်ထဲတွင် “ဘုံသဘောတူညီချက်ငါးချက်နှင့်အညီ၊ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင် ရာပါဝင်ပတ်သက်သူများနှင့် အပြုသဘောဆောင်ပြီး အားလုံးပါဝင်သည့် ဆွေးနွေးမှုများကိုပြုလုပ်ရန်နှင့် လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာနှင့် ကျန်းမာရေး ဆိုင်ရာအကူအညီပေးနေသူများ၏ လုံခြုံရေးအား ကာကွယ်ပေးခြင်း အပါအဝင် လုံခြုံပြီး အဆီးအတား မရှိသည့် လူသားချင်း စာနာ ထောက်ထားမှုအကူအညီများကို ပေးအပ်နိုင်ရေး ဆောင်ရွက်ပေးရန်” လည်း တိုက်တွန်းထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင်လည်း နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဂျေဘလင်ကင်နှင့် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရာဝမ်ယူဆွဖ်တို့ ယနေ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ အရေး ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီးက လက်ရှိအာဆီယံဥက္ကဋ္ဌအနေဖြင့် တာဝန်ယူထားသည့် ဘရူနိုင်းနိုင်ငံ၏ အခန်းကဏ္ဍနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အနေဖြင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုထုတ်ပြန်ချက်ထဲတွင် “မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု၊ ပိုမိုဆိုးရွားလာနေတဲ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့ အကြောင်း ထုတ်ဖော်ပြောကြားကြပြီး မြန်မာစစ်အာဏာရှင်အနေနဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့၊ ပါတီစုံဒီမိုကရေစီနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပြန်လည်ဖော်ဆောင်ဖို့ အရေးကြီးတဲ့အကြောင်းတွေကို အထူးအလေးပေးဆွေးနွေးခဲ့ကြပါတယ်” ဟု ပါရှိသည်။

ထို့အပြင် အာဆီယံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေး၊ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံမှုပါဝင်သည့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရာဝမ်၏ အဓိပ္ပာယ်ပြည့်ဝသည့် မြန်မာနိုင်ငံခရီးစဉ် အကောင်အထည်ဖော်ရေးအတွက် မြန်မာစစ်အာဏာရှင်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် အတွက်လည်း ဝန်ကြီးနှင့် ဒုဝန်ကြီးတို့က ထပ်လောင်း အတည်ပြုခဲ့သည်ဟု ဆိုသည်။

You may also like these stories:

ဘရူနိုင်းနှင့် စစ်ကောင်စီ စီးပွားရေးပတ်သက်နေသောကြောင့် ASEAN အထူးသံတမန်ကို မေးခွန်းထုတ်နေ

မြန်မာခရီးစဉ် မစတင်မီ သက်ဆိုင်သူအားလုံးနှင့် အပြည့်အ၀တွေ့ခွင့်ပေးရမည်ဟု ASEAN အထူးသံတမန်ပြော

]]>
တပ်မတော် အာဏာသိမ်းမှု အပေါ် နယူးဇီလန်နဲ့ သြစတြေးလျ ပြောပြီ https://burma.irrawaddy.com/news/2021/02/09/237821.html Tue, 09 Feb 2021 09:53:38 +0000 https://burma.irrawaddy.com/lytbox/?p=237821 ဖေဖော်ဝါရီလ ၉ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရသည့် တပ်မတော်သားများ  / ဧရာဝတီဒေါ်အောင်ဆန်းစုရဲ့ စီးပွားရေးအကြံပေး Sean Turnell ကို မြန်မာစစ်တပ်ကဖမ်းဆီးထိန်းသိမ်း ထားလိုက်တဲ့နောက် အခုလို လုပ်ဆောင်ဖို့ပြောဆိုလိုက်တာဖြစ်ပါတယ်။]]> ဖေဖော်ဝါရီလ ၉ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရသည့် တပ်မတော်သားများ  / ဧရာဝတီ

မြန်မာနိုင်ငံမှာ တပ်မတော်က အရပ်သားအစိုးရဆီကနေ အာဏာသိမ်းယူလိုက်တဲ့ အပေါ် နယူးဇီလန်နိုင်ငံ ကတော့ စစ်ရေးနဲ့ အဆင့်မြင့် နိုင်ငံရေး အဆက်အသွယ်တွေဖြတ်တောက်လိုက်ပြီဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

သြစတြေးလျကတော့ မြန်မာနိုင်ငံနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဆိုင်းငံ့ထားဖို့ ပြန်လည်သုံးသပ်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ပြောဆိုလိုက်ကြောင်း SBS သတင်းဌာနမှာဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုရဲ့ စီးပွားရေးအကြံပေး Sean Turnell ကို မြန်မာစစ်တပ်ကဖမ်းဆီးထိန်းသိမ်း ထားလိုက်တဲ့နောက် အခုလို လုပ်ဆောင်ဖို့ပြောဆိုလိုက်တာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့သူတွေထဲမှာ Sean Turnell ဟာ ပထမဦးဆုံး အဖမ်းခံရတဲ့ နိုင်ငံခြားသားတဦးလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြောင့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကလည်း သြတြေးလျနိုင်ငံဟာ မြန်မာစစ်တပ်အရာရှိတချို့အပေါ် စီးပွားရေးပိတ်စို့အရေးယူမှုတွေချမှတ်ခဲ့ပါတယ်။

စီးပွားရေးပိတ်စို့အရေးယူမှုတွေနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်နေကြောင်းနဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး အခြေအနေတွေပြောင်းလဲလာနေတာကို တွေ့ရတဲ့အတွက် သြစတြေးလျားနိုင်ငံအပါအဝင် နိုင်ငံအများအပြားက သူတို့ရဲ့မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်ကို လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ဆုံးဖြတ်ချက်တွေချဖို့ ပြန်လည်သုံးသပ်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Marise Payne ကပြောပါတယ်။

တဆက်တည်းမှာပဲ Sean Turnell မိသားစုရဲ့ ပထမဦးဆုံး လူသိရှင်ကြား ကြေညာချက်ထဲမှာ သူရဲ့ အမျိုးသမီး Ha Vu က သြစတြေးလျားအစိုးနဲ့ ထောက်ခံအားပေးသူတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုသလို သူမရဲ့အမျိုးသားကို ပြန်လွတ်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

Sean Turnell ကို စစ်တပ်က အခုလိုဖမ်းဆီးထိန်းသိမ်းထားတဲ့အတွက် မိသားစုအနေနဲ့ လွန်စွာ စိုးရိမ်နေရကြောင်းလည်း ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။

You may also like these stories:

