တကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်ကပ်ရောဂါဂယက်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ထဲက တောင်ယာတွေကို မှီခိုအလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်း တောင်ယာလုပ်သားတွေကိုလည်း ထိခိုက်ခဲ့ပါတယ်။
ကိုဗစ်ကူးစက်မှု မဖြစ်အောင်တားစီးထားတဲ့ စီမံချက်တွေကြောင့် တောင်ယာတွေထဲမှာ အလုပ်လုပ်ကြရတဲ့ မြန်မာလုပ်သားတွေဟာ အလုပ်လက်မဲ့တွေဖြစ်ကုန်ကြပြီး စားဝတ်နေရေး အကြပ်အတည်းတွေရင်ဆိုင်နေကြရသလို ကလေးတွေရဲ့ ပညာရေးတွေပါ နှောင့်နှေးမှုတွေ ဖြစ်နေကြရပါတယ်။
အင်တာဗျူး – ကျော်ခ
ရိုက်ကူး – အောင်အောင်
တည်းဖြတ် – ငြိမ်းဇော်
#IRWLaborRights