၂၀၂၀ အထွေထွေရွေးကောက်ပွဲ နီးလာတာကြောင့် တံဆိပ်ရိုက်လုပ်ငန်း ဈေးကွက်ဟာ ပြန်ပြီး အဆင်ပြေလာတယ်လို့ လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
ကိုဗစ်ကာလ ၃ လလောက် အလုပ်ရပ်နားထားတာကနေ လက်ရှိမှာ နိုင်ငံရေးပါတီ တံဆိပ်တွေပါတဲ့ အလံ၊ တီရှပ်အင်္ကျီ၊ ဦးထုပ်၊ ထီး စတာတွေကို တံဆိပ်ရိုက်ဖို့ အော်ဒါမှာသူတွေလည်း များလာသလို လာရောက်ဝယ်ယူသူတွေလည်း များလာတယ်လို့ ဆိုပါတယ်။
ပါတီတံဆိပ်ရိုက်တဲ့ တီရှပ်တွေဟာ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ဝယ်ယူရတာဖြစ်ပြီး ကိုဗစ်ကာလမှာ ကုန်ပစ္စည်းဝင်ရောက်မှု ပြတ်လပ်နေတာကြောင့် တီရှပ် ဈေးနှုန်းတက်သွားတယ်လို့ ZAN တံဆိပ်ရိုက်လုပ်ငန်းက ကိုထက်ခိုင်စိုးက ပြောပါတယ်။
တံဆိပ်ရိုက်လုပ်ငန်းတွေဟာ လုပ်ငန်းပြန်လည်ပတ်လာနိုင်ပေမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အခြေအနေနဲ့ နှိုင်းယှဉ်ပါက လက်ရှိမှာ ၃ ပုံ ၁ ပုံ လောက်ပဲ ရောင်းချရသေးတယ်လို့ တက်လမ်းတံဆိပ်ရိုက်လုပ်ငန်း ပိုင်ရှင် ဒေါ်ဘေဘီက ပြောပါတယ်။
ရိုက်ကူး/ တည်းဖြတ် – ဇင်မိုးဝါ