အာဏာသိမ်းမှုကို အာခံကြတဲ့ ပြည်သူတွေရဲ့ တိုက်ပွဲ

]]>
နယူးဇီလန်မှာ ၂ လအကြာ COVID-19 ပြည်တွင်းကူးစက်မှု ပြန်တွေ့ရှိ https://burma.irrawaddy.com/lifestyle/coronavirus/2021/01/25/236997.html Mon, 25 Jan 2021 07:10:56 +0000 https://burma.irrawaddy.com/lytbox/?p=236997 နယူးဇီလန်ဟာ COVID-19 ရောဂါ ကူးစက်မှုကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တဲ့ နိုင်ငံပါ။နယူးဇီလန်မှာ လက်ရှိအချိန်ထိ COVID-19 အတည်ပြုလူနာ ၂,၂၈၈ ဦး ရှိပြီး သေဆုံးသူ ၂၅ ဦးသာ ရှိပါတယ်။]]> နယူးဇီလန်ဟာ COVID-19 ရောဂါ ကူးစက်မှုကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တဲ့ နိုင်ငံပါ။

နယူးဇီလန်နိုင်ငံမှာ လအတော်ကြာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှု မရှိဘဲနေရာက အသက် ၅၆ နှစ်အရွယ် အမျိုးသမီးကြီးတဦးမှာ COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။ သူဟာ မကြာသေးခင် ခရီးက ပြန်ရောက်လာသူဖြစ်ပြီး ဗိုင်းရပ်စ် ကူးစက်ထားခြင်း မရှိဘူးလို့ ဆေးစစ်ချက်ထွက်ထားတာပါ။

ဒီဇင်ဘာ ၃၀ ရက်က တောင်အာဖရိကနိုင်ငံကနေ နယူးဇီလန်ကို ပြန်ရောက်လာသူ အဆိုပါ အမျိုးသမီးဟာ ၂ ပတ်ကြာ Quarantine ဝင်ရောက်ထားပြီး COVID-19 နှစ်ကြိမ် ဆေးစစ်ခဲ့ကာ ကင်းစင်ကြောင်း အဖြေထွက်ထားခဲ့တာဖြစ်တယ်လို့ ဝန်ကြီး Chris Hipkins က ပြောပြပါတယ်။

ပြည်တွင်းကူးစက်မှုတွေ လအတော်ကြာ မရှိခဲ့တဲ့ နယူးဇီလန်နိုင်ငံမှာ ပထမဆုံးအကြိမ် ပြည်တွင်းကူးစက်မှု ပြန်တွေ့ရှိခဲ့တာပါ။ တာဝန်ရှိသူတွေကတော့ Quarantine ဝင်နေစဉ် အတူပြန်လာသူတွေထဲက အနီးကပ် တယောက်ဆီကနေ ကူးစက်ခံရတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နောက်ထပ်လည်း Quarantine စင်တာ နေထိုင်ရာ နေရာတွေမှာ လေဝင်လေထွက်နဲ့ လေအေးပေးစက် စနစ်တွေကတဆင့် ဗိုင်းရပ်စ် ကူးစက်နိုင်ချေကို ရှာဖွေ ဖော်ထုတ်နေပါတယ်။ နယူးဇီလန်ရဲ့ ကျန်းမာရေးဌာန အကြီးအကဲ Ashley Bloomfield က ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တဲ့ အဆိုပါ အမျိုးသမီးနဲ့ အနီးကပ် ထိတွေ့ ခဲ့သူ ၁၅ ယောက်လောက် ရှိတယ်လို့ ဆိုပါတယ်။

သူနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေထဲက အမျိုးသားနဲ့ ဆံပင်ညှပ်ဆရာတွေကို ဆေးစစ်ခဲ့ရာ ကူးစက်မှု မရှိကြောင်း Negative အဖြေ ထွက်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကို အောင်မြင်စွာ ထိန်းချုပ်ထားနိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ နယူးဇီလန်မှာ ပြည်တွင်းကူးစက်မှု နောက်ဆုံး တွေ့ရှိခဲ့တာ နိုဝင်ဘာလက ဖြစ်တယ်လို့ ကျန်းမာရေးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

လူဦးရေ ၅ သန်းလောက်ပဲရှိတဲ့ နိုင်ငံလေးမှာ တင်းကျပ်တဲ့ Lockdown နဲ့ နယ်စပ် ဝင်ပေါက်တွေကို ပိတ်ပြီး ဗိုင်းရပ်စ် ကူးစက်မှု မရှိအောင် အကောင်းဆုံး ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ နယူးဇီလန်မှာ လက်ရှိအချိန်ထိ COVID-19 အတည်ပြုလူနာ ၂,၂၈၈ ဦး ရှိပြီး သေဆုံးသူ ၂၅ ဦးသာ ရှိပါတယ်။

ကူးစက်ခံထားရတဲ့ အမျိုးသမီးကြီးဟာ နယူးဇီလန် North Island မှာ နေထိုင်သူဖြစ်ပြီး တောင်အာဖရိကကနေ ပြန်ရောက်တာနဲ့ Aukland မှာရှိတဲ့ Quarantine စင်တာမှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေးဌာန အကြီးအကဲ Bloomfield က တောင်အာဖရိကနိုင်ငံဟာ လက်ရှိမှာ အသေးစိတ်အချက်အလက် မထွက်ပေါ် သေးပေမယ့် ကူးစက်မြန် ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Reuters

You may also like these stories:

ဝင်ငွေနည်း တိုင်းပြည်တွေဆီ Pfizer ကနေ ကာကွယ်ဆေး သန်း ၄၀ ထောက်ပံ့မည်

အိန္ဒိယ ကိုဗစ် ကာကွယ်ဆေးထုတ် စက်ရုံဝန်းအတွင်း မီးလောင်မှု ဖြစ်ပွား

အမေရိကန်အနှံ့ ကိုဗစ် ကာကွယ်ဆေး ဖြန့်ဝေရေးပိုင်းမှာ ကူညီဖို့ Amazon ကမ်းလှမ်း

]]>
နယူးဇီလန်နဲ့ ဘရူနိုင်းက ခရီးသွားတွေကို စင်ကာပူသို့ ဝင်ရောက်ခွင့်ပြုမည် https://burma.irrawaddy.com/lifestyle/travel/2020/08/24/228564.html Mon, 24 Aug 2020 08:58:23 +0000 https://burma.irrawaddy.com/lytbox/?p=228564 ၂ နိုင်ငံက ခရီးသွားတွေအနေနဲ့ စင်ကာပူကို ရောက်ရှိတဲ့အခါ COVID-19 ကင်းရှင်းကြောင်း စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။စင်ကာပူအစိုးရအနေနဲ့ COVID-19 ကူးစက်မှု အနိမ့်ဆုံး အခြေအနေမှာ ရှိနေတဲ့ နယူးဇီလန်၊ ဘရူနိုင်းနိုင်ငံနဲ့ နှစ်ဦးနှစ်ဘက် ခရီးသွားလာခွင့်ကို သဘောတူခဲ့ပေမယ့် ထိုင်းနိုင်ငံတော့ ပါဝင်ခြင်း မရှိသေးပါဘူး။]]> ၂ နိုင်ငံက ခရီးသွားတွေအနေနဲ့ စင်ကာပူကို ရောက်ရှိတဲ့အခါ COVID-19 ကင်းရှင်းကြောင်း စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။

