ဧရာဝတီ၊ မေ ၈၊ ၂၀၁၉
ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့သည့် မွတ်စလင် ဒုက္ခသည်များသည် ၎င်းတို့ နေထိုင်ခဲ့သည့် နေရာများသို့ ပြန်လည် ဝင်ရောက်လိုသော်လည်း အကြမ်းဖက် အဖွဲ့အစည်းများကို စိုးရိမ်နေရခြင်း၊ ခြိမ်းခြောက်ခံရခြင်းများ ရှိနေသဖြင့် နေရပ်သို့ မပြန်ရဲဘဲ ဖြစ်နေရသည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ရိုက်ကူး- ထက်နိုင်ဇော်