ဧရာဝတီ၊ ၄ စက်တင်ဘာ၊ ၂၀၁၉
မြောက်ပိုင်းမဟာမိတ်အဖွဲ့က စက်တင်ဘာလ ၃ ရက် ည ကွတ်ခိုင် မှုဆယ်လမ်းပေါ် နမ့်ကွတ်ရွာအနီးမှာ ကား ၁၀ စီးကို မီးရှိုးခဲ့ပါတယ်။
ကား ၁၀ စီးထဲက ကုန်တင်ကား ၄ စီးနဲ့ ကားငယ် ၃ စီး စုစုပေါင်း ၇ စီးဟာ မီးးလောင်ပြာကျခဲ့ပြီး ၃ စီးမှာ မီးထဲက ပြန်လှည့်သွားနိုင်ခဲ့ပါတယ်။
မီးမရှို့ခင်မှာ ကားသမားတွေရဲ့ ကားသော့၊ ဖုန်းတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့က သိမ်းယူလိုက်တယ်လို့ သိရပါတယ်။
ကားသမားအပါအဝင် ယာဉ်နောက်လိုက် ၁၆ ဦးကိုတော့ ကွတ်ခိုင်မြို့ရှိ ဗြဟ္မစိုရ် နှလုံးသား လူမှုကူညီရေးအသင်းက သွားရောက်ကယ်ခဲ့ပြီး နေရပ်ကို ပို့ဆောင်လိုက်ပါတယ်။
Video/photo – Sai Kyaw Hiaing FB