ကိုဗစ် အကျပ်အတည်း ကာလကို အတိုင်းအတာတခုအထိ လွန်မြောက်လာပြီးနောက်မှာတော့ စင်ကာပူနိုင်ငံအနေနဲ့ နိုင်ငံရဲ့အဓိကကျတဲ့ နယ်စပ်ဂိတ် တချို့ကို ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ အားလပ်ရက် အချိန်တွေကို စင်ကာပူနိုင်ငံမှာ ကုန်ဆုံးချင်ကြတဲ့ နယူးဇီလန်နဲ့ ဘရူနိုင်းနိုင်ငံက ခရီးသွားတွေကို စက် တင်ဘာလ ၁ ရက်နေ့ကစပြီး စင်ကာပူနိုင်ငံကို လာရောက်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

ဝင်ရောက်ခွင့်ပြုထားတဲ့ နိုင်ငံ ၂ နိုင်ငံက ခရီးသွားတွေအနေနဲ့ စင်ကာပူနိုင်ငံကို ရောက်ရှိချိန်မှာ Quarantine ၁၄ ရက် ဝင်စရာလည်း မလိုအပ်တော့ပါဘူး။ စင်ကာပူနိုင်ငံကနေ နယူးဇီလန်နဲ့ ဘရူနိုင်းနိုင်ငံကို သွားရောက် လည်ပတ်လိုသူတွေကိုလည်း စင်ကာပူအစိုးရက ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

စင်ကာပူအစိုးရအနေနဲ့ COVID-19 ကူးစက်မှု အနိမ့်ဆုံး အခြေအနေမှာ ရှိနေတဲ့ နယူးဇီလန်၊ ဘရူနိုင်းနိုင်ငံနဲ့ နှစ်ဦးနှစ်ဘက် ခရီးသွားလာခွင့်ကို သဘောတူခဲ့ပေမယ့် ထိုင်းနိုင်ငံတော့ ပါဝင်ခြင်း မရှိသေးပါဘူး။ ၂ နိုင်ငံက ခရီးသွားတွေအနေနဲ့ စင်ကာပူနိုင်ငံကို ရောက်ရှိတဲ့အခါ COVID-19 ကင်းရှင်းကြောင်း စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။

နယူးဇီလန်နဲ့ ဘရူနိုင်းနိုင်ငံကနေ စင်ကာပူနိုင်ငံကို လာရောက်မယ့် ခရီးသွားတွေဟာ သက်ဆိုင်ရာနိုင်ငံတွေမှာ အနည်းဆုံး ၂ ပတ်ကြာ နေထိုင်ခဲ့သူတွေလည်း ဖြစ်ရပါမယ်။

စင်ကာပူနိုင်ငံကို မလာရောက်ခင် ၁ ပတ်အလိုကတည်းက လေယာဉ်လက်မှတ်တွေကို ကြိုတင် မှာ ယူထားဖို့ လိုအပ်ပါတယ်။ စင်ကာပူနိုင်ငံအတွင်း လည်ပတ်နေစဉ်ကာလမှာ COVID-19 ကူးစက်ခဲ့ရင်တော့ ဆေးကုသစရိတ်ကို ခရီးသွားကိုယ်တိုင်က အကုန်အကျ ခံရမှာဖြစ်တယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စင်ကာပူနိုင်ငံအနေနဲ့ ရောဂါကူးစက်မှု နိမ့်ကျနေတဲ့ နိုင်ငံက ခရီးသွားတွေနဲ့ ပတ်သက်ပြီး ပြည်ဝင်ခွင့်ကန့်သတ်ချက်ကို ပြန်လည် လျှော့ပေါ့ပေးနေပါတယ်။ အရင်ကတော့ သြစတြေးလျ၊ တရုတ်၊ မကာအို၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံက လာရောက်သူတွေကို Quarantine ကာလ ၂ ပတ်သတ်မှတ်ထားပေမယ့် အခုချိန်မှာတော့ ၁ ပတ်သာ သတ်မှတ်ထားပါတယ်။

အဆိုပါ နိုင်ငံတွေက လာရောက်တဲ့ ခရီးသွားတွေဟာ Quarantine ၁ ပတ် ဝင်ပြီးတဲ့နောက် COVID-19 စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။ သြစတြေးလျနိုင်ငံကို ပြည်ဝင်ခွင့်ပြုထားပေမယ့် ကူးစက်မှုနှုန်း မြင့်မားနေတဲ့ ဗစ်တိုးရီးယားပြည်နယ်က ခရီးသွားတွေကိုတော့ ပြည်ဝင်ခွင့် ကန့်သတ်ထားဆဲပါပဲ။

မလေးရှားနဲ့ တရုတ်နိုင်ငံရဲ့ ပြည်နယ်အချို့က ခရီးသွားတွေကို စင်ကာပူနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုထားခဲ့ပြီး စီးပွားရေးဆိုင်ရာ ခရီးသွားတွေကို ဝင်ရောက်ခွင့်ပြုဖို့ ဂျပန်နိုင်ငံနဲ့လည်း နှစ်ဦးနှစ်ဘက်သဘောတူညီမှု ရရှိထားပါတယ်။

နိုင်ငံတချို့ကို ကန့်သတ်ထားတဲ့ ခရီးသွားလာခွင့်တွေကို စင်ကာပူနိုင်ငံက ဖြေ လျှော့ပေးနေချိန်မှာပဲ စင်ကာပူ ပညာရေးဝန်ကြီးလည်း စင်ကာပူနိုင်ငံအနေနဲ့ COVID- 19 အန္တရာယ်ကို သတိထားနေရဆဲ ဖြစ်သလို နိုင်ငံအလိုက် ခရီးသွားလာခွင့်ပြုရာမှာလည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ ကူးစက်မှု အန္တရာယ်ကိုအခြေခံပြီး ပြန်လည် ဝင်ရောက်ခွင့်ပြုခဲ့တယ်လို့ ပြောပါတယ်။

Ref: thethaiger

You may also like these stories:

COVID-19 ကို ထိန်းချုပ်နိုင်ကြောင်း ဒေါ်နယ်ထရမ့် ပြောကြား

အမေရိကန်မှာ COVID-19 ကူးစက်ခံရတဲ့ ခွေး သေဆုံး

အမေရိကန်သံရုံးက ထိုင်းကို Mask များ လှူဒါန်း

]]>
ကိုဗစ်ကြောင့် နယူးဇီလန် ရွေးကောက်ပွဲ နောက်ဆုတ် https://burma.irrawaddy.com/lifestyle/coronavirus/2020/08/17/228142.html Mon, 17 Aug 2020 09:09:20 +0000 https://burma.irrawaddy.com/lytbox/?p=228142 နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern ရွေးကောက်ပွဲရက်စွဲ ပြောင်းလဲရတဲ့ ဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ်တဦးတည်းက ဆုံးဖြတ်ခဲ့တာမျိုး မဟုတ်ဘဲ တခြား နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ရခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။]]> နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern

နယူးဇီလန်နိုင်ငံမှာ COVID-19 ရောဂါကို ရက်ပေါင်း ၁၀၀ ကျော်ကြာတဲ့အထိ ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း ပြည်တွင်း ကူးစက်မှုတွေ ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က နယူးဇီလန်နိုင်ငံ၊ Auckland မြို့မှာ ပြည်တွင်းကူးစက်မှု အတည်ပြုခဲ့ပြီးနောက် သတိပေးချက် အဆင့် ၃ နဲ့ မြို့ ကို Lockdown ချထားခဲ့ပြီး နိုင်ငံရဲ့တချို့နေရာတွေကိုလည်း သတိပေးချက် အဆင့် ၂ နဲ့ Lockdown ချ လိုက်ပါတယ်။ Lockdown ကာလဟာ အနည်းဆုံး သြဂုတ်လ ၂၆ ရက်အထိ ကြာမြင့်မယ်လို့ သိရပါ တယ်။

ပြည်တွင်း ကူးစက်မှုတွေ ပြန်လည် တွေ့ရှိနေရတဲ့အတွက်ကြောင့်လည်း နယူးဇီလန်ဝန်ကြီးချုပ်ဖြစ်သူ ဂျက်ဆင်ဒါအာဒန်းက ရွေးကောက်ပွဲကို ရက်သတ္တပတ် ၄ ပတ်အထိ နောက်ဆုတ်သွားမယ်လို့ ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။

မူလကတော့ နယူးဇီလန် ရွေးကောက်ပွဲကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ဝန်ကြီးချုပ်ရဲ့ကြေညာချက်အရ အောက်တိုဘာ ၁၇ ရက်နေ့မှသာ ရွေးကောက်ပွဲကို ကျင်းပနိုင်ပါတော့မယ်။ နယူးဇီလန် နိုင်ငံရေးပါတီတွေ အနေနဲ့ Lockdown မချခင် သြဂုတ်လ ၆ ရက်နေ့ကတည်းက မဲဆွယ်စည်းရုံးပွဲတွေကို ဆောင်ရွက်ခဲ့ကြပါသေးတယ်။

ဒါပေမဲ့လည်း ဒီကနေ့မှာ ထုတ်လွှင့်တဲ့ မီဒီယာကွန်ဖရင့် တိုက်ရိုက် အစီအစဉ်မှာ နယူးဇီလန်ဝန်ကြီးချုပ်က Auckland မှာ COVID-19 ပြန်လည် ကူးစက်နေတဲ့အတွက်ကြောင့် တရားဝင် မဲဆွယ်စည်းရုံးရေး ကာလအစဟာ စိုးရိမ်စရာ အခြေအနေမှာရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲရက်စွဲ ပြောင်းလဲရတဲ့ ဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ်တဦးတည်းက ဆုံးဖြတ်ခဲ့တာမျိုး မဟုတ်ဘဲ တခြား နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ရခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

တဆက်တည်းမှာပဲ သူက အရေးအကြီးဆုံးကတော့ မဲဆန္ဒရှင်တွေနဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ အကျိုးစီးပွားအတွက်ပဲ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ နောက်ဆုတ်လိုက်ရတဲ့ ဆုံးဖြတ်ချက်ဟာ နယူးဇီလန်နိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေး အကျိုးစီးပွားက တတ်နိုင်သမျှ ကင်းလွတ်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံအနေနဲ့ ရွေးကောက်ပွဲကို နောက်ထပ် ရက်ထပ်မံရွှေ့ဆိုင်းစရာ အကြောင်း မရှိတော့ဘူးလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ COVID-19 တကျော့ပြန် ကူးစက်လာပြီးနောက်ပိုင်း အစိုးရအနေနဲ့ ပြည်သူတွေရဲ့ဘဝ ပုံမှန်အခြေအနေအတိုင်း ရောက်ရှိအောင် ကြိုးစား ဆောင်ရွက်နေပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့လည်း Lockdown သတိပေးချက် အဆင့် ၂ အတိုင်း ရွေးကောက်ပွဲကိုကျင်းပနိုင်ဖို့ အမြဲတမ်း ပြင်ဆင်ထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ Alicia Wright က ပြောပါတယ်။

Ref: CNN

You may also like these stories:

ကိုဗစ်ကာလ ဂျပန်မှာ ခေတ်စားလာတဲ့ ခရီးသွားပုံစံသစ် online tour

နိုင်ငံတကာခရီးသွား ဝင်ရောက်ခွင့်ပြုမယ့် အစီအစဉ် အင်ဒိုနီးရှား ပြန်သုံးသပ်

အာဂျင်တီးနားမှာ ကိုဗစ် တကျော့ပြန် ကူးစက်မှုကြောင့် သေဆုံးသူ မြင့်တက်

]]>
နယူးဇီလန်မှာ COVID-19 ရောဂါ ကင်းရှင်းသွားပြီ https://burma.irrawaddy.com/lifestyle/trend/2020/06/09/224283.html Tue, 09 Jun 2020 05:23:55 +0000 https://burma.irrawaddy.com/lytbox/?p=224283 နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardernရောဂါကူးစက်မှုကို ဆက်ပြီး ထိန်းချုပ်နိုင်ဖို့ နယူးဇီလန် နိုင်ငံသားတွေကလွဲပြီး ပြည်ဝင်ခွင့်ပြုဦးမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ]]> နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern

နယူးဇီလန်နိုင်ငံမှာ COVID-19 ရောဂါ ကင်းရှင်းသွားပြီလို့ နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern က ဇွန်လ ၈ ရက်နေ့၊ တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

နယူးဇီလန် ကျန်းမာရေးညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Ashley Bloomfield ကလည်း နိုင်ငံတွင်းမှာ COVID-19 လုံးဝ ကင်းစင်သွားပြီဖြစ်ကြောင်း ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အခုမှတ်တိုင်ဟာ ထင်ရှားတဲ့ မှတ်တိုင်တခုဖြစ်ကြောင်း ကျန်းမာရေးညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ပါတယ်။

ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်တဲ့အတွက် နိုင်ငံတွင်း ကန့်သတ်ချက်တွေအားလုံးကို ဒီနေ့ ဇွန်လ ၉ ရက်နေ့မှာ ရုတ်သိမ်းပေးပါလိမ့်မယ်။ စာသင်ကျောင်းတွေနဲ့ အလုပ်ရုံတွေကို အဆင့် ၁ အဖြစ်သတ်မှတ်ပြီး ပြန်လည် ဖွင့်လှစ်သွားမှာဖြစ်သလို ပြည်တွင်း ခရီးသွားတွေအနေနဲ့ ကန့်သတ်ချက် တစုံတရာ မရှိဘဲ သွားလာနိုင်ပါတော့မယ်။

ရောဂါကူးစက်မှုကို ဆက်ပြီး ထိန်းချုပ်နိုင်ဖို့ နယူးဇီလန် နိုင်ငံသားတွေကလွဲပြီး ပြည်ဝင်ခွင့်ပြုဦးမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ပြည်ပကပြန်လာတဲ့ နိုင်ငံသားတွေအနေနဲ့လည်း ၁၄ ရက် Quarantine ဝင်ရမှာဖြစ်ပြီး တတ်နိုင်သမျှ ခပ်ခွာခွာနေကြဖို့ ဝန်ကြီးချုပ်က ညွှန်ကြားထားပါ တယ်။

နယူးဇီလန်မှာ ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး COVID-19 ကူးစက်ခဲ့ပေမယ့် အခုအချိန်မှာတော့ ရောဂါကူးစက်သူ လုံးဝ မတွေ့ရှိခဲ့တာ ၁၇ ရက် ရှိပါပြီ။ နယူးဇီလန်နိုင်ငံအနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း အသွားအလာ ကန့်သတ်မှုတွေကို အဆင့် ၄ ဆင့်ခွဲပြီး ဖြေလျှော့သွားမှာဖြစ်ပေမယ့် နယ်စပ်ဂိတ်နဲ့ နိုင်ငံတကာလေဆိပ်တွေကို ဆက်ပိတ်ထားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေကို ပြန်လည် စတင်နိုင်ပြီးနောက် ဈေးဝယ်စင်တာ၊ စားသောက်ဆိုင်နဲ့ စာသင်ကျောင်းတွေကို ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံမှာ လူပေါင်း ၅ သန်းကျော် နေထိုင်နေပြီး ကိုဗစ်ကာလအတွင်း ၁,၅၀၄ ယောက် ရောဂါ ကူးစက်ခံခဲ့ရပြီး၂၂ ယောက် သေဆုံးခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ရောဂါကူးစက်ပြီး ၁ လ အကြာမှာ နယူးဇီလန်နိုင်ငံလည်း ရောဂါ ကူးစက်ခဲ့ပါတယ်။ မတ်လ ၁၄ ရက်နေ့မှာတော့ ရောဂါကူးစက်သူ ၆ ဦးအထိ ရှိလာခဲ့ပြီး မတ်လ ၂၀ ရက်နေ့မှာတော့ နိုင်ငံခြားသား ဝင်ရောက်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

အခုလို COVID-19 ရောဂါ ကင်းရှင်းသွားပြီဆိုတဲ့ သတင်းဟာ အလွန် စိတ်လှုပ်ရှားစရာကောင်းတဲ့ အကြောင်း ဝန်ကြီးချုပ်က Facebook Live ကနေ ပြောကြားသွားခဲ့ပါတယ်။

Ref: CNN

You may also like these stories:

၂၀၂၀ ခုနှစ် အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် သတ်မှတ်ခံရတဲ့ နယူးဇီလန် လေကြောင်းလိုင်း

နယူးဇီလန် လွှတ်တော် ဆွေးနွေးပွဲအတွင်း ကလေး ထိန်းပေးခဲ့တဲ့ လွှတ်တော် ဥက္ကဋ္ဌ

]]>
ကူးစက်မှုအသစ်မရှိလို့ ကန့်သတ်ချက်တွေ ဖြေလျှော့မယ့် နယူးဇီလန် https://burma.irrawaddy.com/lifestyle/trend/2020/06/07/224167.html Sun, 07 Jun 2020 08:35:21 +0000 https://burma.irrawaddy.com/lytbox/?p=224167 ကန့်သတ်ချက်တွေထားရှိခဲ့ပြီး ၂ လအကြာမှာ ပြန်ဖြေလျှော့ပေးမှာပါအခုဆိုရင် နယူးဇီလန်နိုင်ငံ မှာ COVID-19 ပိုးမတွေ့တာ ၁၂ ရက်ရှိသွားပြီဖြစ်ပြီး ဆေးရုံမှာ ကုသနေသူ တဦးပဲ ကျန်ရှိပါတော့တယ်။]]> ကန့်သတ်ချက်တွေထားရှိခဲ့ပြီး ၂ လအကြာမှာ ပြန်ဖြေလျှော့ပေးမှာပါ

နယူးဇီလန်ဝန်ကြီးချုပ် ဂျာဇင်ဒါ အာဒန်းက လာမယ့်အပတ်ကစလို့ နိုင်ငံအတွင်းမှာ အရင်လိုပုံမှန်အခြေအနေ ပြန်ဖြစ်တော့မယ်လို့ ဆိုလိုက်ပါတယ်။ ကန့်သတ်ထားတဲ့ Social distancing တွေအပြင် နိုင်ငံတကာနဲ့ အဆက် အသွယ်တွေကိုပါ ဖြေလျော့ပေးဖို့ စဉ်းစားနေပါတယ်။

နယူးဇီလန်ဟာ စီးပွားရေးလုပ်ငန်းတော်တော်များများကို ပိတ်ပင်ထားလိုက်ပြီး၊ လူတွေကိုလည်း အိမ်မှာပဲ နေ ကြဖို့ အဆင့် ၄ ဆင့်နဲ့ ကန့်သတ်ချက်တွေထားရှိခဲ့ပြီး ၂ လအကြာမှာ ပထမအဆင့်ကို ပြန်လည်ဖြေလျှော့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အာဒန်းက ဆိုပါတယ်။

စတင်ဖြေလျှော့လိုက်တာနဲ့ ဘားတွေ၊ စားသောက်ဆိုင်တွေမှာ လူစုလူဝေးထိုင်ရင် ကူးစက်မှုရှိ၊မရှိသိရအောင် စောင့်ကြည့်နေမယ်လို့ ဆိုပါတယ်။ “တကယ်လို့ ကူးစက်မှုတွေ တိုးမလာခဲ့ရင် ကျမတို့ ရှေ့ဆက်ဖို့ အကောင်းဆုံး အနေထားရှိနေတာပေါ့” လို့ အာဒန်းက ဆိုပါတယ်။

ပထမအဆင့် ပြန်လည်ဖြေလျှော့ ပေးလိုက်ရင် ဘားဆိုင်၊ ကလပ်၊ ဘုရှားရှိခိုးကျောင်းတွေ၊ အားကစားရုံ တွေမှာ လူတွေတယောက်နဲ့တယောက် အကွာအဝေးခြားနေစရာမလိုသလို လူအရေအတွက် ကန့်သတ်ထားတာမျိုး လည်း မရှိတော့ပါဘူး။

ပြန်ဖြေလျှော့ ပေးလိုက်ပေမယ့် ကပ်ရောဂါအလွန် ပုံမှန်အခြေအနေမှာ ပြောင်းလဲသွားတာကတော့ နယူးဇီလန် ရဲ့ နယ်စပ်ဝင်ပေါက်တွေကို ချက်ချင်းပြန်ဖွင့်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။ အခုဆိုရင် နယူးဇီလန်နိုင်ငံ မှာ COVID-19 ပိုးမတွေ့တာ ၁၂ ရက်ရှိသွားပြီဖြစ်ပြီး ဆေးရုံမှာ ကုသနေသူ တဦးပဲ ကျန်ရှိပါတော့တယ်။

ပထမအဆင့် ပြန်လည်ဖြေလျော့ပေးလိုက်ချိန်မှာ ပြည်သူတွေရဲ့ ကျန်းမာရေးကို အဓိကထားဆောင်ရွက်သွား မှာဖြစ်ပြီး ပြည်သူတွေတယောက်ချင်းစီကလည်း ပုံမှန်လက်သန့်စင်ရေး၊ တုပ်ကွေးရောဂါရှိသူနဲ့ ထိစပ်မိထားရင် ကိုယ်တိုင် သီးခြား ခွဲထွက်နေရေးစတဲ့ တကိုယ်ရည်သန့်ရှင်းရေးအချက်တွေကို လိုက်နာဖို့လိုတယ်လို့ ဆိုပါတယ်။

အစိုးရဘက်ကလည်း ဖျော်ဖြေးပွဲစီစဉ်သူတွေနဲ့ ချိတ်ဆက်ပြီး COVID code ဆိုတဲ့ ရောဂါကူးစက်မှု ခြေရာခံတဲ့ စနစ်တွေကိုပါ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ နယူးဇီလန်နိုင်ငံဟာ အခုလို ကန့်သတ်မှုတွေကို မြန်မြန်ဆန်ဆန် ဖြေလျှော့ လာနိုင်တာဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ ပြင်းထန်တင်းကျပ်တဲ့Lockdown အစီအစဉ်တွေကို ချမှတ် ဆောင်ရွက်ခဲ့တာကြောင့်ဖြစ်ပြီး COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁,၅၀၄ ဦးရှိကာ သေဆုံးသူ ၂၂ ဦး ရှိခဲ့ပါတယ်။

Ref: Channel News Asia

]]>
Lockdown ကာလအတွင်း နယူးဇီလန်မှာ ကားအစီး ၁၀၀ နီးပါး အခိုးခံခဲ့ရ https://burma.irrawaddy.com/lifestyle/trend/2020/05/08/222196.html Fri, 08 May 2020 08:20:07 +0000 https://burma.irrawaddy.com/lytbox/?p=222196 ဂျူစီကားအငှား ဝန်ဆောင်မှု ကုမ္ပဏီကတော့ သူတို့ကုမ္ပဏီက ကားတွေ အခိုးခံနေရတာကို ရိပ်တောင် မရိပ်မိခဲ့ကြပါဘူး။ရဲဌာနရဲ့ပြောကြားချက်အရ ကားသူခိုးတွေဟာ အကြိမ်ကြိမ် လာရောက်ခဲ့ကြပြီး ကားများစွာကို ခိုးယူသွားခဲ့ကြတယ်လို့ သိရပါတယ်။ ]]> ဂျူစီကားအငှား ဝန်ဆောင်မှု ကုမ္ပဏီကတော့ သူတို့ကုမ္ပဏီက ကားတွေ အခိုးခံနေရတာကို ရိပ်တောင် မရိပ်မိခဲ့ကြပါဘူး။

နယူးဇီလန်နိုင်ငံရဲ့ Lockdown ကာလအတွင်းမှာ ကားအများအပြား ခိုးယူခံခဲ့ရပါတယ်။ ကားသူခိုး တွေဟာ ကားငှားရမ်းပေးတဲ့ ကုမ္ပဏီတွေရဲ့ ဂိတ်တံခါးတွေကို ချိုးဖျက်ဝင်ရောက်ပြီး ကားအစီးပေါင်း ၉၇ စီး ခိုးယူသွားခဲ့ပါတယ်။

Lockdown ကာလဟာ လူသူတိတ်ဆိတ်နေတဲ့အတွက် ကားသူခိုးတွေအတွက် အခွင့်အရေးကောင်းကောင်း ရခဲ့ပါတယ်။ ကားသူခိုးတွေဟာ နယူးဇီလန်မြောက်ပိုင်းမှာရှိ တဲ့ Auckland မြို့က ဂျူစီကားအငှားဝန်ဆောင်မှု ခြံစည်းရိုးတွေကို ချိုးဖျက်ဝင်ရောက်ပြီး ပင်မဂိတ်ကနေ ကားတစီးပြီး တစီး ခိုးယူ မောင်းနှင်သွားခဲ့ကြပါတယ်။

ရဲဌာနရဲ့ပြောကြားချက်အရ ကားသူခိုးတွေဟာ အကြိမ်ကြိမ် လာရောက်ခဲ့ကြပြီး ကားများစွာကို ခိုးယူသွားခဲ့ကြတယ်လို့ သိရပါတယ်။ Lockdown ချထားတဲ့ကာလ ဖြစ်တဲ့အတွက်ကြောင့်လည်း Auckland မြို့ရဲ့လမ်းတွေဟာ လူသူကင်းရှင်းနေခဲ့ပါတယ်။

အခုဖြစ်ရပ်ဟာ အရှိုက်ကို အကန်ခံလိုက်ရတဲ့ ပုံစံမျိုးပဲလို့ ဂျူစီ ကားအငှားဝန်ဆောင်မှုရဲ့အကြီးအကဲဖြစ်သူ Tom Ruddenklau က ပြောပါတယ်။ ကားအများစုဟာ သော့ခတ်ထားတာမျိုး မရှိဘဲ သော့တန်းလန်းနဲ့ ထားထားတဲ့ဖြစ်တဲ့အတွက် အခုလိုအများအပြား ခိုးယူခံရခြင်းဖြစ်ကြောင်း Manukau ခရိုင်ရဲတပ်ဖွဲ့ က ရဲအုပ် Matt Srhoj က ပြောပါတယ်။

Lockdown အဆင့်ကို နံပါတ် ၄ အထိ သတ်မှတ်ထားတဲ့အချိန်မှာ အငှားကားကုမ္ပဏီက ကားတွေကို လမ်းမတွေပေါ်မှာ တွေ့လာရလို့ သင်္ကာမကင်း ဖြစ်ရာကနေ ဆက်လက် စုံစမ်းမှုတွေ လုပ်တဲ့အခါမှသာ ခိုးလာတဲ့ကားတွေ ဖြစ်ကြောင်း သိခဲ့ရတယ်လို့ ရဲအုက် Matt Srhoj က ပြောပါတယ်။

ဂျူစီကားအငှား ဝန်ဆောင်မှု ကုမ္ပဏီကတော့ သူတို့ကုမ္ပဏီက ကားတွေ အခိုးခံနေရတာကို ရိပ်တောင် မရိပ်မိခဲ့ကြပါဘူး။ ရဲတပ်ဖွဲ့ကဆက်သွယ်လာတော့မှသာ ကုမ္ပဏီကကားတွေ ခိုးယူခံခဲ့ရတာကို သိရှိခဲ့ပါတယ်။

သာမန်အချိန်မျိုးမှာတောင် ကားခိုးတယ်ဆိုတာက ဆိုးရွားတဲ့ကိစ် စတခုပါ။ အခုလို တနိုင်ငံလုံး COVID- 19 ကြောင့် အခက်အခဲဖြစ်နေချိန်မျိုးမှာ ခိုးယူခဲ့တယ်ဆိုတာကတော့ ပိုပြီးဆိုးရွားလွန်းပါတယ်။ ဒီကိစ္စဟာ စိတ်မကောင်းရာ ကိစ္စတခု ဖြစ်သလို သူ့သက်တမ်းတလျှောက်မှာ အကြီးမားဆုံးကားခိုးမှုပဲလို့ ရဲအုပ် Matt က ပြောပါတယ်။

ခိုးယူခံခဲ့ရတဲ့ကားတွေကို ခြေရာခံလိုက်ရာမှာတော့ ကား ၈၅ စီး ပြန်လည်ရရှိခဲ့ပြီး ကားသူခိုး ၂၉ ယောက်ကို ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိသူတွေဟာ ဒေသတွင်း လူဆိုးဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိနေသူတွေ ဖြစ်ကြပြီး ကားခိုးယူဖို့အတွက် သေချာစီစဉ်ပြီး ပြင်ဆင်ထားတာမျိုး မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါ တယ်။

ခိုးယူခံခဲ့ရတဲ့ ကား ၉၇ အနက် ၈၅ စီးကိုပြန်လည်ရရှိခဲ့အတွက် ပျောက်ဆုံးနေတဲ့ နောက်ထပ် ကား ၁၂ စီးကို ပြန်မရနိုင်စရာ အကြောင်းမရှိဘူးလို့ ရဲအုပ် Matt က ပြောပါတယ်။

Ref: BBC, foxnews

You may also like these stories:

အမေရိကန်မှာ COVID-19 ကူးစက်မှု မရှိသေးတဲ့ တခုတည်းသော နေရာ

အမေရိကနဲ့ ဥရောပထက် အာရှနိုင်ငံတွေမှာ COVID-19 ကူးစက်မှု နှေးကွေး

အမေရိကနဲ့ ဥရောပထက် အာရှနိုင်ငံတွေမှာ COVID-19 ကူးစက်မှု နှေးကွေး

]]>
နယူးဇီလန်မှာ ပထမဆုံးအကြိမ် COVID-19 ထပ်တိုးလူနာ မတွေ့ရှိ https://burma.irrawaddy.com/lifestyle/trend/2020/05/06/222075.html Wed, 06 May 2020 05:54:18 +0000 https://burma.irrawaddy.com/lytbox/?p=222075 နယူးဇီလန် ကျန်းမာရေးဌာနက အကြီးအကဲ Ashely Bloomfieldနယူးဇီလန်မှာ ပထမဆုံးအကြိမ်အဖြစ် Lockdown နောက်ပိုင်း ထပ်တိုး ပိုးတွေ့လူနာ မရှိခဲ့တဲ့ ပထမဆုံးနေ့ပါ။ ဒီရလဒ်အတိုင်း ဆက်ဖြစ်အောင် ကြိုးစားရမယ်လို့ ဆိုပါတယ်။]]> နယူးဇီလန် ကျန်းမာရေးဌာနက အကြီးအကဲ Ashely Bloomfield

နယူးဇီလန်နိုင်ငံမှာ မတ်လလယ်ကစလို့ ရုံးတွေ၊ စက်ရုံအလုပ်ရုံတွေကို ၁ လကျော်ကြာ ပိတ်ပင်လိုက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ရောဂါကူးစက်မှု မရှိခဲ့တဲ့နေ့ကို ရောက်ခဲ့ပါတယ်။ မတ်လ ၁၆ ရက်နောက်ပိုင်း ကန့်သတ်ချက်တွေနဲ့ Lockdown လုပ်ခဲ့အပြီးမှာ ကူးစက်မှု မရှိတဲ့နေ့အဖြစ် အဆုံးသတ်နိုင်ခဲ့ပါတယ်။

ရောဂါကူးစက်မှုကြောင့် သေဆုံးခဲ့တဲ့ လူနာ ၂၀ ယောက်က လွဲလို့ နောက်ထပ် သေဆုံးသူ မရှိသေးသလို ကူးစက်မှုလည်း ပထမဆုံးအကြိမ်အဖြစ် ထပ်တိုး မရှိခဲ့ဘူးလို့ ကျန်းမာရေးဌာနက အကြီးအကဲ Ashely Bloomfield က မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။ ဒါဟာ လူတိုင်းက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာတဲ့ အကျိုးရလဒ်ပဲလို့ Bloomfield က ဆိုပါတယ်။

နယူးဇီလန်မှာ ပထမဆုံးအကြိမ်အဖြစ် Lockdown နောက်ပိုင်း ထပ်တိုး ပိုးတွေ့လူနာ မရှိခဲ့တဲ့ ပထမဆုံးနေ့ပါ။ ဒီရလဒ်အတိုင်း ဆက်ဖြစ်အောင် ကြိုးစားရမယ်လို့ ဆိုပါတယ်။

နယူးဇီလန်နိုင်ငံဟာ အများပြည်သူအပန်းဖြေနေရာ၊ ရုံး၊ ကျောင်းနဲ့ စက်ရုံအလုပ်ရုံတွေ၊ စူပါမားကတ်တွေနဲ့ ဈေးဝယ်စင်တာတွေကို COVID-19 ကာကွယ်ရေးအတွက် မတ်လလယ်ကစလို့ Lockdown လုပ်ပြီး တလအကြာမှာ ပိတ်ပင်ခဲ့တာတွေကို ရုပ်သိမ်းလာပါပြီ။

ဒါပေမဲ့လည်း ကန့်သတ်မှုတချို့ ရှိနေဆဲမို့ သန်းနဲ့ချီတဲ့ နယူးဇီလန်နိုင်ငံသားတွေကတော့ အိမ်ကနေ အလုပ် လုပ်နေရကြသလို၊ ကျောင်းသားတွေလည်း အွန်လိုင်းကတဆင့် သင်ခန်းစာတွေ လေ့လာနေကြပါတယ်။ တချို့ စီးပွားရေးလုပ်ငန်းတွေကိုတော့ ပြန်လည် လုပ်ကိုင်ခွင့် ပြုထားပါပြီ။

Bloomfield က ပြည်သူတွေအနေနဲ့ COVID-19 ကူးစက်မှု လုံးဝ မကင်းစင်သေးသရွေ့ သတ်မှတ်ထားတဲ့ Social distancing အတိုင်း နေထိုင်ရမယ်လို့ ဆိုပါတယ်။ နယူးဇီလန်နိုင်ငံမှာ COVID-19 ကူးစက်ခံထားရသူစုစုပေါင်း ၁,၄၈၈ ယောက် ရှိပါပြီ။ သေဆုံးသူအရေအတွက်ကလည်း မေလ ၆ ရက်နောက်ဆုံးထုတ်ပြန်ချက်အရ ၁ ယောက်ထပ်တိုးလာပြီး ၂၁ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

တကယ့်စမ်းသပ်မှုက နောက်အပတ်တွေမှာ ရှိလာနိုင်ပါတယ်။ ကူးစက်ခံရနိုင်သူတွေမှာ COVID-19 ရောဂါပိုး ကိုယ်ထဲဝင်ရောက်ပြီး ရောဂါလက္ခဏာပြဖို့ ပုံမှန် ၅ ရက်၊ ၆ ကြာတာမို့ ထပ်တိုးလူနာတွေ တွေ့လာနိုင်သေးတယ်လို့ Bloomfield က သတိပေးပြောဆိုလိုက်ပါတယ်။

Ref: Gulf News

You may also like these stories:

ထိုင်းမှာ Lockdown ကာလအတွင်း သေကြောင်းကြံစည်မှု များလာ

ဂျာမနီရှိ ဆိုင်များအားလုံး ပြန်ဖွင့်တော့မည်

မလေးရှားရှိ ရွှေ့ပြောင်းလုပ်သား အားလုံး COVID-19 စစ်ဆေးမည်

]]>
ဆီးဂိမ်း ကျင်းပနေစဉ် အင်ဒိုနီးရှားကစားသမားတွေကို ဝက်သား မှားကျွေးမိတဲ့ ဖိလစ်ပိုင်နိုင်ငံ https://burma.irrawaddy.com/lifestyle/trend/2019/11/28/209374.html Thu, 28 Nov 2019 08:00:46 +0000 https://burma.irrawaddy.com/lytbox/?p=209374 ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၉ ဆီးဂိမ်း အားကစားပြိုင်ပွဲဝက်သားစားသုံးခြင်းကို အစ္စလာမ်ဘာသာဝင် နိုင်ငံတွေမှာ တားမြစ်ထားတာကြောင့် အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်းစတဲ့ နိုင်ငံတွေက ပြိုင်ပွဲဝင်တွေမှာ အခက်အခဲ ရှိနေတာလည်း ဖြစ်ပါတယ်]]> ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၉ ဆီးဂိမ်း အားကစားပြိုင်ပွဲ

အခုလက်ရှိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ SEA Games ပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း အစ္စလာမ်ဘာသာဝင်တွေ အများစုပါဝင်တဲ့ အင်ဒိုနီးရှား ဘောလုံးအသင်းသားတွေက ဝက်သားကို မှားယွင်းပြီး စားမိခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖြစ်ခဲ့တဲ့အတွက် ရှုတ်ချမှုတွေဖြစ်နေပြီး ကျန်တဲ့ အသားများကလည်း Halal ဖြစ်၊ မဖြစ် မသိရတာကြောင့် ပြဿနာတွေ ပေါ်ထွက်နေပါတယ်။

“အခုအချိန်အထိကို ကျနော်တို့ စားနေတဲ့ အစားအသောက်တွေက Halal ဖြစ်၊ မဖြစ် မသိရသေးဘူး။ နောက်ရက်တွေတော့ မျှော်လင့်ရတာပဲ”လို့ အင်ဒိုနီးရှား အမျိုးသား ဘောလုံးအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဝက်သားစားသုံးခြင်းကို အစ္စလာမ်ဘာသာဝင် နိုင်ငံတွေမှာ တားမြစ်ထားတာကြောင့် အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်းစတဲ့ နိုင်ငံတွေက ပြိုင်ပွဲဝင်တွေမှာ အခက်အခဲ ရှိနေတာလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ ပြုလုပ်နေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games မှာ လာရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံတိုင်းနီးပါး အခက်အခဲတွေ ကြုံတွေ့နေရပြီး ထိုင်းနိုင်ငံ ဘောလုံးအသင်းရဲ့ လက်ထောက်နည်းပြ Sawin Jaraspetcharanan ကလည်း အစားအစာနဲ့ ရေမလုံလောက်မှုတွေ ရှိတယ်လို့ ပြစ်တင်ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံက အားကစားသမားတွေလည်း အစားအစာနဲ့ ရေမလုံလောက်တဲ့ အလားတူပြဿနာတွေကို ကြုံတွေ့နေရပြီး ဖိလစ်ပိုင်နိုင်ငံကို စတင်ရောက်ရှိချိန်မှာ မြန်မာကစားသမားတွေကို ကြိုဆိုချိန်ကစလို့ ပြဿနာတွေ အများကြီးရှိနေတာလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ ပြုလုပ်တဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games ဟာ ဝေဖန်မှုတွေကို ခံနေရတယ်လို့ သိရပါတယ်။

Ref; mb.com

You may also like these stories:

မြန်မာဘောလုံး အသင်း ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းနေ

မန်ယူကစားသမားဟောင်း ဖာဒီနန်၊ လမ်းပေါ် ဘောလုံးကစားသူတွေရဲ့ ကျွမ်းကျင်မှုကို ချီးကျူး

 

]]>